spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီပြည်နယ်မှာ အစေ့ထုတ်ပြောင်းတင်ပို့မှု ထက်ဝက်ကျဆင်း

ကန္တာရဝတီတိုင်း(မ်)

ပြောင်းဖူးဟာ ကရင်နီပြည်နယ်ရဲ့ အဓိက ဝင်ငွေရ စိုက်ပျိုးသီးနှံထဲက တစ်မျိုးဖြစ်ပြီး နှစ်စဉ် ဧက တစ်သိန်းနှစ်သောင်းလောက်က ပြောင်းဖူးစိုက်ပျိုးနေကြပါတယ်။

နှစ်စဉ်တန်ချိန်တစ်သိန်းခွဲခန့် တင်ပို့နိုင်ခဲ့ပေမယ့် ယခုနှစ်မှာတော့ ၈သောင်းကျော်သာ တင်ပို့နိုင်ခဲ့တယ်လို့ ပြောင်းဖူးကုန်သည်တစ်ဦးက ပြောပြပါတယ်။

“ လျော့သွားတာက ပြောင်းဖူးစိုက်တဲ့ ကာလမှာက ဒီစစ်ဖြစ်တာလည်းပါတယ်။ နောက်တစ်ချက်က မျိုးစျေးတွေ တအားတက်တယ်။ ခါတိုင်းက သုံးသောင်းတန်မျိုးစျေးတွေက ၅သောင်းကျော်အထိဖြစ်တယ်ပေါ့နော။ မြေဩဇာလည်း သုံးသောင်းတန် မြေဩဇာက ၅သောင်း ၆သောင်းအထိဖြစ်တယ်ပေါ့နော။ အဲ့အချိန်တုန်းက ပေါ့နော။“လို့ ပြောင်းဖူးကုန်သည်တစ်ဦးက ပြောပြပါတယ်။

ဒေါ်လာစျေးနှုန်းတွေနဲ့ တိုက်ရိုက်ဆက်နွယ်နေတဲ့ ပြောင်းဖူးစျေးနှုန်းဟာ ဒေါ်လာစျေးအမြင့်ဆုံး ရောက်တဲ့အချိန်မှာ ပြောင်းဖူးစျေးလည်း တစ်ပိဿာ၆၄၀အထိ မြင့်ခဲ့ပါတယ်။

ပြောင်းဖူးစျေးနှုန်းတွေမြင့်တက်နေသလို့ ပြောင်ဖူးမျိုးစေ့စျေးနှုန်းတွေလည်း မြင့်တက်နေတာကြောင့် နောက်နှစ်စိုက်ပျိုးရာသီမှာ တောင်သူတွေ အခက်အခဲကြုံရနိုင်တယ်လို့ ကရင်နီပြည်နယ်ရဲ့ ပြောင်းဖူးကုန်သည်တစ်ဦးက အခုလို ပြောပါတယ်။

“ တောင်သူတွေအတွက် လာမယ့် နှစ်မှာ ဒီပြောင်းစိုက်ဖို့အတွက် အမျိုးတွေ ဝယ်နိုင်ဖို့ မြေဩဇာတွေ ဝယ်နိုင်ဖို့က တော်တော်အခက်အခဲရှိမှာပေါ့နော။ အဲ့ဒီတော့ ပြောင်းတာသူတို့ မစိုက်နိုင်ဘူးဆိုရင် သူတို့အတွက် လိုအပ်တဲ့ စပါးရှိတဲ့အတွက် ထမင်းအတွက်တော့ မပူရပေမယ့် လူမှုရေးအသုံးစရိတ်တွေ ကျန်တဲ့ ကျန်းမာရေး အသုံးစရိတ်တွေ နောက် စိုက်ပျိုးရေးမှာ လိုအပ်တဲ့ သွင်းအားစုစရိတ်တွေအတွက် လည်ပတ်ဖို့ ပြောရရင်တော့ အကြွေးတွေဆပ်ဖို့ ပိုပြီးတော့ ခက်ခဲလိမ့်မယ်။ “ လို့ ပြောင်းဖူးကုန်သည်တစ်ဦးက ပြောပြပါတယ်။

ကရင်နီပြည်နယ်မှာ တောင်ယာလုပ်ငန်းအဓိက လုပ်ကိုင်ကြပေမယ့် တိုက်ပွဲတွေကြောင့် သီးနှံတွေ မစိုက်ပျိုးနိုင်တဲ့ သူတွေရှိသလို၊ ပြောင်းဖူးအစား စပါးကိုပဲ စိုက်ပျိုးတဲ့ တောင်သူတွေလည်း များနေပါတယ်။

ကရင်နီပြည်နယ်ရဲ့ ယခုနှစ် စိုက်ပျိုးရာသီမှာ ပြောင်းဖူးစိုက်ပျိုးထုတ်လုပ်မှုနှုန်း ထက်ဝက်ခန့် ကျဆင်းသွားတယ်လို့ ကရင်နီပြည်နယ်မှာရှိတဲ့ ပြောင်ဖူးကုန်သည်တစ်ဦးက ပြောပါတယ်။

spot_img
spot_img