Saturday, January 29, 2022

ကရင်နီပြည်နယ်ရဲ့ လူဦးရေ လေးပုံတစ်ပုံ စစ်ဘေးရှောင်နေရ

Must read

၂၀၂၂ ဇန်နဝါရီလ ၂၉ ရက် Kantarawaddy Times နေ့စဥ် Online ရေဒီယို အစီအစဥ်

https://soundcloud.com/kantarawaddy-times/kantarawaddy-times-412276963?si=8fd883b0e3ad451bb1587cec5f360d07&utm_source=clipboard&utm_medium=text&utm_campaign=social_sharing ဒီနေ့ ၂၀၂၂ ခုနှစ်၊ ဇန်နန်ဝါရီလ ၂၉ ရက်နေ့ KT FM ရဲ့ စနေနေ့ မနက်ပိုင်း ထုတ်လွင့်မယ့် အစီအစဉ်များမှာ နှစ်လတာ...

နှစ်လတာ ပညာရေးအစီအစဥ်ကို နွေဦးဂုရုလေးများပညာရေးစင်တာက ဖွင့်လှစ်

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့တစ်နေရာမှာ နှစ်လတာ ပညာရေးအစီအစဉ်ကို နွေဦးဂုရုလေးများပညာရေးစင်တာကနေ ဒေသခံ မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ရက်နေ့က စတင်ဖွင့်လှစ်လိုက်ပါတယ်။ နွေဦးဂုရုလေးများပညာရေးစင်တာကနေ မိခင်ဘာသာဖြစ်တဲ့ ကရင်နီစာပေ...

ရေယိုကျေးရွာအတွင်း သတ်ဖြတ်ခံရသူတွေမှာ အသက်၁၈နှစ်မပြည့်သေးသူ ၄ဦးပါဝင်

ကန္တာရဝတီတိုင်း(မ်) လွိုင်ကော်မြို့နယ် ရေယိုကျေးရွာအတွင်း သတ်ဖြတ်ခံရပြီး အိမ်သာကျင်းထဲ ပစ်ထည့်ခံရတဲ့သူတွေထဲမှာ အသက်၁၈နှစ်မပြည့်သေးတဲ့ နာနတ်တောက လူငယ်၄ဦးပါဝင်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ သတ်ဖြတ်ခံရသူမှာ အသက် ၁၇နှစ်အရွယ်သာရှိသေးတဲ့ မောင်ယူဂျင်း၊ မောင်ဖီဒေးလယ်နဲ့...

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တို့ အပြန်အလှန်ပစ်ခတ်မှုတွေ ပြင်းထန်တဲ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီး၊ အမြောက်တွေကို ရမ်းသမ်းပစ်ခတ်တာကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတဲ့သူတွေ
( စစ်လေးရှောင်လူဦးရေ ) ဟာ ပြည်နယ်ရဲ့ လေးပုံတစ်ပုံ ရှိနေပြီလို့ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) ရဲ့ Humanitarian Focal က ပြောပါတယ်။

“ ကယားပြည်ယ်ရဲ့ လူဦးရေက လေးသိန်းကျော်ကျော်လောက်ပဲ ရှိတယ်။ အခုဟာက ပြည်နယ်မှာ ရှိတဲ့ လူဦးရေရဲ့ လေးပုံတစ်ပုံက တောထဲရောက်နေပြီ။ အဲ့ဒီအတွက်ကြောင့်မို့လို့ ကျနော်တို့အနေနဲ့ ကိုယ့်အားကို ကိုးပြီးတော့မှ ရေရှည် ဘယ်လိုမှ မတောင့်ခံနိုင်တဲ့အတွက်ကြောင့် နိုင်ငံတကာ အစိုးရတွေကနေ အများဆုံး စီစဉ်ပေးဖို့ လိုအပ်လာပါပြီ။ ဒါမှသာလျှင် ကျနော်တို့ လူမျိုးစုအပေါ်မှာ ထိခိုက်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ သေကြေပျက်စီးမှုတွေကို ကျနော်တို့ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။” လို့ သူက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) အနေနဲ့ လက်လှမ်းမီသမျှ ကောက်ယူထားတဲ့ စာရင်းအရ ခြောက်သောင်းခွဲ ရှိနေပြီဖြစ်ပြီး လက်လှမ်းမမီသေးတဲ့ နေရာ၊ မြို့နယ်တွေများစွာ ရှိနေသေးတဲ့အတွက် စုစုပေါင်းမှာ တစ်သိန်းဝန်းကျင် ရှိနေပြီဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ဘေးရှောင်ပြည်သူများက ဒီးမော့ဆိုမြို့နယ်မှာ အများဆုံးဖြစ်ပြီး ၊ ဒုတိယအများဆုံးအနေနဲ့ လွိုင်ကော်မြို့နယ်ဖြစ်တယ်လို့ သိရပါတယ်။ အကြမ်းဖက် စစ်ကောင်စီက သယ်ယူပို့ဆောင်ရေးကို ပိတ်ဆို့ထားတဲ့အတွက် စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့ရာမှာ သယ်ယူပို့ဆောင်ရေးအခက်အခဲကို အကြီးမားဆုံး ရင်ဆိုင်နေရပြီး ငွေကြေးအခက်အခဲအပြင် စစ်ဘေးရှောင်လူထုများက ပြန့်ကျဲနေတဲ့အတွက်လည်း ထောက်ပံ့ရေးမှာ အခက်အခဲရှိတယ်လို့ သိရပါတယ်။

“ စစ်ကောင်စီက သယ်ယူပို့ဆောင်ခွင့်မပေးဘူး။ စစ်ကောင်စီကိုယ်တိုင်က သယ်ယူပို့ဆောင်နေတဲ့ လူတွေကို ပစ်ခတ်တိုက်ခိုက်နေတဲ့အတွက်ကြောင့် တံတားပျက်ခြင်းတွေနဲ့ မဆိုင်ပါဘူး။ သူတို့ရဲ့ ပိတ်ဆို့မှုကြောင့် ကုန်စည်တွေက ပိတ်သွားတယ်။” လို့ KSCC ရဲ့ Humanitarian Focal က ပြောပါတယ်။

စစ်ဘေးရှောင်လူထုတွေရဲ့ အဓိက လိုအပ်ချက်ဟာ အစာရေစာဖြစ်ပြီး တစ်ပတ်နှစ်ပတ်အတွင်းသာ ဖူလုံနိုင်တယ်လို့ ဒီးမော့ဆိုမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူတစ်ဦးက ပြောပါတယ်။

“ အဓိက အစာရေစာပေါ့ တချို့အချိန်ရလို့သယ်နိုင်သူရှိသလို မသယ်လိုက်ရတဲ့သူတွေရှိတယ်။ ပြန်မယူရဲတဲ့သူလည်းရှိတယ်။ ခုတစ်ပတ်နှစ်ပတ်အတွင်းသိပ်မသိသာပေမဲ့ လနဲ့ချီကြာရင်တော့ ဝယ်မရတဲ့ ပြသနာရှိလာနိုင်တယ်။” လို့ သူက ပြောပါတယ်။

လက်ရှိမှာတော့ စစ်ဘေးရှောင်တွေရဲ့ ကျန်းမာရေးဆိုင်ရာကို EHO တိုင်းရင်းသားဆေးတပ်ဖွဲ့နဲ့ အခြားမိတ် အဖွဲ့တွေ ဆောင်ရွက်ပေးနေမယ့် ဆေးဝါးက ရက်ပိုင်းအတွက်သာ လုံလောက်မှု ရှိနိုင်တယ်လို့လည်း သိရပါတယ်။

စစ်ဘေးရှောင်လူထုတွေကို စားနပ်ရိက္ခာ၊ ဆေးဝါး တွေကို သယ်ယူပို့ဆောင်ပေးတဲ့နေရာ အကြမ်းဖက်စစ်ကောင်စီအပြင် မည်သည့်အဖွဲ့အစည်းမှ ဝင်ရောက်စွက်ဖက်ခွင့်မရှိပဲ လွတ်လပ်စွာ သယ်ယူပို့ဆောင်နိုင်ဖို့အတွက် နိုင်ငံတကာ အစိုးရတွေ၊ UN တွေ၊ ICRC စတဲ့ Agency တွေက အမြန်ဆုံး စစ်ကောင်စီကို ဖိအားပေးပြီး IDP စခန်းတွေကို ထူထောင်နိုင်အောင် လုပ်ပေးဖို့အတွက် လိုအပ်တဲ့ ဆေးဝါးတွေ၊ စားနပ်ရိက္ခာတွေအပြင်၊ ကျန်းမာရေး၊ ပညာရေးတွေကိုပါ လုပ်ဆောင်ပေးဖို့ KSCC ရဲ့ Humanitarian Focal က တောင်းဆိုသွားပါတယ်။

- Advertisement -
- Advertisement -

Latest article

၂၀၂၂ ဇန်နဝါရီလ ၂၉ ရက် Kantarawaddy Times နေ့စဥ် Online ရေဒီယို အစီအစဥ်

https://soundcloud.com/kantarawaddy-times/kantarawaddy-times-412276963?si=8fd883b0e3ad451bb1587cec5f360d07&utm_source=clipboard&utm_medium=text&utm_campaign=social_sharing ဒီနေ့ ၂၀၂၂ ခုနှစ်၊ ဇန်နန်ဝါရီလ ၂၉ ရက်နေ့ KT FM ရဲ့ စနေနေ့ မနက်ပိုင်း ထုတ်လွင့်မယ့် အစီအစဉ်များမှာ နှစ်လတာ...

နှစ်လတာ ပညာရေးအစီအစဥ်ကို နွေဦးဂုရုလေးများပညာရေးစင်တာက ဖွင့်လှစ်

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့တစ်နေရာမှာ နှစ်လတာ ပညာရေးအစီအစဉ်ကို နွေဦးဂုရုလေးများပညာရေးစင်တာကနေ ဒေသခံ မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ရက်နေ့က စတင်ဖွင့်လှစ်လိုက်ပါတယ်။ နွေဦးဂုရုလေးများပညာရေးစင်တာကနေ မိခင်ဘာသာဖြစ်တဲ့ ကရင်နီစာပေ...

ရေယိုကျေးရွာအတွင်း သတ်ဖြတ်ခံရသူတွေမှာ အသက်၁၈နှစ်မပြည့်သေးသူ ၄ဦးပါဝင်

ကန္တာရဝတီတိုင်း(မ်) လွိုင်ကော်မြို့နယ် ရေယိုကျေးရွာအတွင်း သတ်ဖြတ်ခံရပြီး အိမ်သာကျင်းထဲ ပစ်ထည့်ခံရတဲ့သူတွေထဲမှာ အသက်၁၈နှစ်မပြည့်သေးတဲ့ နာနတ်တောက လူငယ်၄ဦးပါဝင်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ သတ်ဖြတ်ခံရသူမှာ အသက် ၁၇နှစ်အရွယ်သာရှိသေးတဲ့ မောင်ယူဂျင်း၊ မောင်ဖီဒေးလယ်နဲ့...

၂၀၂၂ ဇန်နဝါရီလ ၂၈ ရက် Kantarawaddy Times နေ့စဥ် Online ရေဒီယို အစီအစဥ်

https://soundcloud.com/kantarawaddy-times/kantarawaddy-times-607909560?si=c87038150b1947ceaec6d80be5379963&utm_source=clipboard&utm_medium=text&utm_campaign=social_sharing ဒီနေ့ ၂၀၂၂ ခုနှစ်၊ ဇန်နန်ဝါရီလ ၂၈ ရက်နေ့ KT FM ရဲ့ သောကြာနေ့ မနက်ပိုင်း ထုတ်လွင့်မယ့် အစီအစဉ်များမှာ ယခုတော်လှန်ရေးဟာ...