spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီပြည်နယ်အခြေအနေကို ဖြေရှင်းပေးဖို့ ကုလသမဂ္ဂကို ကရင်နီအရပ်ဖက်အဖွဲ့အစည်းများ ကွန်ယက်တောင်းဆို

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်နဲ့ အခြားဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ အရေးပေါ်အခြေအနေနဲ့ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အစည်းအနေနဲ့ အမြန်ဆုံး ကြားနေ ပါဝင်ကူညီ ဖြေရှင်းပေးဖို့ ကရင်နီအရပ်ဘက်အဖွဲ့အစည်းများကွန်ယက်က တောင်းဆိုလိုက်ပါတယ်။

“ဒီစစ်တပ်က ဒီထက်ပိုပြီး ကျယ်ပြန့်လာနိုင်တဲ့အနေအထားရှိတယ်လေ ဆိုတော့ တဖြည်းဖြည်းနဲ့ ပြည်သူလူထုကလည်း အိုးအိမ်စွန့်ခွာပြီးတော့ တောထဲတောင်ထဲနေရတယ်။ ဒီဟာမပြီးသေးဘူး နောက်တစ်နေရာထပ်ရွေ့တယ်ပေါ့ ဒါက ကျတော်တို့ကရင်နီပြည်တွင်းမှာ လူဦးရေရဲ့ ထက်ဝက်တောင်ချိုးပြီပေါ့နော ပြေးတဲ့သူ လွှားတဲ့သူတွေက။ ဒီဟာကို ငြိမ်းနိုင်ဖို့က နိုင်ငံတကာရဲ့ ဖိအားအပေါ်မှာ အများကြီးသက်ရောက်မှုရှိတယ်လို့ ကျတော်တို့က အဲ့လိုမျိုးမြင်တယ်လေ။” လို့ ကရင်နီအရပ်ဘက်အဖွဲ့အစည်းများ ကွန်ယက်မှ Coordinator ခူးကိုရယ်က ပြောပါတယ်။

ဒါ့အပြင် နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့်လည်း စစ်ဘေးရှောင်ပြည်သူထံ နယ်စပ်ဖြတ်ကျော်ထောက်ပံ့မှုများ ဆောင်ရွက်ခြင်း၊ အပြည်ပြည်ဆိုင်ရာ စစ်လက်နက်ပိတ်ဆို့မှုတွေ ပြုလုပ်ခြင်း၊ စစ်ကောင်စီအား နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ ပိတ်ဆို့မှု ပြစ်ဒဏ်ချမှတ် လုပ်ဆောင်ရန်၊ အရပ်သားပြည်သူအပေါ် ပစ်မှတ်ထားပြီး သတ်ဖြတ် တိုက်ခိုက်နေတဲ့ စစ်ကောင်စီအစိုးရအား ဖိအားပေးမှု ပိုမိုမြှင့်တက်စေရန် နဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရက်စီ ပြည်ထောင်စုဖွဲ့စည်းနိုင်ရန်အတွက် အကူအညီပေးစေလိုကြောင်းလည်း တောင်းဆိုထားပါတယ်။

နိုင်ငံတကာ လူသားချင်းစာနာထောက်ထားတဲ့ အဖွဲ့အစည်းများကိုလည်း စစ်ဘေးရှောင်အတွက် လိုအပ်တဲ့ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီများအား တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ပူးပေါင်းညှိနှိုင်းပြီး နယ်စပ်ဖြတ်ကျော် အကူညီများမှတဆင့် ပံပိုးရန်၊ လူသားချင်းစာနာထောက်ထားတဲ့အကူအညီများ လွတ်လွတ်လပ်လပ်ပံ့ပိုးနိုင်ရန်အတွက် စစ်ကောင်စီအား ဖိအားပေးရန်၊ စစ်ကောင်စီအား အကျိုးတစ်စုံတစ်ရာ ဖြစ်ထွန်းစေမယ့် မည်သည့်အကူအညီမျိုးမဆို ရပ်တန့်ရန်၊ အသုံးမဝင်တော့တဲ့ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်ကို အခြေခံတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် ပံ့ပိုးမှုအားလုံးကို ရပ်တန့်ပေးဖို့လည်း KCSN က တောင်းဆိုထားပါတယ်။

ကရင်နီအရပ်ဖက်အဖွဲ့အစည်းများကွန်ယက်မှ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့ဒေသအတွင်း ဖြစ်ပေါ်လာတဲ့ ပဋိပက္ခအကြောင်း အစီရင်ခံချက်အကျဉ်းကို ဇွန်လ ၂၁ရက်နေ့မှာ ထုတ်ပြန်ထားပြီး လက်ရှိအခြေအနေအပေါ် အလွန်အမင်း စိုးရိမ်ပြီး တောင်းဆိုအကြံချက်ကို ထည့်သွင်း ဖော်ပြထားပါတယ်။

ကရင်နီပြည်၊ ဒီမော့ဆိုမြို့နယ်မှာ မေလ ၂၁ရက်နေ့ကစပြီး အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ နယ်မြေကျူးကျော်ပစ်ခတ်မှုကို ခုခံတိုက်ခိုက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက် ဒီးမော့ဆိုမြို့နယ်၊ မိုးဗြဲမြို့နယ်၊ လွိုင်ကော်မြို့နယ်တို့မှ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ လူဦးရေ စုစုပေါင်း တစ်သိန်းကျော်ရှိနေပြီလို့ သိရပါတယ်။

ကရင်နီအရပ်ဘက်အဖွဲ့အစည်းများကွန်ယက်အနေနဲ့ စစ်ရှောင်ပြည်သူအတွက် တစ်ဦးချင်းဖြစ်စေ၊ လူမှုရေးအသင်းအဖွဲ့ဖြစ်စေ၊ ဘာသာရေးအဖွဲ့များမှဖြစ်စေ ကူညီပံ့ပိုးမှုများ ပြုလုပ်လျက်ရှိနေပြီး၊ ကယားလူသားချင်းစာနာမှု တုန့်ပြန်ရေးအဖွဲ့ကို ကရင်နီပြည်တွင်းမှာ ဖွဲ့စည်းထားသလို နယ်စပ်မှာလည်း အရေးပေါ်ကယ်ဆယ်ရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ကို အလှူရှင်တွေရဲ့ ပံ့ပိုးမှုတွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့အတွက် ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts