spot_img
Monday, May 16, 2022
spot_img

ကရင်နီပြည်နယ်အတွင်းရှိ ကတ်သလစ်တိုက်နယ် ( ၁၆ ) ခု ပိတ်သိမ်းလိုက်ရ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်အတွင်းရှိ ကတ်သလစ်တိုက်နယ် ( ၁၆ ) ခုရဲ့ ဘုရားကျောင်းတွေမှာ ဘုရားဝတ်ပြုတာတွေ မပြုလုပ်နိုင်တော့တာကြောင့် ပိတ်သိမ်းလိုက်ရတယ်လို့ ကတ်သလစ် ဘုန်းတော်ကြီးတစ်ပါးက ပြောပါတယ်။

“ အခုက လွိုင်ကော်မှာက ၁၆ခု ပိတ်သိမ်းခံလိုက်ရတယ်ဆိုတော့ တော်တော်များတယ်ပေါ့နော။ တိုက်နယ်လို့ ပြောရရင်တော့ ဘုရားကျောင်းရှိရမယ်။ ဘာသာတူတွေရှိရမယ်။ပြီးတော့ ဘုန်းကြီး ကျောင်းထိုင်ဘုန်းတော်ကြီးလည်း ရှိရမယ်။ အဲ့ဒီဘုရားကျောင်းမှာ ထိုင်ပြီးတော့မှ အဲ့ဘာသာတူတွေကို ကြည့်ရှု ဝိညာဉ်ရေး လမ်းပြပေးတဲ့ ဘုန်းကြီးရှိတာပေါ့လေ။ ဆိုတော့ အဲ့တာကို တိုက်နယ်လို့ခေါ်တယ်။ ဆိုတော့ မြန်မာနိုင်ငံမှာ ရှိတဲ့ သာသနာ ၁၆ခုထဲမှာ လွိုင်ကော်ဟာ တစ်ခုအပါအဝင်ဖြစ်တယ်။ လွိုင်ကော်ဟာ ဘာသာတူအများဆုံး ကတ်သလစ်ဘာသာတူအများဆုံး သာသနာတစ်ခုလည်းဖြစ်တယ်။ အဲ့ဒီအထဲမှာမှ တိုက်နယ် ၁၆ခုက ပိတ်သိမ်းခံလိုက်ရတယ်ဆိုတော့ အခြေအနေလုံးဝမကောင်းဘူး အဲ့လိုပဲ ပြောလို့ ရမှာပေါ့နော။ “ လို့ ကတ်သလစ် ဘုန်းတော်ကြီးတစ်ပါးက ပြောပါတယ်။

စစ်ရေးအရှိန်ကြီးထွားလာတဲ့အတွက်ကြောင့် ကရင်နီပြည်နယ်တွင်းက ဘုန်းတော်ကြီး၊ သီလရှင်များ အပါအဝင် ဘာသာတူများ မိမိတို့ တိုက်နယ်ကို ယာယီစွန့်ခွာကာ ဘေးလွှတ်ရာသို့ စစ်ဘေးရှောင်နေရတယ်လို့ Christ the King က ထုတ်ပြန်ထားပါတယ်။

ကတ်သလစ်ဘာသာမှာ တိုက်နယ်၁၆ခုကို သာသနာနယ် တစ်ခုအဖြစ် သတ်မှတ်ကြတာဖြစ်ပြီး အခုဆိုရင် သာသနာနယ်တစ်ခု ပိတ်သိမ်းလိုက်ရသလိုဖြစ်နေပါတယ်။

ကရင်နီပြည်နယ်တွင်းက ဘုရားကျောင်း ( ၆ ) ခုဟာလည်း စစ်ကောင်စီ ပစ်ခတ်တဲ့ လက်နက်ကြီးတွေကြောင့် ပျက်စီးတာတွေရှိနေပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

စစ်ကောင်စီထုတ်ကုန်တွေကို မိုးဗြဲ PDF စစ်ဆေး ဖျက်စီး

ကန္တာရဝတီတိုင်း( မ် ) မိုးဗြဲမြို့အတွင်းမှာရှိတဲ့ ကျေးရွာ၊ ရပ်ကွက်တွေကို စစ်ဆေးမှု ပြုလုပ်ခဲ့ပြီး စစ်တပ်ထုတ်ကုန်တွေကို တွေ့ရှိခဲ့တဲ့အတွက် ဖျက်စီးမှုတွေ ပြုလုပ်ခဲ့တယ်လို့ မိုးဗြဲ PDFက ယမန်နေ့ မေလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ စစ်တပ်ထုတ်ကုန်တွေဖြစ်တဲ့ Dagon အနီ/အ၀ါ/အစိမ်း၊ မုယော ၄၅ဖာ၊ Army Rum...

ဖယ်ခုံပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ချက်အပေါ် တစ်စုတစ်စည်းတည်းဖြစ်ဖို့လိုတယ်လို့ ( KSCC ) ကပြန်လည်တုန့်ပြန်

ကန္တာရဝတီတိုင်း( မ် ) ဖယ်ခုံမြို့ ကို ကရင်နီပြည်အတွင်းရှိ ဖယ်ခုံမြို့ လို့မသုံးစွဲဲဘဲ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဖယ်ခုံမြို့လို့ သုံးစွဲခေါ်ဝေါ်ပေးဖို့ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) လမ်းညွှန်မှုအရ ဖွဲ့စည်းထားတဲ့ ဖယ်ခုံပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က မေလ ၉ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီလိုထုတ်ပြန်ထားချက်အပေါ်မှာ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ ( KSCC ) အနေနဲ့စတင်ဖွဲ့စည်းချိန်က...

ယနေ့နံနက် ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီကို မိုးဗြဲPDF ဝင်ရောက်တိုက်ခိုက်ပြီး စစ်ကောင်စီ သုံးဦးသေဆုံး

ကန္တာရဝတီတိုင်း( မ် ) ယနေ့ မေလ ၁၄ရက်နေ့ နံနက်အစောပိုင်းမှာ မိုးဗြဲအခြေစိုက် ခမရ-၄၂၂ တပ်ရင်းအနီးမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီကို မိုးဗြဲ PDF ကပျောက်ကြားဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က သုံးဦးသေဆုံးသွားခဲ့တယ်လို့ မိုးဗြဲ PDF က ထုတ်ပြန်ထားပါတယ်။ နာရီဝက်ကြာ ပစ်ခတ်မှုရှိခဲ့ပြီး မိုးဗြဲ PDF ဘက်ကလည်း...

KSCC က ပအိုဝ်းလူထုအပေါ် အိတ်ဖွင့်ပေးစာ ပေးပို့

ကန္တာရဝတီတိုင်း( မ် ) ကရင်နီပြည်အတိုင်ပင်ခံကောင်စီ ( KSCC ) က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာရှိတဲ့ ပအိုဝ်းအမျိုးသား၊ အသင်းအဖွဲ့နဲ့ ပြည်သူလူထုအတွက် အိတ်ဖွင့်ပေးစာ တစ်စောင်ကို ဒီကနေ့ မေလ ၁၄ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ကရင်နီပြည်မှာ စစ်ကောင်စီကို တော်လှန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ကရင်နီပြည် နယ်စပ်တစ်လျှောက်မှာလည်း...