spot_img
Saturday, April 1, 2023
spot_img

ကရင်နီပြည်မှာ စက်တင်ဘာလ ဒုတိယအပတ်တိုက်ပွဲအတွင်း စစ်ကောင်စီ ၈၀ ကျော်သေဆုံး

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း( မ် )

စက်တင်ဘာလ ဒုတိယအပတ်အတွင်း မိုးဗြဲ၊ လွိုင်ကော်၊ ဒီးမော့ဆို ၊ ဖရူဆိုမြို့တို့မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ၈၅ဦးကျော် သေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) က ဒီကနေ့ စက်တင်ဘာလ ၁၅ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်ဟာ ရိက္ခာပို့နိုင်ဖို့အတွက် ပြည်ထောင်စုလမ်းမကြီးတစ်လျှောကို တပ်စွဲထားပြီး နယ်မြေစိုးမိုးနိုင်ဖို့ ကြိုးစားနေတာဖြစ်တယ်လို့ ကရင်နီတပ်မတော် ကာကွယ်ရေး ဒုဝန်ကြီး ခူဒယ်နီယာယ်က ပြောပါတယ်။

“သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ ပြည်ထောင်စု လမ်းမကြီးဖြစ်တဲ့နေရာတိုင်းမှာ သူတို့ စစ်ရေးနယ်မြေတွေကို စစ်ရေးစိုးမိုးမှု လုပ်နိုင်ရမယ်ဆိုတဲ့ဟာက သူတို့ရဲ့ အစီအစဉ်လေ။ ဒီပြည်ထောင်စုလမ်းမကြီးတစ်ခုလုံး သူတို့စိုးမိုးထားမှပဲ သူတို့ရိက္ခာပို့ ရမယ်။ သူတို့ လက်နက်ခဲယမ်းတွေ သူတို့ ဆက်သွယ်ရေးလမ်းကြောင်းတွေက အဓိက ပါပဲ။ အဲ့ဒါဒီလမ်းမကြီးကို စိုးမိုးနိုင်ဖို့ သူတို့ထိုင်တာဖြစ်တယ်။” လို့ ခူဒယ်နီယာယ်က ပြောပါတယ်။

စက်တင်ဘာလ ၈ရက်နေ့မှ ၁၁ ရက်နေ့အထိ ဝှါရီဆူးပလိုင်ကျေးရွာကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ် မိုးဗြဲမြို့တွင်းမှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။ အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၆၀ ကျော်သေဆုံးခဲ့ပြီးနောက် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ ဖက်က ထုတ်ပြန်ထားပါတယ်။

မိုးဗြဲဘက်ကို စစ်ကူသွားခဲ့တဲ့ စစ်ကောင်စီတပ်ကို ဒီးမော့ဆိုမြို့ ဝီသဲကူးကျေးရွာမှာ စက်တင်ဘာလ ၁၃ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အရာရှိတစ်ဦးအပါအဝင် ၁၃ဦး သေဆုံးခဲ့တယ်လို့ KNDF က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ဒီးမော့ဆိုခြေတော်ရာအနီးရှိ သဲတောင်၊ နန်းမယ်ခုံမြို့နယ်ရှိ ဆင်မတောင်ပေါ်၊ ဒေါခမီးကျေးရွာနဲ့ ဆောင်ဒူရွယ်သစ်ကျေးရွာတို့မှာလည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ၇ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ ၁၁ရက်နဲ့ ၁၂ရက်နေ့မှာလည်း ဖရူဆိုမြို့ ဒေါညေးခူကျေးရွာနဲ့ ထီးသော်ကူးရှိစစ်ကောင်စီစခန်း တွေမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ၅ ဦးထက်မနည်း သေဆုံးခဲ့သလို စက်တင်ဘာလ ၁၂ရက်နေ့မှာလည်း လွိုင်ကော်မြို့ ကယန်းသာယာစစ်ဆေးရေးဂိတ်ကို သွားရောက်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က အရာရှိတစ်ဦးအပါအဝင် အများအပြားထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ စက်တင်ဘာလ ဒုတိယပတ်အတွင်း မိုးဗြဲမြို့ကို အပြင်းအထန်ထိုးစစ်ဆင်ခဲ့တဲ့အပြင် ဒီးမော့ဆိုမြို့နယ် ပူဖား၊ ဒေါခမီး၊ နန်းမယ်ခုံတကြောကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလျက်ရှိနေပြီး ဖရူဆိုမြို့အခြေစိုက်တပ်စခန်းကနေ စစ်ယာဉ်တန်း (၂၀)ကျော်ကို တပ်အင်အားဖြည့်တင်းနေတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

လူထုထောက်ခံမှုရှိနေသ၍ ပါတီဆက်ရှိနေအုံးမယ်လို့ KySDP ပြော

ကန္တာရဝတီတိုင်း( မ် ) ကရင်နီပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီအပါအဝင် တိုင်းရင်းသားပါတီ ၄၀ ကို ဖျက်သိမ်းကြောင်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင် ( UEC ) က မတ်လ ၂၈ ရက်နေ့မှာ ကြေညာခဲ့ပေမယ့် လူထုထောက်ခံမှုရှိနေသ၍ ကတော့ ပါတီဆက်လက်ရှိနေအုံးမှာဖြစ်တယ်လို့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ ( KySDP...

နှစ်ရက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၁၅)ဦးသေဆုံး၊ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း ဒေါလျားခူကျေးရွာအနီးရှိ ညေးဘူးခူတောင်ပေါ် ဖက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော်(KA)၊ KNDF ပူးပေါင်းတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၅ ဦးသေဆုံးခဲ့သလို လက်နက်ခဲယမ်းအသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းမိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဒီကနေ့ မတ်လ ၃၁ ရက်နေ့မှာ...

တစ်လကျော်ကြာတိုက်ပွဲပြင်းထန်နေတဲ့ ဖယ်ခုံ-ပင်လောင်း နယ်စပ်မှာ လေကြောင်းတိုက်ခိုက်မှုပြင်းထန်စွာ အသုံးပြုနေ

ကန္တာရဝတီတိုင်း(မ်) ပင်လောင်းမြို့နယ်ဖက် စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေတာ တစ်လကျော်ကြာရှိနေပြီဖြစ်ပြီး စစ်ကောင်စီဖက် လေကြောင်းတိုက်ခိုက်မှု ပြင်းထန်စွာ သုံးနေတယ်လို့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဆိုကြပါတယ်။ မတ်လ (၂၉)ရက်နေ့ ဖယ်ခုံ-ပင်လောင်းနယ်စပ်တစ်နေရာမှာ ဖြစ်တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဖက် တိုက်လေယာဉ် (၄)စင်းနဲ့ အပြင်းအထန် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီရက်တိုက်ပွဲမှာ...

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းရှိ အထက်တန်းစာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရ

ကန္တာရဝတီတိုင်း(မ်) ဒီကနေ့ မတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်မှာ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းကို စစ်ကောင်စီ လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တဲ့အတွက် အထက်တန်း စာသင်ကျောင်းတစ်ကျောင်း ထိမှန်ပျက်စီးခဲ့ရပါတယ်။ “၁ နာရီ ၁၆မိနစ်မှာ တိုက်လေယာဉ် နှစ်ပတ် ပတ်ပြီးဝဲတာ ဝဲပြီးတော့ ၁၈မိနစ်လောက်မှာ တစ်ခါတည်းတန်းပစ်တာ။ ၈ခေါက်တိတိပစ်တယ်။ လေယာဉ်ဒုံးနဲ့လည်းပစ်တယ် ရွာတစ်လျှောက်...