spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီပြည်မှာ စက်သုံးဆီစျေး ယခင်ကထက် နှစ်ဆမြင့်တက်

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်မှာ ယခုရက်ပိုင်းအတွင်း စက်သုံးဆီစျေးနှုန်းဟာ ယခင်ကထက်မြင့်တက်နေတယ်လို့ ဒေသခံတစ်ဦးဆီကနေ သိရပါတယ်။

လူတွေနေ့စဉ်အသုံးပြုနေတဲ့ ဓာတ်ဆီစျေးနှုန်းဟာ တစ်လီတာ ၃၀၀၀အထိပေးပြီးဝယ်နေရတယ်လို့ ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ နေထိုင်တဲ့ ဒေသခံတစ်ဦးကပြောပါတယ်။

အခုလို စက်သုံးဆီတွေ စျေးနှုန်းမြင့်တက်တာနဲ့ပတ်သက်ပြီး “ ဒီဇယ်၊ ဓာတ်ဆီစျေးတွေကလည်းတက်၊ ရန်ပုံငွေတွေကလည်း ရှားလာ၊ လူထုတွေကလည်း ပြန့်ကျဲဆိုတော့လေ။ ကျနော်တို့ စားနပ်ရိက္ခာတွေကော ဆေးဝါးကုသမှုပါ။ အဲ့ဒီဟာတွေက ရေရှည်အတွက်ဆို အန္တာရာယ်တအားရှိတယ်လို့ ကျနော်တို့ သုံးသပ်ထားပါတယ်။ “ လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဦးဗညားက ပြောပါတယ်။

Denko ဆီဆိုင် ကနေ မတ်လ ၁၂ရက်နေ့ ထုတ်ပြန်ချက်အရ လွိုင်ကော်မြို့နယ်မှာ Octane 92 တစ်လီတာကို 2115ကျပ်၊ Octane 95တစ်လီတာ 2250ကျပ်၊ Premium Diesel တစ်လီတာ 2215ကျပ်၊ Diesel တစ်လီတာ 2180ကျပ်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ လွိုင်ကော်မြို့ပေါ်တိုက်ပွဲဖြစ်ပေါ်တဲ့အချိန်မှာလည်း ဒီးမော့ဆိုမြို့နယ်က စစ်ရှောင်စခန်းတချို့မှာ စက်သုံးဆီစျေးပြတ်လတ်မှုတွေ ကြုံတွေ့ခဲ့ရပါတယ်။

spot_img
spot_img