spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီပြည်မှာ စစ်ကောင်စီက အကျဆုံးများတဲ့ အတွက် အင်အားဖြည့်တင်းနေတာဖြစ်တယ်လို့ KNDF ပြော

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဇူလိုင်လ နောက်ဆုံးပတ်ကစပြီး ကရင်နီပြည် လွိုင်ကော်မြို့နယ်အတွင်းကို စစ်ကောင်စီက စစ်ကားအစီးရေ ၁၀၀ ဝန်းကျင်နဲ့ အင်အားဖြည့်တင်းပြီး ဝင်ရောက်လာတာဟာ ကရင်နီပြည်မှာ ၎င်းတို့ အကျအဆုံးများခြင်းကို ဖော်ပြနေခြင်းဖြစ်ပြီး စစ်ရေးအရ အသားစီးပြန်ရနိုင်ဖို့အတွက် ဖြစ်နိုင်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“အဓိကကတော့ စစ်ကောင်စီက ဒီကရင်နီစစ်မျက်နှာတွေမှာ အထိနာနေတာဖြစ်ပါတယ်။ အထူးသဖြင့် မယ်စဲ့မြို့နယ်မှာ စစ်ကောင်စီအထိနာနေတယ်။ နောက်ပြီးတော့ ဖားဆောင်း၊ ဘောလခဲမြို့နယ်တွေမှာလည်း စစ်ကောင်စီက စစ်ကြောင်းတွေ ထိုးနေရတယ်ပေါ့နော။ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတွေမှာလည်း သူတို့ စစ်ကြောင်းတွေကတော့ ရှိနေတယ်။ ဆိုတော့ အဲဒီ ဆိုင်ရာ ဆိုင်ရာ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ဒါကို အထိနာနေတာရှိတယ်။ ထိခိုက်တာတွေရှိတယ်။ နောက်ပြီးတော့ လိုအပ်တဲ့ လက်နက်ခဲယမ်းတွေ ရိက္ခာတွေ ပို့နိုင်ဖို့ကိစ္စပေါ့နော။ လူအင်အားဖြည့်နိုင်တဲ့ကိစ္စတွေပေါ့နော။ အဲဒါတွေကို လုပ်နိုင်ဖို့အတွက် နောက်ပြီးတော့ စစ်ရေးအရ အသာစီးရနိုင်ဖို့အတွက်ပေါ့။ သူလက်နက်အင်အားဖြည့်တာလို့ပဲ ကျနော်ပြောချင်ပါတယ်။” လို့ သူက ပြောပါတယ်။

လက်ရှိ ကရင်နီပြည်ရဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အကျအဆုံးများနေပြီး လေကြောင်းကိုသာ အဓိကအားကိုးနေရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ဆိုကြပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက်နေ့ကစပြီး စစ်ကောင်စီရဲ့ လက်နက်ရိက္ခာအပြည့်နဲ့ ယာဥ်တန်းတွေ မိုးဗြဲမြို့မှတဆင့် ကရင်နီပြည်ထဲကို ဝင်လာခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ယာဥ်တန်း စုစုပေါင်း ၁၀၀ ဝန်းကျင်ရှိနိုင်ပြီး မိုးဗြဲမြို့အထွက် လွိုင်ကော်မြို့အဝင် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်မှာ
ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ရဲ့ ကြားဖြတ်တိုက်ခိုက်ခြင်းခံခဲ့ရပါတယ်။ အဲဒီကြားဖြတ်တိုက်ခိုက်ခံရမှုအတွင်း စစ်ကောင်စီတပ်သား ၂၀ ဝန်းကျင် သေဆုံးခဲ့သလို စစ်ကောင်စီရဲ့ ယာဥ်နှစ်စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ကရင်နီပြည်မှာ စစ်ကောင်စီတပ်ဟာ ပုံစံမျိုးစုံနဲ့ အင်အားအလုံးအရင်း ထိုးစစ်ဆင်လာခဲ့ပေမယ့် အထိခိုက်ကျဆုံးများတဲ့ ရလဒ်တွေကိုသာ ရရှိနေတယ်လို့ ကရင်နီတပ်မတော် ( KA ) စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောပါတယ်။

“အင်အားရှိသလောက်ထုတ်ပြီး ထိုးစစ်လုပ်သည့်တိုင်လည်း အကြမ်းဖက်စစ်ကောင်စီတွေက နယ်မြေပြန်ရယူဖို့ ကြိုးစားနေတယ်။ သို့သော် သူ့တို့စစ်ဆင်သလောက်က အောင်မြင်တယ်ဆိုတဲ့ ၎င်းတို့ကြိုးစားမှုကမရဘဲ အကျအဆုံးများတဲ့ ရလဒ်သာဘဲကျန်ပါတယ်။” လို့ ကရင်နီတပ်မတော် ( KA ) စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီရဲ့ စစ်ယာဥ်တန်းတွေဟာ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ၅၄ တပ်ကို ရောက်ရှိနေပြီလို့ သိရပါတယ်။ ၂၀၂၃ ခုနှစ်အတွင်းမှာလည်း ကရင်နီပြည်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကနေ စစ်ကောင်စီရဲ့ တောင်လှ၊ မယ်တနွယ်၊ BP -၁၄၊ မယ်စဲ့မြို့မရဲစခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ စစ်ကောင်စီဟာ ကရင်နီပြည်နယ်အတွင်းကို မြေပြင်ကနေ ယာဥ်တန်းတွေနဲ့ မသွားနိုင်တော့တဲ့အတွက် လေကြောင်းကနေ ရိက္ခာ၊ စစ်ကူ တို့ကို ပို့ဆောင်ပေးနေတာ ဖြစ်ပါတယ်။

spot_img
spot_img

Recent posts