spot_img
Monday, March 27, 2023
spot_img

ကရင်နီပြည်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ (၉၂၁) ဦးရှိ

spot_imgspot_imgspot_imgspot_img
ဓါတ်ပုံ – Kayah State Media

ကန္တာရဝတီတိုင်း(မ်)

စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနကနေ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဒီကနေ့ မတ်လ ၈ ရက် မနက်ပိုင်းကစလို့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စတင်ကျင်းပနေပြီး ကရင်နီပြည်မှာ ပထမရက် စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ (၉၂၁)ဦးရှိပြီး ဖြေဆိုတဲ့ရာခိုင်နှုန်း ၉၂.၅၆ ရှိတယ်လို့ သိရပါတယ်။

ကရင်နီပြည်မှ စာစစ်ဌာနတွေဖြစ်ကြတဲ့ အထက(၁) လွိုင်ကော်၊ အထက ဘောလခဲ၊ အထက ဖားဆောင်း၊ အထက မယ်စဲ့တို့ကနေ ဝင်ရောက်ဖြေဆိုမယ့်စာရင်းပေးထားသူ (၉၉၅)ဦးရှိပေမယ့် ဖြေဆိုသူ (၉၂၁)ဦးရှိပြီး ပျက်ကွက်သူ (၇၄)ဦးရှိခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် နေရပ်အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ရှောင်အများဆုံးဖြစ်တဲ့ ဒီးမော့ဆို၊ ဖရူဆို၊ ရှားတောမြို့ကလွဲ စစ်ကောင်စီအုပ်ချုပ်ရေးယန္တာရားလည်ပတ်နေတဲ့မြို့နယ်တွေမှာ စာစစ်ဌာနထားရှိပြီး ကျင်းပနေတာဖြစ်ပါတယ်။

ဒီကနေ့မနက်ပိုင်းမှာ လွိုင်ကော်မြို့ ရှိ အ.ထ.က(၁) ကျောင်းအနီးနဲ့ နာရီစင်အထိ လုံခြုံရေးတွေ တိုးချဲ့ချထားတယ်လို့ လွိုင်ကော်မြို့ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီခန့် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နဲ့ တာဝန်ရှိသူတွေက စာဖြေဆိုတဲ့ အထက- ၁ ကျောင်းမှာ မြန်မာစာဘာသာရပ်စတင်ဖြေဆိုတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ကြည့်ရှုအားပေးခဲ့တယ်လို့ သိရပါတယ်။

“မြို့လမ်းကကြည့်ရင် ရဲစခန်းဘေးကနေ နာရီစင်နားထိ။ ဒီနေ့မှ လုံခြုံရေးချတာပေါ့ အရင်ရက်တွေမှာမရှိဘူး။ ရဲတွေနဲ့ မော်တော်ပီကယ်တွေများတယ်။ စစ်သားတွေကတော့သိပ်မတွေ့ဘူး ပုန်းနေတာလည်းဖြစ်နိုင်တာပဲ။”လို့ လွိုင်ကော်ဒေသခံတစ်ဦးက ပြောပါတယ်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စနစ်ဟောင်း နဲ့ဖြေဆိုတာ နောက်ဆုံးအကြိမ်ဖြစ်တဲ့အတွက် ဖြေခိုင်းလိုက်ရတယ်လို့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

” ဒီနှစ်က စနစ်ဟောင်းတွေအတွက် နောက်ဆုံးနှစ်လို့ ပြောတယ်။နောက်နှစ်တွေဆို စနစ်သစ်ပဲရှိတော့မှာ ။ ဆိုတော့ ဒီနှစ် အောင်မှရမယ်။ မနှစ်က မဖြေဖြစ်ဘူး ။ ဒီနှစ်မဖြေရင် နောက်နှစ်ကျ စနစ်ဟောင်း မရှိတော့ဘူး ကြားတော့ ပြန်ဖြေခိုင်းလိုက်တယ် ” လို့ ကျောင်းသားမိဘတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီကျင်းပတဲ့ ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဟာ စနစ်ဟောင်း၊ သင်းရိုးဟောင်းနဲ့နောက်ဆုံးအကြိမ် ဖြေဆိုကြတာဖြစ်ပြီး လာမယ့်စာသင်နှစ်မှစ စနစ်သစ်နဲ့ ပြောင်းလဲသင်ကြားတော့မှာဖြစ်ပါတယ်။

စစ်ကောင်စီက တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ကျင်းပမယ်လို့ ကြေညာထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်မှာ ကရင်နီပြည်မှ ဝင်ရောက်ဖြေဆိုသူ (၅၇၅)ဦးရှိတဲ့အနက် အောင်မြင်သူ (၂၂၂)ဦးရှိပြီး ဒီနှစ်မှာ ဖြေဆိုသူဦးရေ ၃၀၀ကျော်တိုးလာတာဖြစ်ပါတယ်။

အာဏာမသိမ်းခင် ၂၀၁၉-၂၀ ခုနှစ် ကရင်နီပြည်မှာ တက္ကသိုလ်ဝင်တန်း ဖြေဆိုသူ ၈ထောင်နီးပါးရှိခဲ့ပြီး အောင်မြင်သူ ၂ထောင်ကျော် ရှိခဲ့ပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်မှ လက်နက်ကြီးတွေ အမြောက်အများ ပစ်ခတ်နေ

ကန္တာရဝတီ တိုင်း(မ်) ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို ဒီးမော့ဆို အခြေစိုက် ခလရ ၁၀၂ တပ်မှ (၁)မိနစ် (၁) လုံးနုန်းနဲ့ လက်နက်ကြီးတွေ အမြောက်အများ ပစ်ခတ်နေတယ်လို့ သိရပါတယ်။ ယနေ့ ( မတ်လ ၂၆ ) ရက်နေ့ မနက် ၉ နာရီလောက်ကစပြီး...

စစ်ရှောင်ပြည်သူတွေကို ရိက္ခာဝေမယ်လို့ပြောဆိုပြီး ဓါတ်ပုံရိုက်ပြီးနောက် ဝေထားတဲ့ရိက္ခာတွေကို ပြန်သိမ်းယူသွား

ကန္တာရဝတီတိုင်း(မ်) လွိုင်ကော်မြို့ နမ့်ဘော်ဝမ် ရပ်ကွက်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေကို စစ်ကောင်စီ က ရိက္ခာဝေပေးမယ်လို့ပြောဆိုကာ ဒီကနေ့ (မတ်လ ၂၅ ရက်နေ့ ) မှာ စုရုံးခေါ်ဆောင်ပြီး ဓါတ်ပုံမှတ်တမ်းရယူခဲ့ပေမဲ့ ဝေငှထားတဲ့ ရိက္ခာထုပ်တွေကို ပြန်လည်တောင်းယူခဲ့တယ်လို့ စစ်ရှောင်တွေဆီကနေ သိရပါတယ်။ နမ့်ဘော်ဝမ်ရပ်ကွက်အတွင်းမှာ ရှိတဲ့ဘုရားကျောင်းမှာ စစ်ဘေးရှောင်တွေကို ခေါ်ယူစုရုံးပြီး ကုလားပဲထုပ်...

ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ လက်နက်ကြီးကျပြီး ဒေသခံထိခိုက်မှုရှိခဲ့၊ ဖရဲသီးစိုက်ခင်းလည်းပျက်စီး

ကန္တာရဝတီတိုင်း( မ် ) ယမန်နေ့ မတ်လ ၂၄ရက်နေ့ မနက် ၁၀နာရီကျော်အချိန်မှာ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံတချို့ ထိခိုက်ခဲ့သလို ဖရဲသီးစိုက်ခင်းလည်း ပျက်စီးခဲ့တယ်လို့ ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။ "အိမ်ကတော့ လူနေအိမ်ပဲ မိန်းက‌လေးထိတယ်ပြောတယ်။ မိန်းကလေးနှစ်ယောက်။ ဒီကျတာက ဖရဲသီးခြံစိုက်ခင်းထဲမှာက...

ဒီမော့ဆို အရှေ့ဘက်ခြမ်းမှ ဆွေမျိုးများထံ ယာယီ ပြောင်းရွေ့လာတဲ့ စစ်ရှောင်ကလေးအချို့ ဝမ်းပျက်ဝမ်းလျောဖြစ်နေ

CJ (ကန္တာရဝတီတိုင်း(မ်)) ကရင်နီပြည် ဒီမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ မတ်လ ၁၀ ရက်နေ့ ကတည်းက ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် အနောက်ဘက်ခြမ်းက ဆွေမျိုးတွေဆီကို ယာယီ ပြောင်းရွေ့လာတဲ့ စစ်ရှောင်တွေအထဲက ကလေးတွေဟာ ဝမ်းပျက်ဝမ်းလျောဖြစ်နေတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။ "အကြောင်းရင်းက ဘာလဲ မသိဘူး၊ ရေရှားတဲ့ နေရာလဲ မဟုတ်ဘူး၊...