spot_imgspot_imgspot_imgspot_img
Tuesday, January 14, 2025
spot_imgspot_imgspot_imgspot_img

ကရင်နီပြည်မှာ တစ်နှစ်ကြာ စစ်ဘေးရှောင်နေကြတဲ့ သံတောင်ကြီးဒေသခံတွေ နေရပ် မပြန်နိုင်သေး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ယာဒိုကျေးရွာအနီးအနားက တိုက်ပွဲကြောင့် ၁နှစ်နီးပါး ကရင်နီပြည်ထဲကို စစ်ဘေးရှောင်ခဲ့တဲ့ ဒေသခံတွေဟာ ယခုအချိန်ထိ နေရပ်ပြန်လည်နေထိုင်နိုင်တာမရှိသေးဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် ဇူလိုင်လအတွင်းက သံတောင်ကြီးမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ ကျေးရွာ ၅ရွာထက်မနည်း စစ်ဘေးရှောင်ခဲ့ရတာဖြစ်ပါတယ်။ ဒေသခံအများစုဟာ နီးစပ်ရာ တောင်ငူမြို့ကို စစ်ဘေးရှောင်ခဲ့ကြသလို ကရင်နီပြည်အတွင်းကိုလည်း စစ်ဘေးရှောင်ခဲ့ကြပါတယ်။ စစ်ဘေးရှောင်တွေဟာ မိမိတို့နေရပ်မှာ ပြန်လည်နေထိုင်ခြင်းမရှိသေးပေမဲ့ စပါး၊ နနွင်း၊ တောင်ယာလုပ်ငန်းတွေကို ပြန်လုပ်နေကြတာရှိတယ်လို့ သိရပါတယ်။

” အခုလောလောဆယ် မပြန်ရဲသေးဘူး။ နိုင်ငံရေးအခြေအနေလည်း မကောင်းသေးတော့ မပြန်ရဲတာ။ တကယ်လို့ နိုင်ငံရေးအခြေအနေပြန်ကောင်းလာမယ်ဆိုရင် ပြန်လို့ရပြီလို့ သူများပြောရင်တော့ ကျမတို့ပြန်မယ်လို့”လို့ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ တိုက်ပွဲဖြစ်ပွားခြင်းမရှိတော့ပေမဲ့ ယာဒိုကျေးရွာနဲ့ အနီးတစ်၀ိုက် ကျေးရွာတွေမှာ စစ်ကောင်စီတပ်စခန်းရှိနေတာကြောင့် လက်နက်ကြီးပစ်ခတ်မှာကို စိုးရိမ်တဲ့အတွက် ပြန်မနေထိုင်သေးဘူးလို့ ပြောပါတယ်။

ကရင်နီပြည်တွင်းက စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်ကြတာဖြစ်ပြီး စားဝတ်နေရေးအတွက် တောင်ယာ၊ နေ့စားလိုက်ကြတယ်လို့ သူက ဆက်ပြောပါတယ်။

“စား၀တ်နေရေး။ ကျမတို့ဘာမှမလုပ်ဘူး။ အစကပြောတော့ တစ်လ နှစ်လ၊ လေးလလောက်ပဲ ကြာမယ်ပြောတော့ ကျမတို့လာနေတာ။ သူများတောင်ယာခေါ်ခုတ်တယ် ဒီမှာ။ ဒါမဲ့ ကျမတို့ကလည်း လုပ်မယ်ဆိုရင်လည်း ပြန်ကျရင် စကောစက ဖြစ်မှာကြောက်လို့ဆိုပြီး မလုပ်တာ။ ဘာမှမလုပ်ဘူး ဒါမဲ့ သူများနေ့စားငှားတဲ့သူရှိရင် ကျမတို့ လိုက်လုပ်တယ်” လို့ သံတောင်ကြီးမြို့နယ်ကနေ စစ်ရှောင်လာသူတစ်ဦးက ပြောပါတယ်။

သံတောင်ကြီးမြို့နယ်အတွင်း ကျေးရွာ ၄ ရွာက ဒေသခံတွေဟာ ကရင်နီပြည်က စစ်ဘေးရှောင်စခန်းတွေမှာ ပြန့်ကျဲနေထိုင်ကြပြီး လူဦးရေ ၄၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts