spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီပြည်မှာ တစ်ပတ်အတွင်း တိုက်ပွဲ ၅ကြိမ်ဖြစ်ပွား၊ စစ်ကောင်စီတပ်မှ တိုက်လေယာဉ် (၂)ကြိမ်သုံး တိုက်ခိုက်ခဲ့

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်မှာ ဇူလိုင်လ ဒုတိယအပတ်အတွင်း တိုက်ပွဲ ၅နေရာဖြစ်ပွားခဲ့ပြီး မတ်စလောင်းတောင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် (၂)ကြိမ် အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF ) က ဒီကနေ့ ဇူလိုင်လ ၁၅ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ ၁၁ရက်နေ့မှာ ဘောလခဲမြို့နယ် မက်စလောင်းတောင် စခန်းကုန်းကို ကရင်နီတပ်မတော် ( KA )နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF ) သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီက တိုက်လေယာဉ်နဲ့ နှစ်ကြိမ်အသုံးပြု တိုက်ခိုက်ခဲ့ပြီး
KNDF -16 ရဲဘော်တစ်ဦး ကျဆုံးခဲ့ရပါတယ်။ ရွံရွံချွန်ချွန်တိုက်ခိုက်ရင်း ကျဆုံးခဲ့ရတဲ့ KNDF ရဲဘော်ကို အာဏနည်သူရဲကောင်းအဖြစ် အလေးပြု သမိုင်းမှတ်တမ်းတင်ကြောင်း KNDF က ဆိုပါတယ်။

ဒီးမော့ဆိုမြို့နယ်၊ သေးဆူလဲကျေးရွာမှာ နယ်မြေလုံခြုံရေးယူနေတဲ့ KNDF တပ်ဖွဲ့နဲ့ စစ်ကောင်စီတို့ ဇူလိုင်လ ၁၁ရက်နေ့မှာ တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။ ဒီးမော့ဆိုမြို့ ၊ဒေါငံခါးကျေးရွာမှာလည်း ဇူလိုင်လ ၁၂ရက်နေ့က စစ်ကောင်စီထောက်ပို့ကားနှစ်စီးကို KNDF တို့ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ ၁၄ရက်နေ့မှာလည်း ဖရူဆိုမြို့နယ်အတွင်း KA၊ KNDF တို့ နယ်မြေရှင်းလင်းရေး ပြုလုပ်နေချိန် စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တစ်ဦး သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ဒီးမော့ဆိုမြို့နယ် အူးခူရီကျေးရွာမှာလည်း နယ်မြေလုံခြုံရေးယူနေတဲ့ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KNDF က သတင်းထုတ်ပြန်ထားပါတယ်။

spot_img
spot_img