spot_imgspot_imgspot_imgspot_img
Sunday, February 9, 2025
spot_imgspot_imgspot_imgspot_img

ကရင်နီပြည်မှာ နှစ်ရက်အတွင်း မူးယစ်ဆေးဝါး အလုံး လေးသောင်းသုံးထောင်ကျော် ဖမ်းဆီးရမိ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်မှာ ဧပြီလ ၂ရက်နေ့မှာ ၃ရက်နေ့ နှစ်ရက်အတွင်း မူးယစ်ဆေးဝါး အလုံး လေးသောင်းသုံးထောင်ကျော်ကို ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။

ဒီကနေ့ မတ်လ ၃ရက်နေ့မှာ အသွားအလာပြုလုပ်နေတဲ့ အိမ်စီးကားတစ်စီးကို စစ်ဆေးပြီး WY အမျိုးအစား မူးယစ်ဆေးဝါး အလုံး သုံးထောင်ကို တွေ့ရှိခဲ့ပြီး ဖျက်စီးခဲ့တယ်လို့ KNDF B-09 က ထုတ်ပြန်ထားပါတယ်။

ဧပြီလ ၂ရက်နေ့မှာ မူးယစ်ဆေးဝါးရောင်းဝယ်နေတဲ့သူ နှစ်ဦးဆီကနေ မူးယစ်ဆေးဝါး လေးသောင်းကျော်ကို KA၊ KNDF B-12တို့က ဖမ်းဆီးရမိပြီး သိန်းနှစ်ရာကျော်တန်ဖိုးရှိတယ်လို့ KNDF B-12က ထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးရမိတဲ့ ရောင်းဝယ်သူနှစ်ဦးနဲ့ WY မူးယစ်ဆေးဝါးတွေကို သက်ဆိုင်ရာ ကရင်နီပြည်ရဲဌာန ( KSP ) ကို လွဲပြောင်းပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလမှာလည်း ကရင်နီပြည်အတွင်းမှာ မူးယစ်ဆေးဝါး တစ်သိန်း ငါးသောင်းကျော် တန်ဖိုး သိန်းတစ်ထောင်ကျော်ရှိတဲ့ မူးယစ်ဆေးဝါးကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ( KNPP ) က ဖမ်းဆီးရမိခဲ့ပါတယ်။

spot_img
spot_img