spot_img
Sunday, April 2, 2023
spot_img

“ကရင်နီပြည်သူ့ရင်ခွင်” ထဲခိုလှုံခွင့်ရတာ လွတ်လပ်မှုရှိပြီး အာဏာရှင်မဆန်ဘူးလို့ CDM ပြုလုပ်ထားတဲ့ စစ်သားတွေပြော

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း(မ်)

စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းဆောင်လိုတဲ့ စစ်သားတွေက CDM ပြုလုပ်ပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) CDM ဌာနလက်အောက်က ကရင်နီပြည်သူ့ရင်ခွင်ကို ခိုလှုံခဲ့ပြီး လက်ရှိမှာ လွတ်လပ်စွာနေထိုင်ရသလို အာဏာရှင်မဆန်ဘူးလို့ ထုတ်ဖော်ပြောဆိုကြပါတယ်။

“ဒီဖက်ကိုရောက်တော့ဗျ လုံးဝပျော်တယ်။ ပျော်ရွှင်မူတွေရှိတယ်။ ပြီးတော့ ညီအစ်ကိုလိုမျိုးဗျ စိတ်ဓာတ်တွေရှိတယ်။ အဲ့ဒီလိုတစ်ပြေးညီတယ်ပေါ့။ အဲ့ဒီလို အချက်လက်တွေကြိုက်တယ်ဗျ။ နောက်ပြီးတော့ ဘယ်လိုပြောရမလဲဆို ဒီအာဏာရှင်မရှိဘူးပေါ့။ အာဏာမဆန်ဘူး အဲ့လိုပေါ့။” လို့ တပ်မ ၆၆လက်အောက်ခံ ခလရ ၁၁ မှာ တပ်သားတာဝန်ထမ်းဆောင်ခဲ့ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ အသက် ၂၁နှစ်အရွယ် မောင်ရဲလွင်ထွန်း ကပြောပါတယ်။

လူငယ်ပီပီ အာဏာရှင်ဆန်မှုကိုမကြိုက်တဲ့အပြင် လက်အောင်ငယ်သားတွေကို ညှာတာမှုမရှိ နှိပ်စက်တဲ့အတွက် မျက်မြင်တွေ့ရှိခဲ့ပြီးနောက် စစ်တပ်ကိုစွန့်ခွာပြီး CDM ပြုလုပ်ဖို့ တွန်းအားဖြစ်စေခဲ့တယ်လို့ သူက ထုတ်ဖော်ပြောဆိုပါတယ်။ မိုးဗြဲမြို့ကို စစ်ကြောင်းထိုးနေတဲ့အချိန် သူငယ်ချင်းနှစ်ယောက်နဲ့ CDM ပြုလုပ်ပြီးထွက်ပြေးလာခဲ့တယ်လို့ပြောပါတယ်။ ထွက်ပြေးဖို့ကလည်း နှစ်လလောက်အချိန်ယူခဲ့ရတယ်လို့ ပြောပါတယ်။

အသက် ၁၈နှစ်မှာ စစ်တပ်ထဲလိမ်ညာခေါ်ဆောင်ခံရပြီး တစ်နှစ်ကျော် တာဝန်ထမ်းဆောင်ပြီးနောက် စစ်တပ်ထဲ မနေချင်တော့ဘဲ ရှေ့တန်းရောက်တဲ့အချိန် ထွက်ပြေးလာခဲ့တာလို့ ဆိုပါတယ်။ လက်ရှိမှာလည်း စစ်ကောင်စီကို ဆက်လက်တွန်းလှန်တိုက်ခိုက်သွားမှာဖြစ်သလို တော်လှန်ရေးအောင်မြင်တဲ့အချိန်ကျရင် အိပ်မက်တွေကို အကောင်အထည်ဖော်သွားမယ်လို့ မောင်ရဲလွင်ထွန်းက ပြောပါတယ်။

အလားတူ အသက် ၁၉နှစ်အရွယ် မောင်ဂျွန် ၂၀၂၂ခုနှစ် ဧပြီလ ၁၇ရက်နေ့မှာ တပ်မ ၆၆လက်အောက်အတွင်း လက်အောက်ခံငယ်သားတွေကို ဖိနှိပ်တာကို မခံနိုင်တော့တဲ့အတွက် CDM ပြုလုပ်ခဲ့ပြီး အချိတ်အဆက်တွေနဲ့ KNDF CDM ဌာနကိုရောက်ရှိလာတယ်လို့ ပြောပါတယ်။

“အနိုင်ကျင့်တယ်ဗျ။ လက်အောက်ခံသားတွေကို ဖိနှိပ်ချုပ်ချယ်တာတွေ အနိုင်ကျင့်မှု အဲ့ဒါကြောင့်ကျနော်ထွက်ပြေးလာတာပါ။ ထွက်ပြေးလာတဲ့ချိန်မှာတော့ ကျနော်တောင်ပေါ်ကဆင်းပြေးတယ်ဗျ။ ဆင်းပြေးတော့လိုက်ဖမ်းတယ်။ လိုက်ဖမ်းမီခါနီးမှာ ကျနော်ကျောပိုးအိတ်ပါတယ်ဗျ။ ချွတ်ထားခဲ့တယ်။ ကျောင်းပိုးအိတ်တွေရယ် ကြည်ကာရယ်ချွတ်ထားခဲ့တယ်။ သေနတ်နဲ့လည်းလိုက်ပစ်တယ်ဗျ” လို့ မောင်ဂျွန်ကပြောပါတယ်။

CDM မပြုလုပ်ရသေးတဲ့ စစ်သားတွေအနေနဲ့ စစ်ကောင်စီလက်အောက်မှာ ကျွန် မခံ၊ အဖိနှိပ်မခံဘဲ ပြည်သူနဲ့အတူ လာရောက်ပူးပေါင်းပြီး ပြည်သူတွေကို ကာကွယ်ပေးဖို့တိုက်တွန်းပြောဆိုပါတယ်။

KNDF CDM ဌာနလက်အောက်ကကရင်နီ ပြည်သူ့ရင်ခွင်ထဲ ခိုလှုံလာတဲ့ စစ်သား CDM ဦးရေ ၈၀ အထက် ရှိပြီး တပ်မ ၆၆လက်အောက်ခံ တပ်သား အများဆုံးဖြစ်သလို စစ်ကြောင်းထိုးရင်း CDM ကူးပြောင်းတဲ့ပုံစံများတယ်လို့ ကရင်နီပြည်ပြည်သူ့ရင်ခွင် တာဝန်ခံ ကိုယုန်လေး ပြောဆိုချက်အရ သိရပါတယ်။

စစ်ကောင်စီလက်အောက်မှာမနေလိုဘဲ CDM ပြုလုပ်လိုတဲ့ စစ်သားတွေအနေနဲ့ ကရင်နီပြည်သူ့ရင်ခွင် Page ထံ လာရောက်ဆက်သွယ်နိုင်ပြီး အမြန်ဆုံး ရုန်းထွက်ကြဖို့ ကိုယုန်လေးက တိုက်တွန်းပြောဆိုထားပါတယ်။

“ကျနော်တို့က ကရင်နီပြည်သူ့ရင်ခွင် Pageကိုပဲ အဓိကသုံးလာတာ ဖြစ်တယ်ပေါ့နော။ အဲ့တော့အကယ်၍ဆက်သွယ်ချင်တယ် ကရင်နီပြည် ပြည်သူ့ရင်ခွင်ကနေ လှမ်းပြီးတော့ချိတ်လို့ရပါတယ်။ ကျနော်တို့အဲ့မှာလည်းအမြဲတမ်းရှိတယ်ပေါ့နော်။ ကျနော်တို့အရေးတော်ပုံအောင်ပြီးတဲ့ခါမှာ ကျနော်တို့သမိုင်းမရိုင်းဖို့ အခုကတည်းက ရုန်းထွက်လာပေးဖို့ပြောချင်တယ်။ကျနော်တို့ခု အနေသာတယ်ဆိုပြီး ဆက်မနေပဲနဲ့ ဒီအချိန်မှာ ကျနော်တို့တစ်ချိန်ချိန်ကြရင် အထိုးကျွေးခံရမယ်။ အဲ့ဒီအချိန်ကြရင် ကျနော်တို့ သူတို့ခိုင်းတာပဲ လုပ်နေရတာဆိုတာ သိထားဖို့လိုတယ်။ အဲ့ဒီတော့ အများဆုံးထွက်ပြီးတော့ ဒီသူတို့ရဲ့ လက်အောက်မှာတာဝန်မထမ်းဆောင်ပေးဖို့ ပြီးတော့ အမြန်ဆုံးရုန်းထွက်ဖို့ ပြောချင်တယ်။” လို့ ကိုယုန်လေးက ပြောပါတယ်။

ကရင်နီပြည်သူ့ရင်ခွင်အဖွဲ့ဟာ KNDF ညွှန်ကြားမှု လမ်းညွှန်ချက်တွေနဲ့အညီ လည်ပတ်နေတာဖြစ်ပြီး လက်ရှိမှာတော့ CDM ပြုလုပ်လာတဲ့စစ်သားတွေကို သွားရောက်ခေါ်ဆောင်တာ ရှေ့တန်းစစ်မြေပြင်မှာ စစ်ကူသွားတာတွေ ကို ဆောင်ရွက်လျက်ရှိနေတယ်လို့ ဆိုပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

လူထုထောက်ခံမှုရှိနေသ၍ ပါတီဆက်ရှိနေအုံးမယ်လို့ KySDP ပြော

ကန္တာရဝတီတိုင်း( မ် ) ကရင်နီပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီအပါအဝင် တိုင်းရင်းသားပါတီ ၄၀ ကို ဖျက်သိမ်းကြောင်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင် ( UEC ) က မတ်လ ၂၈ ရက်နေ့မှာ ကြေညာခဲ့ပေမယ့် လူထုထောက်ခံမှုရှိနေသ၍ ကတော့ ပါတီဆက်လက်ရှိနေအုံးမှာဖြစ်တယ်လို့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ ( KySDP...

နှစ်ရက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၁၅)ဦးသေဆုံး၊ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း ဒေါလျားခူကျေးရွာအနီးရှိ ညေးဘူးခူတောင်ပေါ် ဖက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော်(KA)၊ KNDF ပူးပေါင်းတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၅ ဦးသေဆုံးခဲ့သလို လက်နက်ခဲယမ်းအသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းမိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဒီကနေ့ မတ်လ ၃၁ ရက်နေ့မှာ...

တစ်လကျော်ကြာတိုက်ပွဲပြင်းထန်နေတဲ့ ဖယ်ခုံ-ပင်လောင်း နယ်စပ်မှာ လေကြောင်းတိုက်ခိုက်မှုပြင်းထန်စွာ အသုံးပြုနေ

ကန္တာရဝတီတိုင်း(မ်) ပင်လောင်းမြို့နယ်ဖက် စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေတာ တစ်လကျော်ကြာရှိနေပြီဖြစ်ပြီး စစ်ကောင်စီဖက် လေကြောင်းတိုက်ခိုက်မှု ပြင်းထန်စွာ သုံးနေတယ်လို့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဆိုကြပါတယ်။ မတ်လ (၂၉)ရက်နေ့ ဖယ်ခုံ-ပင်လောင်းနယ်စပ်တစ်နေရာမှာ ဖြစ်တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဖက် တိုက်လေယာဉ် (၄)စင်းနဲ့ အပြင်းအထန် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီရက်တိုက်ပွဲမှာ...

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းရှိ အထက်တန်းစာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရ

ကန္တာရဝတီတိုင်း(မ်) ဒီကနေ့ မတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်မှာ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းကို စစ်ကောင်စီ လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တဲ့အတွက် အထက်တန်း စာသင်ကျောင်းတစ်ကျောင်း ထိမှန်ပျက်စီးခဲ့ရပါတယ်။ “၁ နာရီ ၁၆မိနစ်မှာ တိုက်လေယာဉ် နှစ်ပတ် ပတ်ပြီးဝဲတာ ဝဲပြီးတော့ ၁၈မိနစ်လောက်မှာ တစ်ခါတည်းတန်းပစ်တာ။ ၈ခေါက်တိတိပစ်တယ်။ လေယာဉ်ဒုံးနဲ့လည်းပစ်တယ် ရွာတစ်လျှောက်...