spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီပြည်၊ ဆိုတရှားမြို့နယ်ထဲက စစ်ရှောင်စခန်းတခုမှာ လူဦးရေထက်ဝက်ကျော် ရာသီတုပ်ကွေး ဖျားနေကြ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဆိုတရှားမြို့နယ်ထဲက စစ်ရှောင်စခန်းတခုမှာ ရာသီတုပ်ကွေးရောဂါ အဖြစ်များနေကြပြီး၊ ကူးစက်မှုလည်းမြန်တာကြောင့် လူဦးရေရဲ့ ထက်ဝက်ကျော်လောက်က ဖျားနာနေကြတယ်လို့ အဆိုပါ စစ်ရှောင်စခန်းမှာရှိနေတဲ့ ဆေးဆရာမ တဦးဆီကနေ သိရပါတယ်။

“ဥပမာ လူဦးရေက ၅၀၀ လောက်ရှိရင် အနည်းဆုံးတော့ ၃၀၀လောက်က ရှိတယ်။ ဖျားတဲ့သူက ပိုများတယ်။ ဘာလို့ဆို တယောက်ဖြစ်ပြီဆို ကူးပြီးသား တမိသားစုလုံးဖျားကြ အဲ့လိုမျိုးဖြစ်တာကော”လို့ ဆေးဆရာမက အခုလို ပြောပါတယ်။

အဆိုပါတုပ်ကွေးဟာ ရာသီဥတုအပြောင်းအလဲကြောင့်ဖြစ်သလို ကိုယ်ခံအားနည်းကြတာကြောင့်လည်း ကူးစက်ပြီး တမိသားစုလုံး ဖျားနာကြတာဖြစ်တယ်လို့ အဆိုပါ ဆေးဆရာမက ဆက်ပြောပါတယ်။

“ယောက်တိုင်းလိုလို တွေ့တာက အဖျားတွေတက်ပြီးတော့မှ ချောင်းတကုန်ဆိုးကြ။ အဖျား တော်ရုံလည်း အဖျားမကျကြဘူး။ ဖျားတာလည်း တရက်နှစ်ရက်နေမပျောက်ဘူး အပတ်နဲ့ချီပြီးဖျားကြတော့ သူတို့လည်း တော်တော်ခက်ခဲရှိ ဒုက္ခရောက်ကြတာပေါ့။ ဆေးလည်း မလုံမလောက်ဖြစ်နေတယ်”လို့ အဆိုပါ ဆေးဆရာမက ပြောပါတယ်။

စစ်ဘေးရှောင်စခန်းမှာ ကုသဖို့ ဆေးတွေ မလုံလောက်တာကြုံနေကြတယ်လို့ စစ်ရှောင်တွေဆီကနေ သိရပါတယ်။

“အများအားဖြင့်က ချောင်းဆိုးတာပဲသိတယ်။ အယောက်တိုင်းလိုလိုကတော့ ခေါင်းကိုက်တယ်။ ကိုယ်ပူတယ်။ ပြီးတော့ ကျမမိသားစုမှာလည်း အဲ့လိုမျိုးတွေ့ရတယ်။ပြီးတော့ အဲ့ဒီလက္ခဏာ ပြောရမယ်ဆိုရင်တော့ လက္ခဏာကအဲ့တာပေါ့နော်။ ချောင်းဆိုးတယ်။ ခေါင်းကိုက်တယ်။ ကိုယ်ပူတယ် အဲ့တာပဲပေါ့နော်။ ပြီးတော့ တချို့ကညဆို ချမ်းတုန်တယ် အဲ့လိုမျိုးပေါ့နော်။ ဒီကျမတို့ ရဲ့ မိသားစု တွေထဲမှာပေါ့။ ကျမ ကလေးတွေလည်း ဖြစ်ဖူးတယ်။ ပြီးတော့အမေလည်းဖြစ်ဖူးတယ်။ ချမ်းတုန်တာတို့ အဲ့လိုမျိုးပေါ့။ ညဖက်မှာပဲ ပေါ့‌နော် သူအဖျားတက်ပြီးမှ ချမ်းတုန်တယ်အဲ့လိုမျိုး”လို့ စစ်ရှောင်တဦးဖြစ်တဲ့ မော်တာမယ်က ပြောပါတယ်။

တုပ်ကွေးကူးစက်မှုကို ကာကွယ်နိုင်ဖို့ လိုအပ်တဲ့‌ဆေးတွေနဲ့ အာဟာရဓါတ်ပြည့်ဝစေမဲ့ အစားအစာတွေ စားသောက်ပေးဖို့လိုအပ်ပေမဲ့ စစ်ရှောင်တွေအတွက် အခက်အခဲရှိနေတယ်လို့ ဆိုပါတယ်။ အဆိုပါ စစ်ရှောင်စခန်းမှာ လူဦးရေ ၂၀၀၀ ဝန်းကျင်ရှိနေတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts