spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီပြည် နေရာ၂ခုကို စစ်ကောင်စီက သန်းခေါင်ယံချိန်မှာ လေယာဉ်နဲ့ဗုံးကြဲ၊ အရပ်သားနှစ်ဦးသေဆုံးကာ ငါးဦးဒဏ်ရာရပြီး ထိခိုက်ပျက်စီးမှုများပြား

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

မနေ့က ဇူလှိုင်လ ၁၁ ရက်နေ့ ညသန်းခေါင်ယံအချိန်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ကရင်နီပြည်နယ်အတွင်း နှစ်နေရာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုနဲ့ ကာ ထိခိုက်ဒဏ်ရာရရှိမှုတွေ ရှိနေတဲ့အပြင် ဘာသာရေးအဆောက်အဦး၊ ဆေးပေးခန်း၊ စာသင်ကျောင်းတွေ နဲ့ လူနေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

ဇူလှိုင်လ ည ၁၂ နာရီအချိန်မှာ ဖားဆောင်းမြို့နယ်အတွင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေရာတခုကို တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ၁၁ နှစ်အရွယ် အရပ်သားတစ်ဦး သေဆုံးကာ ဘာသာရေးအဆောက်အဦးနဲ့ လူနေအိမ် ခြောက်လုံး ထိခိုက်ပျက်စီးသွားတယ်လို့ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“လေယာဉ်နဲ့ ဗုံး သုံးကြိမ်လာကြဲသွားတယ်ပေါ့နော။ ခရစ်ယာန်ဘုရားကျောင်း ပျက်စီးသွားတယ်။ နေအိမ်ခြောက်လုံး ပျက်စီးသွားတယ်။ ပြီးရင် အသက် ဆယ်နှစ်ကျော်၊ ဆယ့်တစ်နှစ်အရွယ် ယောကျာ်းလေးပေါ့နော။ ကလေးတစ်ဦး သေဆုံးသွားတယ်ပေါ့နော။ နှစ်ဦးထိခိုက်ဒဏ်ရာ ရသွားတယ်ပေါ့နော။ ဒါပေမယ့် စိုးရိမ်ရခြင်းတော့ မရှိဘူးပေါ့။” လို့ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် ဒီကနေ့ ( ဇူလှိုင်လ ၁၂ ရက်နေ့ ) မနက် တစ်နာရီဝန်းကျင်မှာလည်း ကရင်နီပြည်နယ် နယ်စပ်တစ်နေရာကိုလည်း လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ပြီး စစ်ဘေးရှောင်အမျိုးသားတစ်ဦး သေဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ဘေးရှောင်တွေ နေထိုင်တဲ့ လူနေအိမ် အများအပြားနဲ့ စစ်ဘေးရှောင်စခန်းက ဆေးခန်းအပါအဝင် စစ်ဘေးရှောင် ဆယ်ကျော်သက် လူငယ်များ တက်ရောက်နေကြတဲ့ ဆယ်သဲကျောင်း ထိခိုက်ပျက်စီးသွားတယ်လို့ သိရှိရပါတယ်။

“လေယာဉ်လာတာတော့ တစ်စီးပဲ၊ ကြဲချတာတော့ ၆လုံးကြဲတယ်။ အဲဒီမှာ ကျောင်းတွေ၊ ဆယ်သဲကျောင်းပျက်စီးသွားတယ်။ ရွာသူ၊ရွာသားတွေရဲ့ နေအိမ်တွေပျက်စီးသွားတာက လေး၊ ငါးလုံးလောက်ရှိမယ်။ ရွာသူရွာသားတွေကတော့ ထိခိုက်တာလည်း လေး၊ ငါးယောက်လောက် ရှိနေတယ်။ နောက်ပြီးတော့ ဆေးခန်းတစ်လုံးကိုလည်း ထိသွားတယ်။ ဆေးခန်းကတော့ အသစ်ဆောက်ထားတာပေါ့နော။ ဆေးခန်းကတော့ ပျက်စီးသွားတဲ့ ဒေသခံတွေရဲ့ အိမ်နဲ့ နီးတာပေါ့။” လို့ လေယာဉ်ဗုံးကြဲတိုက်ခိုက်တဲ့ နေရာကို ရောက်ရှိနေတဲ့ ကန္တာရဝတီတိုင်း(မ်) မြေပြင်သတင်းထောက်က သတင်းပေးပို့ပါတယ်။

စစ်ကောင်စီတပ်က အကြောင်းမဲ့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာဟာ သူတို့အနေနဲ့ ရှုံးမဲ မဲနေတာဖြစ်သလို ဒီလိုကျူးလွန်နေတဲ့အပေါ် နိုင်ငံတကာက အရေးယူပေးဖို့ကိုလည်း ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူက ပြောဆိုထားပါတယ်။

“တမင်သက်သက်ကို အရပ်သားပြည်သူတွေရဲ့ အိုးအိမ်ကို ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ခိုက်တာ ဖြစ်ပါတယ်။ အဲ့နေရာမှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိပါဘူး။ တကယ်တမ်းတော့ နိုင်ငံတကာရဲ့ အနေအထားအရ ဆိုရင်တော့ ကျနော်တို့ အရပ်သားပြည်သူတွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေကို ရည်ရွယ်ချက်ရှိရှိ မင်းအောင်လှိုင်စစ်အုပ်စုက တိုက်ခိုက်လာတယ်ပေါ့နော။ ဒီအနေအထားက သူတို့တွေ ရှုံးမဲမဲနေပြီလို့ ပြောလို့ရသလို လုံးဝ မလုပ်သင့်၊ မလုပ်ထိုက်တဲ့ ကိစ္စကိုလည်းဘဲ လုပ်တဲ့ လုပ်ရပ်ကြီးကို လုပ်နေတာပေါ့။ ဒီဟာအပေါ်မှာလည်းဘဲ နိုင်ငံတကာက အရေးယူသင့်တာတွေ ယူပေးဖို့ ကျနော်တို့ တိုက်တွန်းပါတယ်။” လို့ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီရဲ့ လေတပ်ကနေ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ နှစ်နေရာဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘူးလို့ သိရပါတယ်။ ဖားဆောင်းမြို့နယ်အတွင်းက တစ်နေရာဟာ အရပ်သားတွေ နေထိုင်တဲ့ကျေးရွာတစ်ရွာဖြစ်ပြီး နယ်စပ်တစ်နေရာမှာတော့ စစ်ဘေးရှောင်လူထုများသာ ခိုလှုံနေထိုင်ကြတဲ့ နေရာများ ဖြစ်ပါတယ်။

spot_img
spot_img

Recent posts