spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီပြည် ရဲဌာန အမှတ် (၅ )မှာ အကျဥ်းသား ပိုမို များပြားလာတာကြောင့် စားနပ်ရိက္ခာနဲ့ ဆေးဝါး ပိုမို ခက်ခဲလာ

Author

Date

Category

ကန္တာရဝတီ တိုင်း(မ်)

ကရင်နီပြည် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းက ကရင်နီပြည် ရဲဌာန (KSP) အမှတ် (၅)မှာ အကျဉ်းသားတွေ ပိုမိုများပြားလာတာကြောင့် စားနပ်ရိက္ခာနဲ့ သူတို့ရဲ့ ကျန်းမာရေး အတွက် ဆေးဝါးလိုအပ်ချက်တွေ များလာတယ်လို့ သိရပါတယ်။

အကျဉ်းသားဦးရေကို လုံခြုံရေးအရ ထုတ်ဖော်မပြောပြနိုင်ပေမဲ့ အကျဥ်းသား အများစုမှာ မူးယစ်ဆေးဝါးတရားခံတွေဖြစ်ပြီးတော့ အမျိုးသမီးတွေလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။

KSPရဲ့ အကျဉ်းစခန်းမှာ ဆေးဝါးမလုံလောက်မှုမရှိတဲ့အပြင် ကျန်းမာရေးစောင့်ရှောက်မှု ပေးတဲ့ ဆရာ၊ ဆရာမ မရှိတာကြောင့် အကျဉ်းသားတွေ ဖျားနာရင် အပြင်ဆေးခန်းထိ သွားရောက်ကုသနေရတယ်လို့ စခန်းမှုး ခူးပရေရယ်က ပြောပါတယ်။

“ကျန်းမာရေး အပိုင်းက ဒီမှာက ကျနော်တို့ ဆေးဝါးမရှိတဲ့ အတွက်လေ ဥပမာ တယောက်ဖျားရင် အပြင်ဆေးခန်းပဲ သွားပြပြီးတော့ ဆေးကုရတာပေါ့နော်။ အဲ့တာ ကျနော်တို့အတွက် ခက်ခဲတယ်။ အရင်ကဆို ကျနော်တို့ကို ဆေးကုပေးမယ့်သူတွေ ရှိတယ်။ ခုနောက်ပိုင်း ဆေးလှူပေးမဲ့သူတွေ ရှားလာတော့ ခက်ခဲလာတာပေါ့နော်။ ရဲဘော်တွေ အတွက်ကော အကျဉ်းသားတွေ အတွက်ကော။” လို့ စခန်းမှုး ခူးပရေရယ်က ပြောပါတယ်။

အစောပိုင်းကာလတွေမှာတော့ အကျဉ်းသားတွေကို ထမင်း သုံးနပ် ပုံမှန် ကျွေးနိုင်ခဲ့ပေမဲ့ နောက်ပိုင်းမှာ အကျဉ်းသား ဦးရေ များလာပြီး အလှူရှင်တွေနည်းလာတာကြောင့် တရက်ကို ထမင်း နှစ်နပ်သာ ကျွေးနိုင်တော့တယ်လို့ ဆိုပါတယ်။

“အခုနောက်ပိုင်းဆို ရိက္ခာတွေက အရမ်းကို ခက်ခဲတဲ့ အခြေအနေ ဖြစ်နေတယ်ပေါ့နော်။ ကျနော်ကို မနည်းကို အားတင်းထားတာ ဆိုတဲ့ဟာမျိုးတွေ ကြိုးစားနေတယ်ပေါ့။ ဆင်ပြေအောင်၊ ပြေလည်အောင်၊ အရင်ကဆို သုံးနပ်လောက် ကျွေးနိုင်တယ်။ အခုနောက်ပိုင်းဆို တရက်ကို နှစ်နပ်လောက်ပဲ ကျွေးနိုင်တော့တယ် ဆိုတဲ့ဟာမျိုးတွေ ဖြစ်တယ်ပေါ့နော်။” လို့ စခန်းမှူး ခူးပရေးရယ်က ဆက်ပြောပါတယ်။

မူးယစ်ဆေးဝါး ကင်းရှင်းအောင် ကျေးရွာ၊ စာသင်ကျောင်းတွေမှာ ဟောပြောပွဲတွေကိုလည်း ပြုလုပ်ပေးနေတယ်လို့ ဆိုပါတယ်။ လက်ရှိ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်းမှာ တရားရုံးကိုလည်း ဖွင့်လှစ်ထားနိုင်ပြီဖြစ်ပြီး အမှုတွေ စစ်ဆေးနေပေမဲ့ အမိန့်ချမှတ်တာတွေတော့ မရှိသေးဘူးလို့ ဆိုပါတယ်။

လက်ရှိ ကရင်နီပြည်မှာ ကရင်နီပြည်ရဲဌာန ( KSP ) အမှတ် (၈)အထိ ရှိလာနေပြီဖြစ်ပြီး၊ နေရာအနှံ့မှာ တာဝန်ထမ်းဆောင်နေကြတာ ဖြစ်ပြီးတော့ ရဲကင်း (၂)ခုလည်း ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts