spot_imgspot_imgspot_imgspot_img
Thursday, July 10, 2025
spot_imgspot_imgspot_imgspot_img

ကရင်နီပြည် လွိုင်ကော် – မိုးဗြဲလမ်းမကြီးနဲ့ လွိုင်ကော် – ဆီဆိုင် လမ်းမကြီး တစ်လျှောက် သွားလာခွင့်မပြုကြောင်း KNDF တပ်ရင်း (၂) ထုတ်ပြန်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် လွိုင်ကော်- မိုးဗြဲလမ်းမကြီးနဲ့ လွိုင်ကော် – ဆီဆိုင်လမ်းမကြီး တစ်လျှောက်မှာ စစ်ကောင်စီတပ်တွေက နည်းလမ်းပေါင်းစုံနဲ့ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေပြီး လမ်းမကြီး တစ်လျှောက်မှာလည်း စစ်ရေးအခြေအနေတွေ တင်းမာနေတဲ့အတွက် အချိန်မရွေး ထိတွေ့တိုက်ပွဲ ဖြစ်ပွားနိုင်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်း(၂)က ပြောပါတယ်။

အဆိုပါ လမ်းမကြီးကို အသုံးပြုသွားလာကြမယ့် မိဘပြည်သူတွေအနေနဲ့ ဇူလိုင်လ ၁၈ ရက်နေ့ကနေစပြီး ဇူလိုင်လ ၂၈ ရက်နေ့အထိ ကားကြီး (ဆယ်ဘီးကား ၊ ကုန်ကား ၊ တွဲကား ၊ ဒန်ဘာ၊ မိုးကားအုတ်) တွေ လုံးဝသွားလာခွင့် မပြုလုပ်ပေးကြဖို့ ဇူလိုင်လ ၁၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ကားငယ်တွေအနေနဲ့ မဖြစ်မနေသွားလာဖို့ လိုအပ်ပါက ကားမှန်ချပြီး သွားလာကြဖို့ကိုလည်း အသိပေးထားပါတယ်။

လွိုင်ကော်မြို့နဲ့ ထိစပ်နေတဲ့ မိုးဗြဲမြို့မှာ မေလနောက်ဆုံးပတ်ကစပြီး မြို့တွင်းထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သလို လက်ရှိအချိန်ထိလည်း မြို့တွင်း နဲ့ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်မှာ စစ်ကောင်စီတပ်သားတွေ တပ်စွဲနေရာယူထားတယ်လို့ မိုးဗြဲဒေသခံတွေဆီကနေ သိရှိရပါတယ်။
နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်တာကြောင့် မိဘပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိကြဖို့ကိုလည်း မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်က တိုက်တွန်းထားတာရှိပါတယ်။

နယ်မြေလုံခြုံရေး နဲ့ စစ်ရေးအခြေအနေအရ မိဘပြည်သူတွေအနေနဲ့ မဖြစ်မနေ လိုက်နာပေးကြဖို့ မေတ္တာရပ်ခံထားပြီး လမ်းမကြီးတစ်လျှောက်ကို ပြန်လည်သွားလာနိုင်မယ်နေ့ကို ပြန်လည်အသိပေးသွားမှာဖြစ်တယ်လို့ ပြောပါတယ်။

ထုတ်ပြန်ချက် အတိုင်းလိုက်နာမှုမရှိပါက ဖြစ်လာတဲ့ ပြဿနာတွေ အားလုံးကိုမဆို KNDF တပ်ရင်းအမှတ် (၂) ကနေ တာဝန်ယူပေးမှာ မဟုတ်ဘူးလို့ အသိပေးထားပါတယ်။

spot_img

Recent posts