spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီမှာ ဖမ်းမိတဲ့ လေယာဥ်မှူးခိုင်သန့်မိုးက မိမိလုပ်ရပ်အတွက် နောင်တရကြောင်း တောင်းပန် စကားဆို

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်က ပြည်သူတွေနဲ့ ပြည်သူတွေရဲ့ အိုးအိမ်တွေကို လေယာဉ်နဲ့ ဗုံးကြဲပစ်ခတ်ခဲ့မှုတွေကြောင့် ဆုံးရှုံးပျက်စီးခဲ့ရတဲ့ အရာတွေအတွက် နောင်တကြီးမားစွာရနေတယ်လို့ ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီလေယာဉ်မှူး ဗိုလ်မှူး ခိုင်သန့်မိုးက ပြောပါတယ်။

ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က ဒီဇင်ဘာလ ၁၉ရက်နေ့မှာ ထုတ်ပြန်ထားတဲ့ ဗီဒီယိုရုပ်သံမှာ ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီလေယာဉ်မှူး ဗိုလ်မှူး ခိုင်သန့်မိုးက အခုလို ပြောဆိုထားပါတယ်။

“ကျနော်ဗုံးကြဲလိုက်လို့ အိုးမဲ့အိမ်မဲ့ ဖြစ်သွားတဲ့နေရာတွေ၊ ကျနော် ဗုံးကြဲလိုက်လို့ ဒီ တစ်ကွဲ တစ်ပြဲ ဖြစ်သွားတဲ့မိသားစုတွေ ဘဝတွေကိုလည်း လက်ရှိလည်း တစ်ကယ့်ကို ကိုယ်ချင်းစာပြီးတော့၊ တစ်ကယ့်ကို နောင်တနဲ့ ကျနော် ဒါတစ်ကယ်ကို ဝန်ချပြီးတော့ ကျနော်လုပ်ခဲ့တဲ့ ဒါ အပြစ်မဲ့တဲ့ ပြည်သူတွေမှာ အနိုင်ကျင့်ခဲ့တဲ့ ကျနော်ရဲ့လုပ်ရပ်တွေ အတွက် ကျနော်တောင်းပန်ပါတယ်လို့။ ကျနော် ဒီနေရာကနေပြီးတော့ ရင်ထဲကနေပြီး တစ်ကယ်ကို တောင်းပန်ချင်ပါတယ်။ တကယ်ပြောချင်ပါတယ်” လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ရက်နေ့က ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် လေယာဉ်မှူး ခိုင်သန့်မိုး မောင်းနှင်လာတဲ့ စစ်ကောင်စီလေတပ်ရဲ့ K 8W အမျိုးအစား တိုက်လေယာဉ် ပျက်ကျခဲ့တာပါ။

အဲ့ဒီလေယာဉ်ပျက်ကျပြီးနောက် လေယာဉ်ပေါ်က လေယာဉ်မှူးနှစ်ဦးဟာ လေထီးတွေနဲ့ ခုန်ဆင်းခဲ့ပြီး ဖရူဆိုမြို့နယ်အတွင်း နယ်မြေတစ်နေရာမှာ ၎င်းတို့ဝတ်ဆင်ခဲ့တဲ့ လေထီးပစ္စည်းတွေကို ပူးပေါင်းတပ်က ရှာဖွေတွေ့ရှိခဲ့ပါတယ်။ လေယာဉ်မှူးနှစ်ဦးထဲက ဗိုလ်မှူးခိုင်သန့်မိုးကို တော်လှန်ရေး တပ်ဖွဲ့တွေက နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်၊၊

အဆိုပါ လေယာဉ်မှူး ခိုင်သန့်မိုးဟာ စစ်ဆင်ရေး တာဝန်ထမ်းဆောင်မှု အကြိမ်ရေ ၄၀ ရှိခဲ့ပြီး အဓိကအားဖြင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားနဲ့ ကရင်နီပြည်မှာ စစ်ဆင်ရေးတွေ လုပ်ဆောင်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

“ဒီလက်ရှိလည်း လုပ်ဖော်ကိုင်ဖက်တွေ အနေနဲ့ ဒီလေကြောင်းပစ်ကူပေးတဲ့အချိန်မှာ မိမိကို ပေးလာတဲ့တာဝန်တွေကိုသေချာစီစစ်ဖို့၊ သေချာ ခွဲခြားဖို့လိုပါတယ်။ ကိုယ်ပစ်နေတာကိုယ်လုပ်နေတဲ့ အလုပ်က ကိုယ့်တိုင်းရင်းသားညီအစ်ကိုတွေ အောက်မှာရှိတဲ့ ကလေးတွေ အပြစ်မဲ့တဲ့ ပြည်သူတွေ သက်ကြီးရွယ်အိုတွေ ဒုက္ခရောက်နေကြလားဆိုတာတွေကို သေချာလေး ဒါ သိစေချင်ပါတယ်။” လို့ လေယာဉ်မှူး ခိုင်သန့်မိုးက ဆက်ပြောထားပါတယ်။

လေယာဉ်မှူး ဗိုလ်မှူးခိုင်သန့်မိုးဟာ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိန်းသိမ်းထားမှု အောက်မှာရှိနေပြီး ဥပဒေကြောင်းအရ စိစစ်၊ စစ်ဆေး အရေးယူဆောင်ရွက်သွားမယ်လို့ IEC က ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့မှာ ထုတ်ပြန်ထားတာရှိပါတယ်။

spot_img
spot_img

Recent posts