spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီလူငယ် ၆ ဦးကို နိုဝင်လာလ ၇ ရက်နေ့ ရုံးချိန်းတွင် အမိန့်ချမည်

Author

Date

Category

နော်ဒွေးအယ်ခူ

နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု၊ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁၀ဖြင့် တရားစွဲဆိုခံနေရသည့် ကရင်နီလူငယ် ၆ ဦးကို လွိုင်ကော်မြို့နယ်တရားရုံး၌ နိုဝင်ဘာလ ၇ ရက်နေ့တွင် အမိန့်ချမည်ဖြစ်ကြောင်း ကရင်နီလူငယ်များက ယနေ့တရားရုံးချိန်းအပြီးတွင် ပြောကြားခဲ့သည်။

“ နောက်လ ၇ ရက်နေ့ကျရင် အမိန့်ချဖို့ ရုံးချိန်းထပ်မံပြီးပေးလိုက်တယ်။ အဲချိန်ကျရင်တော့ တရားသူကြီးရဲ့ ဆင်ခြင်တုံတရားနဲ့အတူ ဆုံးဖြတ်နိုင်စွမ်းကို အားလုံးမြင်တွေ့ရမှာဖြစ်တယ်။ တစ်နိုင်ငံလုံးက တရားသူကြီးရဲ့ ဆင်ခြင်နိုင်စွမ်းကို မြင်တွေ့ရမှာဖြစ်သလို အုပ်ချုပ်ရေးယန္တရားကလည်း တရားစီရင်ရေးအပိုင်းမှာ ဘယ်လောက်ထိ ပါဝင်ပတ်သက်နေလဲဆိုတာကို မျက်ဝါးထင်ထင်မြင်တွေ့ရမှာဖြစ်တယ်လို့ ကျတော်တို့ အဲလိုပဲယူဆပါတယ်” ဟု တရားစွဲဆိုခံရ ကရင်နီလူငယ် ခူးကြူးဖဲကေးက ပြောသည်။

အပတ်စဉ်တရားရုံးချိန်းများတွင် ကရင်နီလူငယ်ဖက်မှ တရားသူကြီးကို တင်ပြသည့်အကြောင်းအရာ ၃ ချက်သာရှိပြီး ပထမတစ်ချက်မှာ နိုင်လွတ်လုံပုဒ်မ ဥပဒေသည် နိုင်ငံသားများအတွက် ကာကွယ်ပေးသည့် ဥပဒေဖြစ်ကြောင်း အစိုးရအတွက်ရေးဆွဲထားခြင်းမဟုတ်သည့်အတွက် လက်ရှိ ပြည်နယ်အစိုးရအနေနဲ့ ကိုယ်စားပြု စွဲဆိုထားခြင်းမှာ ဥပဒေလမ်းကြောင်းအရ ကျိုးကြောင်းဆီလျော်မှုမရှိသည့်အကြောင်း တရားရုံးတွင် ထောက်ပြခဲ့ကြောင်း ကရင်နီလူငယ်များက ဆိုသည်။

ဒုတိယတစ်ချက်အနေဖြင့် နိုင်လွတ်လုံပုဒ်မ ၁၀ သည် ပြည်နယ်ဝန်ကြီးချုပ်ဦးအယ်လ်ဖောင်းရှိုနှင့် စီမံဘဏ္ဍာဝန်ကြီးဦးမော်မော် တို့ကို ဂုဏ်သိက္ခာအရ ထိခိုက်ကြောင်း တရားရုံးချိန်းတွင် လာရောက်ထွက်ဆိုခြင်းမရှိခဲ့သလို သတင်းမီဒီယာများတွင်လည်း ဖြေကြားခဲ့ခြင်းမရှိသည့်အတွက် ဥပဒေလမ်းကြောင်းအရ အရေးယူအပြစ်ပေးခြင်းမရသည့်အကြောင်းကိုလည်း ၎င်းတို့က ထည့်သွင်းပြောကြားခဲ့သည်။

“တရားရုံးမှာ ကျတော်တို့တင်ပြတာက ဝန်ကြီးချုပ်ဦးအယ်လ်ဖောင်းရှိုနဲ့ ဦးမော်မော်ဟာ ၁၉၆၂သမိုင်းဝင်ပုဂ္ဂိုလ်များရဲ့အထိမ်းအမှတ် မော်ကွန်းဥပဒေထက်ကျော်လွန်ပြီး ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထုကို စိုက်ထူပါတယ်ဆိုတဲ့ဟာ မော်ကွန်းဥပဒေအရ ချိုးဖောက်နေပါတယ်ဆိုတဲ့ဟာ တရားရုံးကိုတင်ပြခဲ့တယ်။ အဓိက အဲသုံးချက်ကို တရားရုံးကိုတင်ပြခဲ့တယ်” ဟု မျိုးလှိုင်ဝင်းက ပြောသည်။

ကရင်နီလူငယ် ၆ ဦးသည် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို နဲ့ စီမံဘဏ္ဍာဝန်ကြီးဦးမော်မော်ကို နိုင်ငံရေးရာဇဝတ်ကောင်များ၊ ကရင်နီအမျိုးသားသစ္စာဖောက်များ၊ တိုင်းရင်းသားများသွေးစည်းချစ်ကြည်ရေး၏ ရန်သူများ၊ ကျေးဇူးကန်းသူများအဖြစ် မတ်လ ၂၅ရက်နေ့က လက်မှတ်ထိုးပြီး ထုတ်ပြန်ကြေညာခဲ့တဲ့အတွက် ပြည်နယ်အစိုးရကိုယ်စား ဦးသက်နောင်မှ လွိုင်ကော်မြို့မရဲစခန်းတွင် မေလ ၁၇ရက်နေ့က အမှုဖွင့်တိုင်ကြားခဲ့ပြီး တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

“ကျတော်တို့ စစ်ဆေးပေါ်ပေါက်ချက်အရဆိုရင် လူငယ်တွေဖက်ကနေ ဒီဟာကိုထုတ်တာက ၂၀၀၈ဖွဲ့စည်းပုံကပေးထားတဲ့ နိုင်ငံသားအခွင့်အရေးနဲ့ ဒီမိုကရေစီအခြေခံ ဒီမိုကရေစီစနစ်ကို အခွင့်အရေးကို အသုံးချပြီးတော့ ထောက်ပြဝေဖန်တယ်လို့ သူတို့က ထွက်ဆိုထားပါတယ်။ တစ်ဖက်ကတော့ သူတို့က တစ်ဦးတစ်ယောက်ရဲ့ ဂုဏ်သတင်းကို ထိခိုက်နစ်နာပါတယ်ဆိုပြီးမှ စွတ်စွဲချက်တင်ထားတာပေါ့။ ခုတော့ အပြီးသတ်လျှောက်လဲချက်အထိပြီးပြီပေါ့ နောက်ရုံးချိန်း ၇ ရက်နေ့မှာတော့ အမိန့်ချတော့မယ်ဖြစ်ပါတယ်” ဟု ကရင်နီလူငယ်ဖက်မှ အမှုလိုက်ပါ ဆောင်ရွက်ပေးသည့် တရားလွှတ်တော်ရှေ့နေ ပိုးရယ်ခူးတလေက ပြောသည်။

၎င်းက ဆက်ပြီး “ပြည်သူလူထု၊ နိုင်ငံသားတွေကို ကာကွယ်ပေးရာမရောက်တော့ဘဲနဲ့ အာဏာရှိတဲ့အသိုင်းအဝိုင်းတစ်ခုကနေပြီးတော့မှ အသုံးပြုလို့ကောင်းတဲ့ ဥပဒေတစ်ခုဖြစ်သွားတာပေါ့။ ဒါက ဥပဒေရဲ့အားနည်းချက်လို့လည်း သုံးသပ်မိပါတယ်” ဟု နိုင်လွတ်လုံပုဒ်မ၁၀ ကို နိုင်လွတ်လုံပုဒ်မ၏ အားနည်းချက်ကို ပြောဆိုခဲ့သည်။

ကရင်နီလူငယ် ၆ ဦး၏ တရားရုံးချိန်းသည် ၁၇ကြိမ်မြောက် ရှိနေပြီဖြစ်သည်။

spot_img
spot_img

Recent posts