spot_imgspot_imgspot_imgspot_img
Thursday, April 18, 2024
spot_imgspot_imgspot_imgspot_img

“ကရင်နီအမျိုးသား သမိုင်း” စာအုပ်ကို ထုတ်ဝေပေးနိုင်ဖို့ ရန်ပုံငွေလိုအပ်နေ

ကန္တရဝတီတိုင်း( မ် )

ကရင်နီ နိုင်ငံရေးသမား တစ်ဦးဖြစ်တဲ့ ခွန်းမားရ်ကိုဘန် ရေးသားတဲ့ “ကရင်နီအမျိုးသားသမိုင်း” စာအုပ်ကို ထုတ်ဝေဖြန့်ချိနိုင်ဖို့ အတွက် ရန်ပုံငွေတွေလိုအပ်နေတယ်လို့ စာအုပ်ရေးသားသူ ခွန်းမာရ်ကိုဘန်ကပြောပါတယ်။

အဆိုပါစာအုပ်ကို ကရင်နီပြည်က စစ်ရှောင်တွေနဲ့ စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်နေကြတဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေကို အခမဲ့ ပေးဝေသွားမယ်လို့ ဆိုပါတယ်။

“ ဦးလေး ရေးသားပြီးပြီ၊ အကုန်လုံးခေါင်းဆောင်တွေနဲ့ ညှိ့နှိုင်းအကဲဖြတ်လို့ပြီးပြီ။ အခုက ပုံနှိပ်တိုက်ထဲမှာ အပ်ဖို့လည်း အဆင်သင့်ဖြစ်ပြီးပြီ အပ်လည်းအပ်ပြီးပြီ ရိုက်ပါ။ မြန်မြန်ရိုက်လို့ပြောတယ်။ ဦးလေးတို့က အခက်အခဲက ဘာတစ်ခုရှိလဲဆိုတော့ ငွေ။” လို့ ခွန်းမားရ်ကိုဘန်က ပြောပါတယ်။

စာအုပ်ရေ တစ်သောင်းထုတ်ဝေဖို့ရှိပြီး အဲဒီထဲက စာအုပ်ပေါင်း သုံးထောင်ကို စစ်ဘေးရှောင်အတွက်ရည်ရွယ်ထားသလို၊ အုပ်ရေနှစ်ထောင်ကို ကရင်နီပြည်တွင်းမှာရှိနေတဲ့ လက်နက်ကိုင်အဖွဲ့တွေကို အခမဲ့ ဖြန့်ဝေသွားဖို့ရှိတယ်လို့ ဆိုပါတယ်။

အဲဒီလို အုပ်ရေတစ်သောင်းကို ထုတ်ဝေသွားနိုင်ဖို့ ထုတ်ဝေခတစ်အုပ်ကို ထိုင်းဘတ်ငွေ ၃၀ ( မြန်မာကျပ်ငွေ နှစ်ထောင်လေးရာကျော် ) ရှိပြီး အုပ်ရေတစ်သောင်းအတွက် ဘတ်သုံးသိန်း( မြန်မာကျပ်ငွေ ၂၄၂သိန်းဝန်းကျင် ) ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။

အဲဒီစာအုပ်ကို ကရင်နီပြည်မှာနေထိုင်တဲ့ ကရင်နီအမျိုးသားတွေစိတ်ဓာတ်ရှင်သန်ဖို့အတွက် ရည်ရွယ်ထုတ်ဝေတာဖြစ်တယ်လို့ ခွန်းမားရ်ကိုဘန်က ဆိုပါတယ်။

“အဲဒါကြောင့် ကျနော်တို့က အမျိုးသားစိတ်ဓာတ်တွေ ရှင်သန်ဖို့အတွက် ကျနော်တို့ရဲ့ ကရင်နီအမျိုးသားတိုင်းပြည်ကို ထူထောင်နိုင်ဖို့အတွက် ညီညွှတ်သွားဖို့အတွက် အဓိက ရည်ရွယ်ပြီးတော့မှ ကျနော်တို့ လူမျိုးညီညွှတ်ရမှာ တိုင်းပြည်ညီညွှတ်ရေးတည်ထောင်နိုင်တဲ့အထိ အဲဒါမျိုးကို ကျနော်တို့ ဦးတည်ချက်နဲ့ပေါ့ဗျာ။ ဦးလေး ရည်ရွယ်ချက်နဲ့ အဲဒီလိုမျိုး ရေးသားပြုစုရခြင်းဖြစ်တယ်။” လို့ ခွန်းမားရ်ကိုဘန်က ပြောပါတယ်။

အဲဒီ ကရင်နီအမျိုးသားသမိုင်းစာအုပ်မှာ စာမျက်နှာ ၁၀၀ကျော်ပါဝင်ပါတယ်။ ကရင်နီအမျိုးသားဆင်းသက်လာပုံ သမိုင်း၊ လူမျိုးအုပ်စု၊ လူမျိုးအနွယ်ဝင် တော်စပ်ပုံ၊ ကမ္ဘာဦး ယုံကြည်ကိုးကွယ်မှု၊ တိုင်းပြည်တည်ထောင်လာပုံ၊ ရှေးကရင်နီပြည်စီးပွားရေးကဏ္ဍ၊ ကရင်နီပြည် ( ၄ ) ပိုင်း ပိုင်းခြားလိုက်ခြင်း၊ ပထမအကြိမ်ကရင်နီပြည် ပြန်လည်စုစည်းရန်ကြိုးပမ်းခြင်း၊ အမျိုးသားလက္ခာဏာ ( ၃ ) ရပ် ၊ နိဂုံးစာ စတဲ့ ခေါင်းစဉ် ၉ခုနဲ့ ကရင်နီအမျိုးသားသမိုင်းစာအုပ်ကို စုဖွဲ့ရေးသားထားပါတယ်။

ခွန်းမားရ်ကိုဘန်ဟာ ယခင်ကလည်းကရင်နီနိုင်ငံရေးနဲ့ ပတ်သက်တဲ့ ၆အုပ်ကို ရေးသားထုတ်ဝေခဲ့ပြီး လက်ရှိမှာလည်း ထပ်မံထုတ်ဝေဖို့နဲ့ ရေးသားနေဆဲ စာအုပ်တွေရှိနေတယ်လို့ သိရပါတယ်။

spot_img
spot_img