spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီ စစ်ရှောင်တွေရဲ့ နှစ်သစ်ဆုတောင်းစကားသံများ

ကန္တာရဝတီတိုင်း(မ်)

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ဒီးမော့ဆိုမြို့နယ်က စစ်ရှောင်ပြည်သူတွေဟာ အိုးအိမ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်လာရတာ သုံးနှစ်နီးပါး ရှိလာပြီဖြစ်ပါတယ်။ လက်ရှိအချိန်ထိလည်း နေရပ်ပြန်လို့မရသေးတာကြောင့် စစ်ရှောင်စခန်းတွေမှာပဲ ဆက်လက်နေထိုင်ဆဲပါ။အခက်အခဲတွေကြားမှာ ရှင်သန်ရင်း စစ်ရှောင်ပြည်သူတချို့ရဲ့ ၂၀၂၄ နှစ်သစ် ဆုတောင်းစကားသံတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဒေါ်ဖလော်ရာ (အသက် ၄၃နှစ်)

ဒေါ်ဖလော်ရာ (အသက် ၄၃နှစ်)

“ နှစ်သစ်ဆုတောင်းစကားအနေနဲ့ကျတော့ ကျမတို့ ဒီ နှစ်ဟောင်းက တစ်နှစ်တာ ကုန်ဆုံးပြီပေါ့နော်။ အဲ့ဒီထဲမှာမှ အသက်ပေးဆပ်သွားတဲ့ ရဲဘော်တွေလည်း အများကြီးရှိတယ်။ သူတို့ခမျာ ဘာ ခံစားခွင့်မှ မရှိဘူး ဒါပေမဲ့လည်း အသက်ပေးပြီးတော့ တိုက်ခဲ့တယ်ပေါ့နော်။ ဒီ ရဲဘော်တွေ၊ ကျဆုံးသွားတဲ့ ရဲဘော်တွေ ဝိညာဉ်အားလုံး ပထမဦးဆုံးပေါ့ သူတို့အတွက် ကျမတို့က အမြဲတမ်းဆုတောင်းပေးတယ်ပေါ့။ ကောင်းကင်နိုင်ငံကို ဝင်ရောက်ခံစားနိုင်အောင် အဲ့ဒီတွက် ဆုတောင်းပေးတယ်။ နောက်ပြီးတော့ နှစ်သစ်မှာ အောင်ပွဲတိုင်း သူတို့(ရဲဘော်တွေ)ဆက်ပြီးတော့ ဆင်နွှဲနိုင်ပါစေ လို့ ကျမတို့က ပြည်သူအနေနဲ့ ဆုတောင်းပေးတယ်။ နောက်တစ်ချက်ကျတော့ စကစ (စစ်ကောင်စီ) က သူတို့လျော့သင့်တဲ့ မာန်မာနတွေပေ့ါနော် ပြည်သူကို တကယ်သနားတယ်၊ တကယ်လေးစားတယ်၊ တကယ် ချစ်တယ်ဆိုရင် လုပ်သင့်လုပ်ထိုက်တာတွေ ဓမ္မ နဲ့ အဓမ္မ ကွဲကွဲပြားပြား နားလည်နိုင်အောင်၊ အသိတရားတွေ ရဖို့အတွက် ကျမတို့ အများကြီးဆုတောင်းပေးတယ်။ တိုင်းရင်းသားနယ်ပယ်တွေမှာ ရာခိုင်နှုန်းအားဖြင့်ဆိုရင် ၈၀ ရာခိုင်နှုန်းလောက်က စကစ (စစ်ကောင်စီ) က ကျရှုံးနေပြီလို့ ကျမတို့က အမြဲတမ်းကြားနေရတယ်ပေါ့နော်။ ဆိုတော့ အောင်မြင်ဖို့အလားလာက တော်တော်ကောင်းတယ်။ ဆက်လက်ပြီးတော့မှ အောင်မြင်ဖို့အတွက် ကျမတို့က ဆုတောင်းပေးမယ်။”

ဒေါ်ဖရားရှာ (အသက် ၄၄နှစ်)

ဒေါ်ဖရားရှာ (အသက် ၄၄နှစ်)

“ နှစ်သစ်မှာခါကျတော့ ကျမတို့ နှစ်ဟောင်းမှာ ခံစားရရှိတဲ့ဟာတွေ စိတ်ဒုက္ခ၊ လူဒုက္ခ ခံစားတာတွေအားလုံး မလိုချင်တော့ဘဲနဲ့ နှစ်သစ်မှာ ကျမတို့ မျှော်လင့်နေတဲ့ အရေးတော်ပုံ ကျမတို့အားလုံး အိမ်ပြန်ချင်တဲ့စိတ်၊ ကျမတို့အားလုံး ကျမတို့သော်လည်းကောင်း ပြည်သူ့တပ်ဖွဲ့ဝင် အားလုံးသော်လည်းကောင်း ကျမတို့အားလုံး အောင်ပွဲခံနိုင်ပြီးမှ နှစ်သစ်ကိုကြိုဆိုပြီးမှ ကျမတို့ အကောင်းအတိုင်း အားလုံး ကောင်းမွန်စွာနဲ့ ရွာပြန်နိုင်မယ်လို့ ကျမတို့ မျှော်လင့်တယ်။ အဲ့လိုလည်း ဆုတောင်းတယ်။”

ဒေါ်ကနန်း (အသက် ၄၈နှစ်)

ဒေါ်ကနန်း (အသက် ၄၈နှစ်)

“ ဒီနှစ်သစ်မှာ မျှော်လင့်တာကတော့ လာမယ့် နှစ်သစ်နှစ်သစ်တိုင်းမှာပေါ့နော ကျမတို့အရင်ကလို ဒီမိုကရေစီ စနစ်နဲ့ အဲ့လိုမျိုးတွေ ပြန်ရချင်တာပေါ့နော။ ဖြစ်ခဲ့တဲ့ ၅ နှစ်အတွင်း ဒေါ်စုလက်ထက် ဒီ၅နှစ်တာအတွင်း လွတ်လပ်ခွင့် အဲ့ဒါတွေကို ပြန်ရချင်တယ်။ ပြီးတော့ ကျမတို့ ဒါမျိုးစစ်ပွဲမဖြစ်ဘဲနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အဲဒီလိုမျိုး နေထိုင်ချင်တာပေါ့နော။ ဒီစစ်ကောင်စီကိုလည်း သူတို့အာဏာကို အမြန်ဆုံးဖြုတ်ချနိုင်ဖို့ ပြီးတော့မှ အထက်မှာရှိနေတဲ့ စားပွဲဝိုင်းလူကြီးတွေလည်း အမြန်ဆုံးဖြေရှင်းပေးပါ လို့ ကျမပြောချင်ပါတယ်။ နောက်ပြီးတော့ ဒီကနေလည်း ဝိုင်းပြီး ဆုတောင်းပေးမှာပေါ့နော”

ဦးပက်ထရစ် (အသက် ၈၂နှစ်)

ဦးပက်ထရစ် (အသက် ၈၂နှစ်)

“ကြုံတွေ့နေရတာက ပြောင်ပြောင်တင်းတင်းပြောမယ်ဆိုရင်တော့ ဗုံးတွေဘာတွေ ကောင်းကင်ကနေချလိုက်တယ် အာဏာရှိလို့ ချလိုက်တယ်ဆိုတဲ့ဟာကို ပြတာလား သို့မဟုတ်ရင် ပြည်သူတွေ ပါးစပ်မဟနိုင်အောင်ကို ချတာဘဲဆိုပြီး အဲဒီတော့ ဒီလိုမလုပ်ကောင်းပါဘူး။”

spot_img
spot_img