spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

“ကရင်နီ တံခါး “ ကမ်ပိန်းအဖွဲ့မှ ဖယ်ခုံ – မိုးဗြဲ ကျေးရွာအုပ်စုက ဒေသခံတွေနဲ့ ကွင်းဆင်းတွေ့ဆုံ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဖယ်ခုံ-မိုးဗြဲဒေသမှာရှိတဲ့ ပူးပေါင်းမဟာမိတ် အင်အားစု (၈) ဖွဲ့ အတွက် လက်နက်ခဲယမ်းတွေဝယ်ယူဖို့ ရန်ပုံငွေ ကမ်ပိန်း ပြုလုပ်နေတဲ့ “ကရင်နီတံခါး” ကမ်ပိန်းတာဝန်ခံတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ပထမ အပတ် အတွင်းမှာ ဖယ်ခုံ၊ မိုးဗြဲ ကျေးရွာ အုပ်စုက ဒေသခံတွေနဲ့ ကွင်းဆင်းတွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

“ကရင်နီပြည်နယ်တကြော ဆက်သွယ်ရေးတွေ ပြတ်တောက်နေချိန်မှာ ဒေသခံလူထုတွေ မသိဘဲ ဒီလို ကမ်ပိန်းလုပ်နေတယ်ဆိုတာမျိုး မဖြစ်စေချင်ဘူး၊ ပြည်သူလူထုတွေအားလုံးလည်း သိရှိနေတယ်၊ သူတို့ ကိုယ်တိုင်လည်း စားဝတ်နေရေးပြေလည်တယ်ဆိုရင် ပါဝင်အားဖြည့်ပေးနိုင်အောင် သူတို့ဆီ တိုက်ရိုက်သွားရောက်ပြီး ကရင်နီတံခါးကမ်ပိန်းအကြောင်း အားလုံးစုံကို သတင်းသွားပေးတာဖြစ်တယ်” လို့ ကရင်နီတံခါး ကမ်ပိန်း ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မိုးဗြဲ-ဖယ်ခုံ ဒေသက ကျေးရွာပေါင်း ၅၀ ဝန်းကျင်ဆီကို အဖွဲ့ အသီးသီးတွေခွဲပြီး အိမ်တိုင်ရာရောက် ကွင်းဆင်းတာတွေ ပြုလုပ်ခဲ့တယ်လို့လည်း ဆိုထားပါတယ်။

ဒါ့အပြင် ကရင်နီတံခါး ကမ်ပိန်း ပြုလုပ်တာ ဟာ ကရင်နီနယ်စပ်မှာရှိနေတဲ့ မိုးဗြဲ – ဖယ်ခုံဒေသခံ လူထုတွေနဲ့ သက်ဆိုင်ပြီး လူထုတွေ သိရှိနားလည်ဖို့နဲ့ ပါဝင်မှုရှိအောင် အသိပညာပေး လက်ကမ်းစာစောင်ကို လိုက်ကပ်တာတွေလည်း ရှိခဲ့ပါတယ်။

“ဒီဒေသမှာ ဒီဒေသနဲ့ဆိုင်တဲ့ ကမ်ပိန်းလုပ်နေပြီးတော့ ဒေသခံလူထုတွေ ဘာမှ သိရှိနားလည်ထားတာမရှိဘူးဆိုရင် ကျမတို့ဟာ ပြည်သူမပါဝင်တဲ့ ကမ်ပိန်းကိုလုပ်နေသလိုဖြစ်မှာပါ။ ဒီလို မဖြစ်စေချင်တာကြောင့်နဲ့ လူထု ပါဝင်မှု နှမ်းစေ့တစေ့စာပင်ဖြစ်လင့်ကစား ရရှိအောင် အသိပညာပေး ပိုစတာတွေ လိုက်ကပ်ဖြစ်တာပါ။” လို့ ကမ်ပိန်းတာဝန်ခံက ဆက်ပြောပါတယ်။

ကျပ်သိန်းတစ်သောင်းရရှိဖို့ မျှော်မှန်းထားတဲ့ “ကရင်နီတံခါး “ကမ်ပိန်းဟာ ၂၀၂၃ခုနှစ် နိုဝင်ဘာလ ၂၈ရက်နေ့မှ စတင်ကာ ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့ အထိ ပြုလုပ်နေတာဖြစ်ပြီး မိုးဗြဲ-ဖယ်ခုံ ဒေသမှာရှိတဲ့ ပူပေါင်းမဟာမိတ် အင်အားစု (၈)ဖွဲ့အတွက် လက်နက်ခဲယမ်းဝယ်ယူဖို့ ရန်ပုံငွေရှာဖွေနေတာလည်းဖြစ်ပါတယ်။ ဖယ်ခုံ-မိုးဗြဲဒေသဟာ ကရင်နီပြည်ရဲ့ ဝင်ပေါက်တစ်ခုဖြစ်ပြီး ကရင်နီပြည်ထဲကို ဝင်လာတဲ့ စစ်ကောင်စီတပ်တွေကို ထိန်းချုပ်၊ ဟန့်တားနိုင်ဖို့ လက်နက်ခဲယမ်း လိုအပ်နေတာကြောင့် ပြည်သူလူထုတွေအနေနဲ့ တတ်နိုင်သလောက်ပါဝင်ပေးကြဖို့ကိုလည်း တောင်းဆိုထားပါတယ်။

spot_img
spot_img

Recent posts