spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီ အိုင်ဒေါ အဆိုပြိုင်ပွဲ ကျင်းပမယ့် ဒါရိုက်တာ ကိုမျိုးသန့် နဲ့ တွေ့ဆုံခြင်း

Author

Date

Category

ကန္တာရ၀တီတိုင်း(မ်)

ကရင်နီပြည်မှာ ပြုလုပ်မယ့် The voice of freedom ( ကရင်နီ အိုင်ဒေါ) အဆိုပြိုင်ပွဲကို ယခုနှစ် အောက်တိုဘာလမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အသက် ၁၈နှစ်ကစပြီး ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာဖြစ်ပြီး ပြိုင်ပွဲနဲ့ပတ်သက်တဲ့ အကြောင်းအရာကို ကန္တာရ၀တီတိုင်း(မ်) က The voice of freedom ပရိုဂရမ် ဒါရိုက်တာ ကိုမျိုးသန့်နဲ့ တွေ့ဆုံးမေးမြန်းထားပါတယ်။

မေး။ ။ မင်္ဂလာပါ ကိုမျိုးသန့်ရှင့်။
ဖြေ။ ။ ဟုတ်ကဲ့ ခင်ဗျ မင်္ဂလာပါ ကျနော်မျိုးသန့်ပါ။

မေး။ ။ ဟုတ်ကဲ့ ကရင်နီမှာ The voice of freedom အဆိုပြိုင်ပွဲကိုပြုလုပ်သွားဖို့ရှိတယ်လို့သိရတယ် ။ ဘာကြောင့် ဒီလိုပြိုင်ပွဲကို ကျင်းပဖို့ စီစဥ်ဖြစ်တာလဲရှင့်။
ဖြေ။ ။ အဓိကကတော့ ၂ချက်ပေါ့။ နံပါတ် ၁ ချက်ကတော့ ကျနော်တို့ တော်လှန်ရေးကာလရှည်ကြာလာတဲ့ခါမှာ ကျနော်တို့ တော်လှန်ရေးမှာ အဓိက ပါ၀င်နေတဲ့ သူတွေရော။ ကျနော်တို့ ထောက်ပို့ပေးတဲ့ပြည်သူတွေရော အနည်းနဲ့အများ ကျနော်တို့ ဒီစိတ်ပင်ပန်း နွမ်းနယ်မှုတွေဖြစ်လာတယ်။ အဲ့ဒါတွေကို ကျနော်တို့ ဖြေဖျောက်နိုင်ဖို့အတွက်ဆိုတဲ့ ရည်ရွယ်ချက်က နံပါတ် တစ်ပါ။ နံပါတ်နှစ်က ကျနော်တို့ ဒီဒေသအတွင်းမှာရှိတဲ့ စစ်ရှောင်စခန်းတွေ ကျောင်းတွေ ကျနော်တို့ ဆေးရုံတွေ အစရှိတဲ့ နေရာဒေသမျိုးစုံကို ရောက်တဲ့အခါမှာ နေရာတိုင်းမှာ ကျနော်တို့ တူရိယာတွေ တွေ့ရတယ်။ တူရိယာ တစ်ခုမဟုတ်တစ်ခု တွေ့တယ်။ နောက်ပြီးသွားရင်တော့ ကျနော်တို့တီးခတ် သီဆိုနေတဲ့ဟာတွေ တွေ့တယ်။ ပြီးရင် talent(စွမ်းရည်) ရှိတဲ့ ကျနော်တို့ ရွက်ပုန်းသီး အနုပညာရှင်တွေကို ကျနော် တို့မျက်မြင်တွေ့ရတယ်ပေါ့နော။ အဲဒီကနေပြီး ကျနော်တို့ ဒါမျိုးအစီအစဥ်လုပ်မယ်ဆိုရင် ကျနော်တို့ဖျော်ဖြေရာလည်း ရောက်မယ်။ ပြီးသွားလို့ရှိရင် ကျနော်တို့က ကျနော်တို့ရဲ့ ၀ါသနာရှင်ကို ဒီကာလမှာ တစ်နည်းတစ်လမ်းနဲ့ ပံ့ပိုးရာလည်းရောက်မယ်ဆိုတဲ့ စိတ်ကူးနဲ့ ကျနော်တို့ဒီအစီအစဥ်ကို လုပ်ဆောင်ဖြစ်သွားတာဖြစ်တယ်။

မေး။ ။ ဟုတ်ကဲ့ ပြိုင်ပွဲကို ဘယ်ချိန်မှာ စတင်ဖို့ စီစဥ်ထားသလဲရှင့်။
ဖြေ။ ။ ဟုတ်ကဲ့ခင်ဗျ။ ကျနော်တို့ ဒီ The voice of freedom ပြိုင်ပွဲ စတင်ဖို့အတွက် ကျနော်တို့ ဒီပြိုင်ပွဲ၀င် ဖို့ဒီ audition (အကဲဖြတ်စစ်ဆေးခြင်း) ကိုကျနော်တို့ ဒီလအတွင်းမှာ စပြီးတော့ ကျနော်တို့ခေါ်သွားမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲ ထုတ်လွှင့်တာကတော့ ကျနော်တို့ ဒီနှစ် အောက်တိုဘာလလောက်မှာ စတင်ထုတ်လွှင့်ပြသဖို့အတွက် ကျနော်တို့ စီစဥ်ထားပါတယ်။

မေး။ ။ ပြိုင်ပွဲကနေတဆင့် အခြားပြုလုပ်လိုတဲ့ ရည်ရွယ်ချက်များ ရှိသလားရှင့်။
ဖြေ။ ။ တခြားကျနော်တို့ ဒီပြိုင်ပွဲကနေတဆင့် ငွေကြေးစီးဆင်းမှုတွေ ရလာနိုင်တယ်။ ရလာနိုင်တဲ့ ကျနော်တို့ winner (အနိုင်ရရှိသူ) ကို ဆုချီးမြှင့်ပြီးတော့ ကျနော်တို့ ကျန်တဲ့ရလာတဲ့ ငွေကြေးတွေကို ဒီက ကရင်နီဒေသတွင်းမှာရှိတဲ့ ပညာရေး၊ကျန်းမာရေး၊စစ်ဘေးရှောင် ကိစ္စရပ်တွေမှာ အဓိက လှူဒါန်းသွားမှာဖြစ်ပါတယ်။

မေး။ ။ ပြိုင်ပွဲမှာ အဆင့်ဘယ်နှစ်ဆင့် ယှဥ်ပြိုင်ဖို့ သတ်မှတ်ထားသလဲ။
ဖြေ။ ။ ဟုတ်ကဲ့ ပြိုင်ပွဲက အဆင့်နှစ်ဆင့် ရှိပါတယ်။ ပထမအဆင့် audition ကတော့ online ကပဲ ပေးပို့ယှဥ်ပြိုင်သွားရမှာဖြစ်ပါတယ်။နောက်တစ်ဆင့် finalist (စကာတင်) အဖြစ်ရွေးချယ်ခံရတဲ့ နောက်ဆုံး စကာတင် အဖြစ် ရွေးချယ်ခံရတယ်ဆိုရင်တော့ ကရင်နီဒေသလုံခြုံတဲ့တစ်နေရာမှာ စခန်းသွင်းပြီးတော့ ၀င်ရောက်ယှဥ်ပြိုင်ရမှာဖြစ်ပါတယ်။ online audition မှာ နှစ်ဆင့်နဲ့ live show ငါးဆင့် ဖြတ်သန်းပြီးသွားလို့ရှိရင် ကျနော်တို့ နောက်ဆုံး ၆ပတ်မြောက်မှာ final(နောက်ဆုံး) ကို ရောက်ရှိသွားမှာ ဖြစ်ပါတယ်။

မေး။ ။ ပြိုင်ပွဲကို ဘယ်လိုပုံစံမျိုးပြုလုပ်သွားမလဲ။
ဖြေ။ ။ ပြိုင်ပွဲကျင်းပပြုလုပ်တာ အကုန်လုံးကို ဒီမှာ မြေပြင်မှာ စတိတ်ရှိုးလိုမျိုးပွဲကြီးလုပ်မှာ မဟုတ်ပဲနဲ့ ကျနော်တို့ရိုက်ကူးထားတဲ့ဟာကိုသာ ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။

မေး။ ။ ပြိုင်ပွဲ၀င်ဖို့ သတ်မှတ်ချက်တွေ ရှိထားသလားရှင့်။
ဖြေ။ ။ ကရင်နီဒေသအတွင်းမှာ ရောက်ရှိနေတဲ့ တော်လှန်နေတဲ့ ရဲဘော်တွေ ဒေသခံတွေ စစ်ရှောင်တွေ ဘယ်သူမဆို သီချင်းဆို၀ါသနာပါတဲ့ မည်သူမဆို ၀င်ရောက်ယှဥ်ပြိုင်လို့ရပါတယ်။ သီဆိုယှဥ်ပြိုင်ဖို့အတွက် လိုအပ်ချက်တွေဘာမှမရှိပါဘူး။ သီချင်းဆိုတတ်ပြီ။ သီချင်းဆို၀ါသနာ ပါပြီဆို ရပါပြီ။ ၀င်ကြေးလည်းမရှိပါဘူး။

မေး။ ။ ပြိုင်ပွဲကာလက ဘယ်လောက်ကြာမြင့်မှာလဲရှင့်။
ဖြေ။ ။ ပြိုင်ပွဲကို ကျနော် တို့ ထုတ်လွှင့်ပြသတဲ့ကာလကတော့ စုစုပေါင်း ၂လခွဲလောက်ကြာမြ င့်မှာဖြစ်ပါတယ်။

မေး။ ။ winner(အနိုင်ရရှိသူ) တွေကို ဘယ်လို စနစ်မျိုးနဲ့ရွေးချယ် မှာလဲ။
ဖြေ။ ။ audition ကနေပြီးတော့ စကာတင် အဆင့်နောက်ဆုံး finalist ကိုတော့ ဒိုင်တွေ ရွေးချယ်မှာဖြစ်ပါတယ်။ finalist ထဲမှာ၀င်လာပြီ live show ကိုရောက်လာပြီ တစ်ဆင့်ချင်းတစ်ဆင့်ချင်း ယှဥ်ပြိုင်မှုတွေမှာတော့ voting(မဲပေးခြင်း) ကပဲ ဆုံးဖြတ်မှာဖြစ်ပါတယ်။ အများပြည်သူရဲ့ voting စနစ်တွေကပဲ winner ကိုရွေးချယ်သွားမှာဖြစ်ပါတယ်။

မေး။ ။ ဒိုင်တွေအဖြစ်ဘယ်သူ့ကိုရွေးချယ်ထားသလဲရှင့်။
ဖြေ။ ။ ဒိုင်အဖြစ်က ဒီ local (ဒေသခံ) က ဂီတပညာရှင်တစ်ယောက်ပါမယ်။ နောက်ဒီနိုင်ငံကျော် ပြည်သူချစ်တဲ့ ပြည်သူ့ကိုချစ်တဲ့အနုပညာရှင်တွေပါဖို့ရှိပါတယ်။ ဒိုင်တွေကို မကြာမှီအချိန်မှာ ကြေငြာပေးသွားပါမယ်။

မေး။ ။ နောက်ဆုံး အနိုင်ရရှိသူအတွက် ဘာဆုချီးမြှင့်ပေးသွားဖို့ရှိပါသလဲ။
ဖြေ။ ။ နောက်ဆုံး winner ကို ကျပ်သိန်း ၅၀ ဆုချီးမြှင့်ပါမယ်။ နောက်ပြီးရင် သူ့ရဲ့ တစ်ကိုယ်တော် တေးအယ်လ်ဘမ် တစ်ခု ထွက်ရှိဖို့ အတွက် ကျနော်တို့ ကူညီပေးသွားမှာဖြစ်ပါတယ်။

မေး။ ။ ဟုတ်ကဲ့ ကိုမျိုးသန့်ရှင့် ဒီကနေတဆင့် ပြိုင်ပွဲ၀င်တွေကို ဘယ်လိုဖိတ်ခေါ်ချင်ပါသလဲ။
ဖြေ။ ။ ဟုတ်ကဲ့ခင်ဗျ ။အခုကျနော်တို့ ကရင်နီဒေသအတွင်းမှာနေထိုင်ကြတဲ့ လက်ရှိတော်လှန်နေကြတဲ့ ကျနော်တို့ တော်လှန်ပြည်သူအားလုံး ကျနော်တို့ရဲ့ The voice of freedom သီချင်းဆိုပြိုင်ပွဲမှာ ၀င်ရောက်ယှဥ်ပြိုင်ဖို့အတွက် ဖိတ်ခေါ်ပါတယ်။ တစ်ကယ့်ကို အရည်ချင်းရှိတဲ့ အနုပညာရှင်တွေနဲ့အတူ တွဲပြီးတော့အလုပ်လုပ်မှာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ နောက်ဆုံးကျနော်တို့ဆီက ထွက်ပေါ်လာတဲ့ winner သည် တစ်ကယ် အရည်ချင်းရှိတဲ့ ပြိုင်ပွဲ၀င်တစ်ယောက် ပေါ်ထွန်းလာဖို့အတွက် ရည်ရွယ်ပါတယ်။ ဒါ့ကြောင့်မို့လို့ ဒီဒေသအတွင်းမှာရှိတဲ့ ၀ါသနာပါတဲ့သူတွေ တစ်ကယ်အရည်အချင်းရှိတဲ့သူတွေ ကျနော်တို့ရဲ့ ဒီ The voice of freedom သီချင်းဆိုပြိုင်ပွဲမှာ ပါ၀င်ယှဥ်ပြိုင်ပြီးတော့ ဂီတဖြင့် တော်လှန်ကြဖို့အတွက် ကျနော်တို့ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျ။

spot_img
spot_img

Recent posts