spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကိုဗစ်ကာကွယ်ဆေးခွဲတမ်းကို ပထမအကြိမ်အဖြစ် လူဦးရေ ၁၉၉၉ ဦးအတွက် ဆေးအလုံးရေ ၂၂၂ လုံးရရှိ

Author

Date

Category

အန်ထော်နီ

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့မှာ ကယားပြည်နယ်ကိုရောက်လာတဲ့ကို ဗစ်ကာကွယ်ဆေးအရေအတွက်က ၂၂၂ လုံးဖြစ်ပြီးတော့ လူဦးရေ ၁၉၉၉ ဦးကိုထိုးနှံနိုင်မှာ ဖြစ်တယ်လို့ ကယားပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေဦးစီးဌာနမှူး ဒေါက်တာဌေးလွင် ကပြောပါတယ်။

“ ပထမဆုံးအကြိမ်ကျနော်တို့ခွဲတမ်းရတာက ကျန်းမာရေးနှင့်အားကစားလက်အောက်မှာရှိတဲ့ ဝန်ထမ်းများအားလုံ ၁၉၉၉ ယောက်ပေါ့နော်။ အစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ်နဲ့ဝန်ကြီးတို့အတွက် ၁၉၉၉ ယောက်အတွက်ဆေးအလုံးရေ (၂၂၂) လုံးမနေ့ကရောက်ပါတယ်” လို့ ဒေါင်တာဌေးလွင် ကပြောပါတယ်။

ရောက်ရှိလာတဲ့ ကိုဗစ်ကာကွယ်ဆေးတွေကို ဇန်နဝါရီလ ၂၇ ရက်နေ့မှာ လွိုင်ကော်မြို့နယ်အတွင်းက ကျန်းမာရေးဝန်ထမ်း ၂၀၀ ကျော်ကိုစတင်ထိုးနှံပေးပြီး ၂၈ ရက်နေ့နဲ့ ၂၉ ရက်နေ့မှာ မြို့နယ်အသီးသီးက ကျန်းမာရေဝန်ထမ်းတွေကို ဆက်လက်ထိုးနှံပေးတာဖြစ်ပါတယ်။

“ ကိုဗစ်လူနာတွေကို ကျနော်တို့ကပြုစုကုသစောင့်ရှောက်တဲ့အခါမှာ ကာကွယ်ဆေးထိုးထားတာဖြစ်တဲ့အတွက် ကိုယ့်မှာကိုဗစ်နဲ့ပတ်သက်တဲ့ရေားဂါကို ခုခံနိုင်စွမ်းရာခိုင်နှုန်း အတန်သင့်လောက်ရှိပြီဖြစ်တယ်။ အဲ့တော့အလုပ်ကိုလည်း လုပ်ရတာပိုပြီးတော့ယုံကြည်မှုပိုရှိသွားတာပေါ့။ ပြီးရင်ကိုယ်ကနေတစ်ဆင့် တစ်ခြားသူကို ကူးစက်ဖို့အတွက်ကလည်း ရာခိုင်နှုန်းတော်တော်များများကျသွားတယ်ပေါ့နော်” လို့ ဒေါရောက်ခူ ကျန်းမာရေးဌာန လက်ထောက်ကျန်းမာရေးမှူး ဦးမျိုးမင်း ကပြောပါတယ်။

ကိုဗစ်ကာကွယ်ဆေးကို ၂ ကြိမ်ထိုးရမှာဖြစ်ပြီးတော့ ၄ ပတ်ခြားတစ်ခါထိုးရမှာဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးပြီးတဲ့နောက်ပိုင်းမှာ ပုံမှန်မဟုတ်တဲ့လက်က္ခဏာခံစားရပါက ကျန်းမာရေးဌာနကို အမြန်ဆုံးသွားရောက်ပြသဖို့ကိုလည်း နှိုးဆော်ထားပါတယ်။

ကာကွယ်ဆေးကို အားလုံးကိုတစ်ပြိုင်နက်တည်ထိုးပေးနိုင်မှာမဟုတ်ပဲ ရောက်လာတဲ့ဆေးပေါ်မှုတည်ပြီး ညွန်ကြားထားတဲ့စာရင်းတွေကို ထိုးပေးသွားတာဖြစ်တယ်လို့ သိရပါတယ်။

အစိုးရအဖွဲ့ဝင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကိုတော့ လာမယ့် ဖေဖော်ဝါရီလ ၅ ရက်နေ့မှာထိုးပေးသွားဖို့လျာထားတယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၂၆ ရက်နေ့ကစပြီးတော့ ကျန်းမာရေးဌာန၊ အထွေထွေအုပ်ချုပ်ရေးမှုုုးဦးစီးဌာနတွေမှတစ်ဆင့် ရပ်ကျေးတွေမှာ ကာကွယ်ဆေးထိုးမယ့်သူစာရင်း ကောက်ယူနေတယ်လို့သိရပါတယ်။

spot_img
spot_img

Recent posts