spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကိုဗစ်ကာကွယ်ဆေးထိုးပြီးနောက် ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးများ

ကန္တာရဝတီတိုင်း(မ်)

လက်နိုင်ငံရေးအခြေအနေအရ အာဏာပိုင်တွေရဲ့ ကိုဗစ်ကာကွယ်ဆေးထိုးနှံရေး အစီအစဉ်တွေ၊ ကိုယ်ထူကိုထ ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်တွေနဲ့ တခြားသော အဖွဲ့အစည်းတွေက လုပ်ဆောင်ပေးနေတဲ့ အစီအစဉ်တွေကနေ ပြည်သူတွေက ကာကွယ်ဆေး အသီးသီးထိုးနှံလာနေကြပါပြီ။

ကာကွယ်ဆေးထိုးနှံပြီးတဲ့ အချိန်မှာ တချို့သောသူတွေက ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရတဲ့သူရှိသလို တချို့တွေက မခံစားရတာတွေရှိနေတာ ဘာကြောင့်ပါလဲ?

ကာကွယ်ဆေးထုတ်လုပ်တဲ့နေရာမှာ သေနေတဲ့ ကိုဗစ် ဗိုင်းရပ်စ် ဒါမှမဟုတ် အားပျော့တဲ့ ဗိုင်းရပ်စ်ကို အသုံးပြုထားတာဖြစ်ပါတယ်။ ကာကွယ်ဆေးတွေကို သေသေချာချာ လေ့လာစမ်းသပ်မှုတွေလုပ်ဆောင်ပြီး လူတွေကို ရောဂါမကူးစက်အောင်နဲ့ ကူးစက်လာခဲ့ရင်တောင်မှ ပြင်းပြင်းထန်ထန် မခံစားရအောင် ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပါတယ်။

ကာကွယ်ဆေးထိုးပြီးနောက်ပိုင်းမှာ တချို့သူတွေဟာ ကိုယ်ပူတာ၊ အဖျားတက်တာ၊ ခန္ဓာကိုယ် ကိုက်ခဲတာ၊ ပင်ပန်းနွမ်းနယ်တာတွေ၊ ချမ်းတုန်တာတွေအပြင် ဆေးထိုးတဲ့နေရာမှာ ရောင်ယမ်းတာတွေကို ခံစားရတတ်ပါတယ်။ ဒါပေမဲ့ တချို့သူတွေကတော့ ဒီလိုမျိုးခံစားရတာတွေမရှိပါဘူး။

ကာကွယ်ဆေးမှာပါတဲ့ အားပျော့တဲ့ ဗိုင်းရပ်စ်ဟာ ထိုးနှံသူရဲ့ ခန္ဓာကိုယ်ထဲဝင်ရောက်သွားပြီဆိုတာနဲ့ ခန္ဓာကိုယ်ထဲက antibody လို့ခေါ်တဲ့ ခန္ဓာကိုယ် ခုခံကာကွယ်ရေးစနစ်တွေကိုလှုံ့ဆော်ပေးတာဖြစ်ပါတယ်။

ဒါကြောင့် ထိုးနှံသူရဲ့ ခန္ဓာကိုယ် တုန့်ပြန်မှု အပေါ်မူတည်ပြီးတော့ လက္ခဏာတွေဟာ ကွာခြားပါတယ်။ တချို့သူတွေကတော့ ရောဂါပြင်းထန်နိုင်ပြီး တချို့သူတွေမှာတော့ မသိသာပါဘူး။ အကြောင်းရင်းကတော့ ကိုယ်ခံအားကွာခြားကြတာကြောင့်ပါ။ ကိုယ်ခံအားကောင်းသူတွေမှာ လက္ခဏာပြသာမသိသာပါဘူး။
ဒါတွေကစိုးရိမ်စရာမဟုတ်တဲ့ ကာကွယ်ဆေးထိုးပြီးတဲ့အချိန် ဖြစ်တဲ့တတ်တဲ့ အခြေအနေမျိုးဖြစ်ပါတယ်။

အသက်အရွယ်နဲ့ ကျား၊မ အပြင် ခန္ဓကိုယ်ကိုယ်ခံအားတုန့်ပြန်မှုအပေါ်မူတည်ပြီး ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေက ကွဲပြားတတ်ပါသေးတယ်။

စစ်တမ်းတွေအရတော့ ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုခံစားရတတ်တယ်လို့ဆိုပါတယ်။

အကြောင်းကတော့ ကိုယ်ခံအားစနစ်မှာ ပါဝင်ဖွဲ့စည်းထားတဲ့ ဟော်မှုန်းတွေရဲ့ ကွားခြားမှုနဲ့ တုံ့ပြန်ပုံ ကွာခြားတာကြောင့်ပါ။ အီစထရိုဂျင် ဟော်မုန်း ပိုမြင့်လေလေ ကာကွယ်ဆေးကြောင့် ရောင်ရမ်းမှုကို ခံစားရနိုင်ခြေ များလေလေ ဖြစ်သလို side effectခံစားရတဲ့ ကာလ ကြာလေလေပါ လို့ hello sayawon ရဲ့ ဆောင်းပါးမှာဖော်ပြထားပါတယ်။ ဒါကြောင့် အမျိုးသမီးတွေမှာ ဘေးထွက်ဆိုးကျိုးပိုပြီးတော့ ခံရတာတာပါ။

မှတ်ချက် – ဒီဆောင်းပါးကို hellosayawon ဝက်ဆိုဒ်က ဆောင်းပါမှ ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါတယ်။

spot_img
spot_img