spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကိုဗစ် ထပ်ဆောင်းကာကွယ်ဆေး ( Booster ) ဆိုတာဘာလဲ။

Author

Date

Category

ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံခွင့်ပြုချိန်က နှစ်ကြိမ်ထိုးနှံမှ ကာကွယ်ဆေးထိရောက်မယ်လို့ WHO က ကြေညာထားပါတယ်။ လက်ရှိအချိန်မှာတော့ သုံးကြိမ်အထိ ထိုးနှံရတဲ့ ထပ်ဆောင်းကာကွယ်ဆေး ( Booster ) ကို ထိုးနှံရပါတယ်။

ကမ္ဘာမှာ နှစ်နှစ်ကျော်ကြာ ကူးစက်နေတဲ့ ကိုဗစ်ဟာ မျိုးစိတ်တွေ ပြောင်းလဲနေပြီး လက်ရှိမှာတော့ ကိုဗစ်မျိုးစိတ် အိုမီခရွန် ကူးစက်မှုဒဏ်ကို ခံနေကြရပါတယ်။ ကိုဗစ်ကာကွယ်ဆေးဟာ နှစ်ကြိမ်နဲ့ ထိရောက်မှုမရှိတော့ပဲ ထပ်ဆောင်းကာကွယ်ဆေး ( Booster ) ကိုပါ ထိုးနှံရတာဖြစ်ပါတယ်။

ကိုဗစ် ထပ်ဆောင်းကာကွယ်ဆေး ( Booster )ထိုးနှံရင် ကိုဗစ်ရောဂါကနေ ကာကွယ်နိုင်ပြီလား။

၂၀၂၁ခုနှစ် နိုဝင်ဘာလအကုန်မှာ စတင်တွေ့ရှိတဲ့ အိုမီခရွန်ဟာ ယခင်တွေ့ရှိခဲ့တဲ့ ဒယ်တာကိုဗစ်မျိုးစိတ်တွေထက် နှစ်ဆကူးစက်မှုနှုန်း ပိုမြန်တဲ့အတွက် ထပ်ဆောင်းကာကွယ်ဆေး ( Booster ) ထိုးဖို့လိုအပ်တာဖြစ်ပါတယ်။ ထပ်ဆောင်းကာကွယ်ဆေး ( Booster ) ထိုးရုံနဲ့ ကိုဗစ်ရောဂါ မကူးစက်နိုင်ဘူးလို့တော့ မဆိုလိုနိုင်ပါဘူး။ ကိုယ့်ဆီမှာ အိုမီခရွန်ကူးစက်ခဲ့ရင် ပြင်းထန်တဲ့ ရောဂါလက္ခာဏာကနေ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

ကိုဗစ်ကာကွယ်နိုင်စွမ်းအပြည့်မရသေးတဲ့အတွက်လည်း ကိုဗစ်ကာကွယ်ဆေးကို အကြိမ်ပေါင်းများစွာ မထိုးနှံဖို့လည်း ဆရာဝန်တွေက တိုက်တွန်းထားပါတယ်။

ဘယ်လိုလူတွေက ကိုဗစ် ထပ်ဆောင်းကာကွယ်ဆေး ( Booster ) ကို အဓိက ထိုးနှံသင့်တာလဲ။

ကိုဗစ် ထပ်ဆောင်းကာကွယ်ဆေး ( Booster )ဟာ ကာကွယ်ဆေးထိုးထားပေမယ့် ကိုယ်ခံအား အပြည့်အဝ မတည်ဆောက်နိုင်သေးသော ကိုယ်ခံအားစနစ် အားနည်းတဲ့ လူတွေအတွက် အသက် သို့မဟုတ် အခြေခံ ကျန်းမာရေး အခြေအနေအရ ပြင်းထန် COVID-19 ဖြစ်နိုင်တဲ့ အန္တရာယ်ကနေ ကာကွယ်နိုင်ပါတယ်။ ကိုဗစ်ကူးစက်ခံရနိုင်တဲ့ နေရာတွေကို နေ့စဉ်သွားလာလှုပ်ရှားနေရသူတွေလည်း ကိုဗစ် ထပ်ဆောင်းကာကွယ်ဆေး ( Booster )ကို ထိုးနှံသင့်ပါတယ်။

ကျောက်ကပ်အစားထိုးထားတဲ့ သူတွေ၊ အသည်းအစားထိုးထားတဲ့သူတွေဟာ ကိုဗစ်ကာကွယ်ဆေးကို လေးကြိမ်မြောက် အထိ ထိုးနှံဖို့ လိုအပ်ပါတယ်။

ကာကွယ်ဆေးနှစ်ကြိမ်းထိုးပြီး ဘယ်လောက်အကြာမှာ ကိုဗစ် ထပ်ဆောင်းကာကွယ်ဆေး ( Booster )ထိုးသင့်တာလဲ။

ကာကွယ်ဆေးတွေ ထိုးပြီးတဲ့အခါ ၆ လ ဒါမှမဟုတ် ဆရာဝန် ညွှန်ကြားတဲ့အတိုင်း ကိုဗစ် ထပ်ဆောင်းကာကွယ်ဆေး ( Booster ) ထိုးနှံရပါတယ်။ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီး သုံးလအကြာမှာလည်း ကိုဗစ် ထပ်ဆောင်းကာကွယ်ဆေး ( Booster ) ကို ထိုးနှံနိုင်ပါတယ်။

spot_img
spot_img

Recent posts