ကန္တာရဝတီတိုင်း(မ်)
အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ ခူးဘူးရယ်(အမည်လွဲ)ဟာ ပြီးခဲ့တဲ့ ဇွန်လ အတွင်းမှာ စစ်ကောင်စီရဲ့ ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံခဲ့ရသူတစ်ဦးဖြစ်ပါတယ်။ စစ်ကောင်စီတပ်ရဲ့ ရိုက်နှက်စစ်ဆေးခြင်းကို ခံခဲ့ရရုံသာမက၊ မိမိကို ထည့်သွင်းမြေမြုပ်မယ့် ကျင်း ကို ကိုယ်တိုင်တူးခဲ့ရသူတစ်ဦးပါ။ ဒါပေမဲ့ ကံကောင်းထောက်မစွာနဲ့ စစ်ကောင်စီလက်က ထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်။ ထွက်ပြေးလွတ်မြောက်လာတဲ့ ခူးဘူးရယ် (အမည်လွဲ) နဲ့ တွေ့ဆုံမေးမြန်းခဲ့တာတွေကို တင်ပြပေးလိုက်ပါတယ်။
မေး။ ။ အဖမ်းမခံရခင် ဘာအလုပ်လုပ်သလဲ။
ဖြေ။ ။ လယ်ယာ တောင်ယာတွေပဲ လုပ်စားတယ် ကျန်တာတော့ မလုပ်ဘူး။
မေး။ ။ ဘယ်လိုပုံစံနဲ့ အဖမ်းခံခဲ့ရတာလဲ။ ဘာကြောင့်ဖမ်းခံရတာလဲ။ အဲ့တုန်းက အခြေအနေလေး ပြောပြပေးပါအုံး။
ဖြေ။ ။ ဗမာတွေက အဲ့မှာရှိတယ်။ ကျနော်ကို ဆိုင်ကယ် ရပ်ခိုင်းပြီး ခေါ်စစ်မေးတယ် နင်ဘယ်သွားမှာလဲ မေးတော့ တူလေးကိုလိုက်ပို့မို့ပြောတာ သူတို့က သူလျှောက်ပြောတာ သူက ငါတို့ ဗမာတွေကို စုံစမ်းမဲ့ ထောက်လှန်းရေးသမားဘဲ ဆိုပြီး (ခမရ )၅၃၀ ကို ပြန်ခေါ်သွားလိုက် ပြောပြီး ကျနော်ကို ပြန်ဖမ်းသွားတယ်။ ကျနော်ကို တုတ်နဲ့ရိုက်တယ် ၃ခါ ၄ခါ လောက်ရိုက်တယ်၊ ခြေထောက်ကိုလည်း မီးနဲ့ရှို့တယ် ပြီးတော့ သံချောင်းယူပြီး ခြေထောက်မှာ လိမ့်တာတို့လုပ်တယ်။
မေး။ ။ အဲ့လို ဖမ်း၊ နှိပ်စက်ပြီး ဘယ်ကိုခေါ်ဆောင်သွားလဲ။
ဖြေ။ ။ ကျနော့်ကို ကားနဲ့ ၅၃၀(တပ်) ကို ပြန်ခေါ်သွားတယ် ဆိုင်ကယ်နဲ့ဖုန်းကို သိမ်းတယ်။ ကျနော် ဖုန်းထဲမှာဆို ရဲဘော်ပုံ မရှိဘူးပေါ့နော်။ ဒါပေမယ့် သူတို့က ကျနော်ပုံကို ရဲဘော်ပုံလို ဖော်ပြီး နင်က ရဲဘော်ဆိုပြီး ပြောတယ်။
မေး။ ။ အဲ့တုန်းက ၅၃၀ တပ် ရောက်တော့ ဘယ်လိုပုံစံနဲ့ စစ်ဆေးခံရလဲ။
ဖြေ။ ။ နင်က ထောက်လှမ်းရေးပဲ ကျနော်ကို အဲ့လိုပြောတယ်။ နင်ကရဲဘော်ပဲ၊ ရဲဘော်ဖက်ပါတယ် facebook မှာ ပုံတင်တယ် ပြီးတော့ ကျနော်ကို ဦးထုပ်ဆောင်းခိုင်းတယ်။ နင်ကရဲဘော်ပဲ ဒီထဲမှာ ပါတယ်။ ကျနော်ကိုအဲ့လိုပြောတယ်လေ။ facebook မှာ ရဲဘော်ရုပ်တွေရှိတယ်။ အဲ့လိုပုံစံပေါ့။ ကျနော်ရုပ်ကို အဲ့ထဲမှာ ပါပါပေါင်းထဲလိုက်တယ်လေ။ ပြီးတော့ အဲ့ဒါ နင်ပဲ ငါ့ကိုလက်ညွှန်းထိုးပြတယ်။ ကျနော်ဘာမှမသိဘူး ပြောလိုက်တာ ကျနော်ရဲဘော်လဲမလုပ်ဘူး အဲ့လိုပြောလိုက်တယ်။ ဘာသွားလုပ်လဲကော ကျနောကိုမေးတော့ ကျနော်က တူလေးကိုသွားပို့တာ တူလေးကိုမတွေ့ဘူးလား ကျနော်ပြန်ပြောတာ နင့်တူလေးမဟုတ်ဘူး ငါတို့နောက်လိုက် စုံစမ်းတယ် မတွေ့ဘူး အဲ့လို သူတို့ပြောတယ်။
မေး ။ ။ ဘယ်လိုပုံစံနဲ့ ပြန်ပြေးလွှတ်လာတာလဲ။ အဲ့တုန်းက အခြေအနေလေး ပြန်ပြောပြပေးပါအုံး။
ဖြေ ။ ။ ကျင်းတူးပြီးတော့ လူတွေနဲ့ မြုပ်မယ်တဲ့ မြုပ်ပြီးတော့ တစ်ယောက်ကိုတစ်ကျင်း၊ တစ်ကျင်း တူးခိုင်းတယ် ဘယ်သူက အနက်လိုချင်ရင် အနက်တူး၊ အနိမ့်လိုချင်ရင်တော့ အနိမ့်တူး ဆိုပြီးပြောတယ်။
ကျနော်တူးတဲ့ ကျင်းဆို ကျနော်ကျင်းဘဲပေါ့နော်။ သူတို့က ကျနော်ကို အဲ့မှာပြန်ပြီး မြုပ်မှာ။ ပြီးရင် တခြားလူတွေလည်း အဲ့လိုဘဲ သူတို့တူးတဲ့ ကျင်းမှာ သူတို့ကို ပြန်မြုပ်မှာ အဲလိုပေါ့နော်။ ကိုယ့်ဘာသာကိုယ် တူးဆိုပြီးပြောတယ်။ ပြီးတော့ ကျနော်တို့ကို အဲ့ကျင်းထဲမှာ ဒူးထောက်ခိုင်းတယ်။ သူတို့က ကျနော့် ရှေ့မှာတစ်ယောက် နောက်မှာတစ်ယောက် ရပ်နေကြတယ်။ နောက်တစ်ယောက်က ကျနော့်ကို သေနတ်နဲ့ ချိန်ထားတယ်။ ကျနော်က ရှေ့တစ်ယောက်ကို ခြေထောက်နဲ့ အရင်ကန်လိုက်တယ် ပြီးတော့ ကျနော်သူတို့ကို ချနိုင်ပြီး ထွက်ပြေးလွှတ် နိုင်ခဲ့တာပေါ့။
မေး။ ။ ဖမ်းခံရတုန်းက ကိုယ့်လိုမျိုးပဲ အဖမ်းခံရတဲ့သူ ရှိလား။ သူတို့အခြေအနေကော ဘာကြားသေးလဲ။
ဖြေ။ ။ မနက် ၇ နာရီလောက်ချိန်ပေါ့။ ထွက်ပြေးလွတ်မြောက်တာက နေ့လည် ၁၂ နာရီပေါ့။ ကျနော် ထွက်မပြေးသေးတဲ့ချိန် တခြားအဖမ်းခံရတဲ့သူ သုံးယောက် ရှိသေးတယ်။ ကျနော် ထွက်ပြေးသွားတော့ ရှိလား မရှိတော့ဘူးလား မသိတော့ဘူး။ ကျနော်ပစ္စည်းတခုမှ ပြန်မယူရတော့ဘူး။ ဖုန်း ဆိုင်ကယ် နဲ့ ကျနော့်ဆွဲကြိုးပေါ့။ စစ်တပ်ထဲမှာပဲ အကုန်လုံးကျန်ခဲ့တယ်။ ကိုယ်ဗလာနဲ့ပဲ ပြန်လာနိုင်တယ်ပေါ့။
မေး။ ။ စစ်ကောင်စီတပ်ကနေ ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေ ရှိသေးလား။
ဖြေ။ ။ သူတို့ရိုက်နှက်ထားတာ အနာတွေကျန်ခဲ့တယ်။ ရွာကလူကြီးတွေကို ပြတော့ ဒဏ်ရာရှိသေးတယ် ကျနော် ပြောလို့ ဆေးခန်းက ဆရာမတွေဆီမှာ ဆေးတောင်းပြီး ပြန်လိမ်းတာ တစ်ရက် နှစ်ရက်နဲ့ ဒဏ်ရာ ပြန်သက်သာ သွားတယ်။
မေး။ ။ အဖမ်းခံရတဲ့အချိန် ဘယ်လိုကြောက်စိတ်ရှိခဲ့လဲ။
ဖြေ။ ။ ကျနော်ကို ဖမ်းတဲ့ချိန် ကျနော်တအားကြောက်တယ် တအားတုန်တယ်။ ထမင်းတောင် ပြန်မစားနိုင်တော့ဘူး သုံးလေးရက်တောင် ဆက်တိုက် ပြန်ဖျားတယ်။