spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကိုယ်စားလှယ်လောင်းတွေအပေါ် ရှားတောမြို့နယ်က ဒေသခံတွေရဲ့ မျော်လင့်ချက်တွေဘယ်လိုရှိနေပါသလဲ

Author

Date

Category

၂၀၂၀ ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေအပေါ် ရှားတောမြို့နယ်က ဒေသခံတွေရဲ့ မျော်လင့်ချက်တွေဘယ်လိုရှိနေပါသလဲ။ ဒီအကြောင်းအရာ နဲ့ ပါတ်သက်ပြီး ရှားတော့ ဒေသခံတွေရဲ့ အသံတချို့ကို ဖော်ပြပေးလိုက်ပါတယ်။

ရှားတောမြို့နယ်၊ သီရီဒါးကျေးရွာမှာနေထိုင်တဲ့ ဦးပဲ့ရယ်က

ရှားတောမြို့နယ်၊ သီရီဒါးကျေးရွာမှာနေထိုင်တဲ့ ဦးပဲ့ရယ်က
“ ဘယ်လိုမျိုးကိုယ်စားလှယ်ဖြစ်စေချင်လည်းဆိုရင် ကျတော်တို့က ဒီပြည်သူလူထုတွေကို ချစ်တဲ့သူ ပြည်သူလူထုတွေကို ရွာတစ်ရွာကနေ တစ်ရွာပြီး သူတို့ချစ်တဲ့သူတွေဘဲလိုချင်တယ် ဘာဖြစ်လဲးဆို အပြန်အလန်နဲ့စကားပြောရင်းနှီးတဲ့ သူတွေမှဘဲလိုချင်တယ် တစ်ချို့က အာဏာရှိပေမဲ့လဲး အာဏာရှိတဲ့လူတွေက မျက်နာလည်းမကောင်းဘူး ကြည့်လိုက်ရင် ကြောက်စရာကြီးအဲ့လိုမျိုးဖြစ်တဲ့သူတွေ ပိုကြောက်တာပေါ့နော် ကျတော်တို့အဲ့လိုမျိုးစိုးရိမ်တယ် တစ်ခြားတက်လာတဲ့ပါတီဘဲ ဖြစ်ဖြစ်ပြည်သူလူထုတွေကို ချစ်တဲ့သူမှကျတော်တို့က အဲ့လိုမျိုးလိုချင်တာပေါ့နော် အာဏာရှိပြီးတော့ သူတို့က သူ့ရဲ့အာဏာနဲ့သူများကို အမိန့်ချတဲ့ သူတွေ အဲ့လိုမျိုးမလိုချင်ဘူးပေါ့နော်။”

ဦးစေရယ်

ဦးစေရယ်
၂၀၁၅ တုန်းက မဲထည့်ဖူးတယ် ။လာမယ့်ရွေးကောက်ပွဘယ်ဟာပိုကောင်းသလဲဆိုတာ ကျနော်တို့ရွာအချင်းချင်းလည်း တိုင်ပင်ဆွေးနွေးဖို့လိုတယ်။ လာမယ့်ရွေးကောက်ပွဲ အတွက် မဲထည့်ဖို့ ကျနော်တို့ ရွာသားတွေအချင်းချင်းလည်း ဘယ်ဟာကောင်းလဲ ၊ ဘယ်ဟာမကောင်းဘူးလဲ ဆိုတာ တိုင်ပင်ဆွေးနွေးကြဖို့ လိုအုံးမယ်။ ရပ်ရွာအုပ်ချုပ်တဲ့သူ လိုမျိုးပေါ့ ကြိုက်ရင်ရွေးမယ် မကြိုက်ရင်မရွေးဘူး အဲလိုဘဲပေါ့။
ရပ်ရွာအတွက်ကြည့်ပေးခိုင်းစေချင်တယ်။ လူထုတွေကိုတော့ အကြောင်းကြားပေးပါတယ်။ ဘယ်ဖွဲ့ကကောင်းလဲ ဘယ်တစ်ယောက်က ကောင်းလဲ ဆိုတာ ကျနော်တို့ဖက်ကလည်း စဉ်းစားထားပါတယ်။ အယောက်စီတိုင်းလည်း စဉ်းစားပါတယ် ဒီဟာက ဘယ်အဖွဲ့ကကောင်းလဲ ဘယ်အဖွဲ့ကမကောင်းလဲ ဆိုတာ အယောက်စီတိုင်းစိတ်ထဲမှာရှိပါတယ်။

ဦးတော်ရယ်

ဦးတော်ရယ်
၂၀၁၅ တုန်းက မဲထည့်ဖူးပါတယ်။ လူထုတွေကိုချစ်ပေး လူထုတွေဆီသွားပြီး ကူညီနှစ်သိမ့်ပေးတဲ့ သူကိုဘဲတက်ခိုင်းစေချင်ပါတယ်။

ဦးမူးရယ်

ဦးမူးရယ်
၂၀၁၅ မှာမဲထည့်ဖူးတယ်။ အခုအစိုးရက တံတားတွေ ရေကန်တွေလုပ်ပေးတာရှိတယ်။ အကုန်လုံးတော့ မပြည့်စုံသေးဘူး။ သွားလာဖို့ လမ်းတွေရှင်းရှင်းလင်းလင်းမရှိသေးဘူး။ တစ်နှစ်နည်းနည်း တစ်နှစ်နည်းနည်း ရွာသူ/သားတွေကိုခေါ်ပြီး ပြန်လုပ်ရမယ်။ အပြင်မှာပြောရင်လည်း အဲလောက်ထိ မပြောတတ်တော့ ဘယ်လမ်းကိုသွားမလဲဆိုတာ ကျနော်တို့ အချင်းချင်းခေါ်ပြီး ကိုယ့်ဘာသာကိုယ်လုပ်မယ်လို့ စဉ်းစားထားတယ်။

ရုပ်သံဖြင့်ကြည့်ရန် နိပ်ပါ-

spot_img
spot_img

Recent posts