spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ကြိုတင်ကာကွယ်မှု သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတချို့ကို ဆက်သွယ်မေးမြန်းခြင်း

Author

Date

Category

ကျေးလက်နေပြည်သူတွေအတွက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ကြိုတင်ကာကွယ်မှု အသိပညာပေး သတင်းအချက်အလက်အမှန်ရရှိစေဖို့ မြို့နယ်အလိုက် ဘာတွေဆောင်ရွက်နေပြီလဲ၊ ဒေသခံတွေ စိုးရိမ်ထိတ်လန့်မှုတွေကို ဘယ်လိုအသိပညာပေးလုပ်ဆောင်နေလဲ ဆိုတာနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတချို့ကို ဆက်သွယ်မေးမြန်းထားတာကို တင်ပြပေးလိုက်ပါတယ်။

ဦးနေမျိုးကျော် ( မယ်စဲ့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုုး )

“အခုနယ်စပ်ဂိတ်မှာ ဌာနဆိုင်ရာအစုံနဲ့ ကျနော်တို့လာစောင့်နေတာလေး။ ကျနော်တို့က ရွာမှာသွားတဲ့ချိန်မှာ ကျေးရွာသူကျေးရွာသားတွေကို အစည်းအဝေးခေါ်တယ်လေး အစည်းအဝေးခေါ်တယ်ဆိုတာ ကျန်းမာရေးဌာနနဲ့ပူးပေါင်းပြီးတော့မှ ပြည်သူလူထုတွေကို ကိုရိုနာဗိုင်းရပ် အကြောင်းတွေကို လူထုအသိပညာပေးအနေနဲ့ ကျနော်တို့က့ပြုလုပ်တယ်။ ဒီလိုအသိပညာပေးတွေပြုလုပ်ပြီးတော့မှ အရေးပေါအခြေအနေတွေ ဖြစ်လာပြီးတော့မှ အရးပေါ်အခြအနေတိုင်း ကျနော်တို့ ဆယ်အိမ်မှုုး ယာအိမ်မှုုးတွေနဲ့ ခေါ်ပြီးတော့မှ ဆွေးနွေးတယ်။ ဆွေးနွေးပြီးတော့ ဌာနဆိုင်ရာအစုံနဲ့ ကျနော်တို့နယ်စပ်ဂိတ့်မှာပြန်စောင့်တယ်။ ပြည်ပကနေပြန်လာသူတွေအတွက် စောင့်နေကြတာ။ အဲ့ဒီရောဂါတရုတ့်မှာ စပြီးဖြစ်ပွားတဲ့အချိန်ကတည်းက ပြည်သူလူထုတွေကို အသိပညာပေး အစည်းအဝေးတွေလုပ်ပြီးတော့မှ ကျန်းမာရေးဌာနကနေပြီးတော့မှ ဆရာတွေ ဆရာမတွေက လာပြီးတော့မှ ရှင်းပြတဲ့အတွက်ကြောင့် သိထားကြပါပြီ။ ပြည်သူလူထုတွေကတော့ လောလောဆယ်ကတော့ အဲ့ဒီရောဂါက ကျနော်တို့ရွာဖက်မှာ မရှိသေးတော့ သိပ်တော့မစိုးရိမ်ကြဘူးပေါ့။ တစ်ချို့ကတော့ နည်းနည်းတော့ စိုးရိမ်ကြတာပေါ့။ ကျနော်တို့ရွာကို နိုင်ငံခြားဖက်ကနေ ပြန်လာတဲ့သူတွေရှိရင် ကျနော်တို့က ဆယ်အိမ်စုဥက္ကဌတွေက ကျနော်တို့ကို သတင်းပေးတာတွေရှိတယ်။ ကျနော်ကနေပြီးတော့မှ ကျန်းမာရေးဌာနနဲ့ ချိတ့်ဆက်ပြီးတော့မှ စောင့်ကြည့်စစ်ဆေးဖို့လုပ်မယ်ဆိုပြီးတော့မှ အသိပေးထားတာ။ နောက်ပြီးတော့ အသံချဲ့စက် အော်လန် နဲ့ ရွာကိုပတ်ပြီးတော့မှ လိုက်အော်ခိုင်းထားတယ်။”

ဦးစူးရယ် ( ရှားတော တောင်ပိုင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုုး)

“ ဒီမှာကလည်း ထိုင်းဖက်သွားတဲ့လမ်းဖြစ်နေတတယ်လေး လမ်းလည်းပိတ့်ပြီ နောက်ပြီးတော့ စစ်ဆေးရေးဂိတ့်တွေ သေချာစွာ ပြန်ဆောက်ပေးဖို့ သူတို့အဲ့လိုမျိုးပြေားသွားကြတယ်။ အခုပြီးခဲ့တဲ့အစည်းအဝေးထဲ့မှာကတော့ စားသောက်ဆိုင်တို့ဘာတို့ ကုန်စုံဆိုင်တို့ဆိုရင် ရေဗုံးနဲ့ဆပ်ပြာနဲ့ထားပြီး ဈေ းလာဝယ်မယ့်သူကို ဆပ်ပြာနဲ့လက်အရင်ဆေးခိုင်းရမယ်။ ရပ်ကွက်ထဲက လမ်းတွေမှာဆိုရင်လည်း ရေဗုံးနဲ့ဆပ်ပြာထားပေးဖို့ ပြောသွားကြတယ်။ ရွာထဲကလူတွေတော့ စိုးရိမ်ကြတယ်။ စိုးရိမ်ကြတယ်ဆိုတာက ဒီမှာလည်း ထိုင်းသွားတဲ့လမ်းဖြစ်နေလို့ နောက်ပြီးတော့ ပြန်လာတဲ့လူတွေကလည်း တစ်ချိုု့ရှိနေတဲ့အတွက်ကြောင့် ရွာကလူတွေကတော့ စိုးရိမ်ကြတယ်။ ဒါပေမဲ့ သိထားသလောက် ပညာတော့ပေးပါတယ်။ ကျနော်တို့ဒေသမှာဆိုရင် ဒုက္ခသည်စခန်းကနေပြန်လာတဲ့သူတွေ ခပ်များများပဲ ခြောက်ယောက်လောက်ရှိတယ်။ ပြီးတော့ သူတို့စစ်ဆေးရေးဂိတ်တွေချထားပေးတယ်လေး ရွာပြင်မှာ။ ကျန်းမာရေးတို့ ရဲတို့ဘာတို့ သူတို့စောင့်ပြီးတော့မှ စာရင်းတွေမှတ်ထားပြီးတော့ မနေ့ညကပဲ ပြန်လာမဲ့သူတွေရဲ့စာရင်းကို သူတို့ကြော်ညာပြီးတော့ ၁၄ ရက်အတွင်းမှာသူတို့ဖျားနာတာတွေရှိရင်တော့ အမြန်ဆုံးသတင်းပေးဖို့ ပြေားပြထားကြတယ်။ သူတို့ကို အပြင်တို့ ဘာတု့ိလျှောက်မလည်ဖို့ ၁၄ ရက်အတွင်းမှာ ကိုယ့်အိမ်မှာပဲနေပေးဖို့ အဲ့လိုမျိုးတော့ ပြေားထားတယ်။”

ဦးဗျားရယ် (ဖာဆောင်းမြို့နယ် ကရယ်ခီးကျေးရွာအုပ်စု ရပ်/ကျေးစာရေး)

“ကြိုတင်ကာကွယ်ထားတာကတော့ နိုင်ငံခြားကနေ ပြန်လာတဲ့လူတွေရှိရင် အကြောင်းကြားပေးဖို့ ပြေားထားတာတွေရှိတယ်။ သူတို့ကိုလည်း လိုက်လံဆော်သြော်းထားတာတွေရှိတယ်။ ဖာဆောင်းမြို့နယ်မှာ နိုင်ငံခြားကနေ ပြန်လာတဲ့ူလူတွေကို ဖာဆောင်းမြို့ထဲမှာ ၁၄ ရက်လာနေဖို့ ကျနော်တို့ပြောထားတာတွေရှိတယ်။ နောက်ပြီးတော့ တစ်ကယ်လို့ဖျားတာနာတာဖြစ်ရင်လည်း ဆေးရုံတစ်ခါထဲသွားဖို့ပေါနော။ အဲ့လိုမျိုးပြေားထားတာတွေရှိတယ်။ ဒေသခံတွေ ရေားဂါပိုးအကြောင်းသိဖို့ အုပ်ချုပ်ရေးမှုူးတွေ ရွာသူကြီးတွေကို ပြောပြထားတာတွေရှိတယ်။ သူတို့ကနေတစ်ဆင့် ရွာသားတွေဆီကို သတင်းပြန်ဖြန့်ပေးတယ်ပေါနော။ အဲ့ဒီရောဂါကြောင့် ဒေသခံတွေက စိုးရိမ်ကြောက်ကြတာတွေရှိတယ် ဒီနံနက်တောင်မှ အုပ်ချုပ်ရေးတစ်ယောက်က သူတု့ိရွာမှာတော်တော်ကြောက်နေကြလို့တဲ့ အဲ့တာသူတို့ တောရွာကနေပြီးတော့မှ မြို့မှာသွားမနေရဲကြဘူးတဲ့ အဲ့လိုမျိုးပြောပြထားတာတွေရှိတယ်။ ကောင်းတော့ကောင်းတာပေါနေား ကိုယ့်ရွာမှာပဲကိုယ်နေရင်တော့ ပိုအဆင်ပြေတာပေါ့။ ဒီလိုမျိုးရောဂါတွေဘာတွေ သယ်လာတာတို့ ဘာတို့မရှိတော့ဘူးပေါ။”

စိုးမင်းထွန်း (ဘောလခဲ ကျေးရွာအုပ်စု ရပ်/ကျေးစာရေး)

“ကျနော်တု့ိရွာမှာတော့ အများသိအောင်လို့ ဟောပြောပွဲတွေလုပ်ထားတယ် မိုက်တွေ အော်ထားတယ်။ နောက်ပြီးတော့ အိမ်အဝင်အထွက်ရေဆေးဖို့ဆပ်ပြာလေးတွေရေဗုံးလေးတွေ အိမ်တိုင်းလိုလို လုပ်ခိုင်းထားတယ်။ တစ်ရွာနှစ်ရွာလောက်တော့လုပ်နေပြီ အခုလည်း ရွာတွေမှာလုပ်ဖို့ လိုက်ပြောနေပြီ။ ပြည်သူလူတွေရဲ့စိုးရိမ်စိတ့်တွေကတော့ ကျနော်တို့ဖက်က နည်းနည်းခေါင်တယ်ဆိုတော့လေး ကျနော်ပြောပြမယ် တစ်ချို့ကျတော့လည်း အဆက်အသွယ်ရှိတဲ့သူတွေက လိုင်းတွေဘာတွေသုံးတဲ့လူတွေက နည်းနည်းပါးပါးသိတယ်ပေါနော တစ်ချို့ကျတော့လည်း မသိဘူး အဲ့ဒီအပိုင်းတွေတော့ရှိတယ်ပေါ။ ဒါပေမဲ့သူတို့သိအောင်တော့ ကျနော်တို့က နားဝင်အောင်တော့ပြောတာပေါ။ အခုကျနော်က အုပ်စုကျေးဆိုတော့လေး ကျနော့်အုပ်စုအတွင်းမှာပဲ အဲ့လိုမျိုးလိုက်လုပ်နေတာ အဲ့ဒီနိုင်ငံခြားကနေပြန်လာတဲ့သူတွေအပိုင်းကိုကျတော့ ကျနော်သိပ့်မသိဘူး။ ကျနော့်အုပ်စုထဲမှာတော့ သံသယဖြစ်စရာလူနာတွေမရှိဘူး။”

ဦးအောင်မြင့်ထွန်း ( ဖရူဆိုမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှုုး)

“ကျန်းမာရေးအဖွဲ့တွေနဲ့ကျနော်တို့ရပ်ကျေးအဖွဲ့တွေ ဒီမှာရှိတဲ့သက်ဆိုင်ရာအဖွဲ့တွေပူးပေါင်းပြီးတော့ လက်ကမ်းစာစောင်တွေဖြန့်တာတွေ လုပ်ပြီးသွားပြီ။ မြို့နယ်အဝင်အထွက်ကတော့ လွှိုင်ကော်ကနေမယ်စဲ့သွားတဲ့လမ်းတွေမှာပေါ့ ကျနော်တို့ကတော့ ဖရူဆိုမြို့နယ်နဲ့ပတ်သက်ပြီး ကျနော်တို့ဖရူဆိုမြို့မကို ဆင်းမယ်လူ ရှိမရှိ လူရှိမယ်ဆိုရင်လည်း နိုင်ငံခြားကပြန်လာခြင်းရိှမရှိ ရှိမယ်ဆိုရင်တော့ ကျနော်တို့ကဆေးရုံနဲ့ချိတ့်ဆက်ဆောင်ရွက်ပေးရတော့မယ်။ ကုန်ဈေးနှုန်းနဲ့ပတ်သက်ပြီးတော့ နိုင်ငံတော်အနေနဲ့က အခုဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်ကို အခွင့်ကောင်းယူပြီးတော့ စီးပွားရေးသမားတွေ ကုန်ဈေးနှုန်းမတက်အောင်လည်း ထိန်းချုပ်ရမယ် ထိန်းချုပ်ဖို့လည်း ခုနကပြောသလို အထူးစုံစမ်းရေးဦးစီးဌာနက တာတွေနဲ့ပတ်သက်လို့ ဆောင်ရွက်ပေးနေတာ။ ကျနောတို့မြို့နယ်အနေအထားကတော့ ကျန်တဲ့ပြည်နယ်တွေထက်စာရင် ကျနော်တို့မြို့နယ်က ဒေသခံတွေက အေးဆေးတယ် ရိုးသားတယ် ဒီအပေါ်မှာတော့ ဆူဆူပူပူနဲ့ဝယ်တာတွေ ခြမ်းတာတွေသိပ်မရှိဘူး။ ကုန်ဈေးနှုန်းတွေတက်မယ်ဆိုရင်တော့ သူဌာနနဲ့သူ တရားဥပဒေနဲ့လုပ်ပိုင်ခွင့်ရှိတယ်လေး။ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနရဲ့ လုပ်ပိုင်ခွင့်ဖြစ်တယ် သူတို့ကနေပြီးတော့မှ လုပ်ဆောင် ဆောင်ရွက်သွားမှာပါ။”

ဦးဆူရယ် ( ဖရူမြို့နယ် မြို့မအုပ်စု အုပ်ချုပ်ရေးမှုုး)

“ ရွာသူရွာသားတွေက စိုးရိမ်သလောက်တော့ရှိပါတယ်။ တာပေမဲ့လို့ တစ်ချို့ကလည်း သူတို့ကိုယ်တိုင်ကြုံတွေ့မှပဲ စိုးရိမ်မဲ့သူတွေကလည်း ရှိကောင်းရှိနေသေးတယ်ပေါ။ တစ်ချို့လူတွေကလည်း ဈေးမသွားတော့နဲ့ ခေါင်သွားမရောင်းတော့နဲ့ပြောပေမဲ့လည်း သွားတဲ့လူကရှိနေသေးတယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အဓိကသူတို့စီးပွားရေးအတွက်ပဲသူတို့ ထင်နေလားမသိဘူး။ ဈေးသွားမရောင်းရဘူးဆိုတာက အမိန့်ချတာတော့မဟုတ်ဘူးပေါ အများအတွက်မနစ်နာစေအောင်ပေါ။ ကူးစက်တဲ့ရောဂါက ပွားမြန်တဲ့အတွက်ကြောင့် ဒီလိုမလုပ်သင့်ဘူးလို့တားမြစ်ထားပေမဲ့ တစ်ချို့လူတွေက မလိုက်နာဘူးပေါ့။ တစ်ခြားရွာက သူစိမ်းတွေ မဝင်လာအောင် မဝင်လာခိုင်းတာတော့မဟုတ့်ဘူးပေါ တာပေမဲ့ဝင်လာရင်လည်း အရင်ဆုံးသည်းခံပြီးမှ လက်ဆေးစေချင်တယ်။ အဲ့လိုမျိုးကျနော်စဉ်းစားထားပါတယ်။ ကျနော်တို့အုပ်စုထဲမှာ ၄ ယောက်ရှိတယ် နိုင်ငံခြားကနေပြန်လာတဲ့သူတွေ သူတို့ကို စနစ်တကျနဲ့ ဆေးကုသမှုခံယူခိုင်းပါတယ်။ အဓိက အရေးကြီးဆုံးက နိုင်ငံခြားကနေပြန်လာတဲ့သူတွေရှိရင် ကျနော်တို့အုပ်ချုပ်ရေးမှုုးကို အကြောင်းကြား စာရင်းပေးဖို့ပေါ့။”

spot_img
spot_img

Recent posts