spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကုန်တင်ယာဉ်ရပ်နားစခန်း ရွေ့ပြောင်းထားတဲ့ကျေးရွာအနီးရှိ ဒေသခံတွေစိုးရိမ်မှုတွေဖြစ်ပေါ်နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ပြည်နယ်အတွင်း ဝင်ရောက်လာတဲ့ ကုန်တင်ယာဉ်ရပ်နားစခန်းကို လွိုင်ကော်မြို့အဝင် ဝါရီကောခူကျေးရွာ၊ အထက(ခွဲ) ဝါရီကောခူကျောင်းဝန်းအတွင်းမှာ ပြောင်းရွေ့ဖွင့်လှစ်လိုက်တဲ့အပေါ်မှာ အနီးအနားရွာက ဒေသခံတွေက လက်မခံနိုင်ကြပဲ စိုးရိမ်ပူပန်မှုတွေရှိနေကြပါတယ်။

ကုန်တင်ယာဉ်ရပ်နားစခန်းကို ယခင်က လွိုင်ကော်မြို့ အထက(၆)ကျောင်းမှာ ဖွင့်လှစ်ခဲ့ပေမယ့် အောက်တိုဘာလ ၉ရက်နေ့ကစပြီး ဝါရီကောခူကျောင်းဝန်းအတွင်းမှာ ရွေ့ပြောင်းလိုက်တာဖြစ်ပါတယ်။


ကိုဗစ်ရောဂါဖြစ်ပွားသူအချို့မှာလည်း ကုန်ကားသမားတွေဖြစ်တဲ့အတွက် ရွာသားတွေက စိုးရိမ်နေတာကြတာလို့ဆိုပါတယ်။

လွိုင်ကော်မြို့အဝင် ဝါရီကောခူကျေးရွာ၊ အထက(ခွဲ) ဝါရီကောခူကျောင်းရှေ့တွင် ကုန်တင်ယာဉ်များရပ်နားထားသည်ကို တွေ့ရစဉ်

ဝါရီကောခူကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးဖြစ်တဲ့ ဦးသိန်းဝင်းက “ စိုးရိမ်ကြပါတယ် အမှန်ပဲ အနီးအနားရှိတဲ့သူကျတော့ ပိုပြီး စိုးရိမ်တာပေါ့။ သူ့ဘေးကဆိုင်တစ်ဆိုင်ဆိုရင် လုံးလုံးပိတ်လိုက်ပြီ ပစ္စည်းတောင်မှ အကုန်ဖြုတ်သိမ်းလိုက်ပြီ လူမနေတော့ဘူး။ ရွာကြားကလမ်းဆိုလည်း ကားသမားအဝင်အထွက်များနေမှာစိုးလို့ အကုန်လုံး ဝါးတားထားတယ် အရမ်းအရမ်းမဝင်ဖို့ပေါ့ အဲလိုမျိုးလုပ်ကြတယ် ရွာကလည်း စိုးရိမ်တစ်ကြီးရှိနေတယ်ပေါ့။ ဘာဖြစ်လဲဆိုရင် ဒီကိစ္စက ဖြစ်လာမယ်ဆိုရင် ဝါရီကောခူကစတာဆိုတာနဲ့ ကျတော်တို့ရွာက လုံးလုံးကို သိက္ခာကျတယ် နာမည်ပျက်တယ်လို့ အဲလိုပဲမြင်နေကြတာ” လို့ စိုးရိမ်ပူပန်မှုကို ပြောပါတယ်။

စိုက်ပျိုးချိန် လုပ်ငန်းသွားလာနေကြတဲ့ တောင်သူတွေရဲ့ လမ်းမကို ရွာလမ်းမကြီးပိတ်ဆို့နေတာဖြစ်တဲ့အတွက် မဖြစ်သင့်ဘူးလို့လည်း ပီကင်းကောခူကျေးရွာမှ ဦးမောင်မြင့်ကလည်း ထောက်ပြသွားပါတယ်။

၎င်းက “ လာသမျှကားအားလုံး ကျောင်းထဲမှာသွင်းပြီးတော့မှ ကုန်တင်ကုန်ချလုပ်တာသိပ်တော့ပြဿနာမရှိဘူးပေါ့။ အခုက ကျောင်းမှာနည်းနည်းပဲဝင်ပြီးတော့မှ လမ်းမကြီးမှာအကုန်လုံးပိတ်ဆို့နေတယ် ရွာကဒီချိန်မှာစိုက်ရေးပျိုးရေးအချိန်ပေါ့နော စက်တို့ ထော်လာဂျီတို့ ဆိုင်ကယ်တို့ အမြဲသွားသွားလာလာဆိုလို့ရှိရင် လမ်းကတောက်လျှောက် ဝါရီကတစ်ခြမ်း ပီကင်းကတစ်ခြမ်း လမ်းကအားလုံးပိတ်ကုန်တယ်ပေါ့ ဒါကမဖြစ်သင့်ဘူးပေါ့ အဲဒါက” လို့ ဆိုပါတယ်။

ကယားပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ကိုဗစ်ရောဂါ ကာကွယ် ထိန်းချုပ် တားဆီးရေး လုပ်ငန်းတွေကို ဆောင်ရွက်နေပြီး ပိုမိုစနစ်တကျ ကောင်းမွန်အောင်ဆောင်ရွက်နိုင်ဖို့အတွက် ယာယီကုန်တင်ယာဉ် ရပ်နားစခန်းကို အထက(ခွဲ)ဝါရီကောခူကျောင်းဝန်းကို ပြောင်းရွေ့တဲ့အခါမှာ ကျေးရွာကဒေသခံတွေနဲ့ တိုင်ပင်ညှိနှိုင်းတာတွေမလုပ်ဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။

ကျေးရွာမှာ ထမင်းဆိုင်၊ စားသောက်ဆိုင်မရှိတာကြောင့် ကားသမားတွေ ယာဉ်နောက်လိုက်အဖွဲ့တွေ စားသောက်ဖို့အတွက်ခက်ခဲနေသလို ကျေးရွာက အချို့ကုန်စုံဆိုင်မှာဆိုရင် ကားသမားတွေကို ဈေးမရောင်းတာကြောင့် ယာဉ်မောင်းတွေက အခက်အခဲတွေရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

“ရပ်ကွက်ထဲကအဝင်တောင်မခံဘူး လမ်းတောင်အကုန်ပိတ်ထားတယ် ဘယ်သူမှလည်းကျွေးမယ့်သူမရှိဘူး။ အခုဈေးဆိုင်တွေတောင် ကားသမားများမဝင်ရဆိုင်းဘုတ်တွေတောင်ချိတ်ထားတာ။ ဒီထဲမှာထားမယ်ဆိုရင်လည်း ဒီအစိုးရကသိဖို့လိုတယ်လေနော” လို့ ဂိတ်မှူးတစ်ဦးကဆိုပါတယ်။

ကျေးရွာသားတွေနဲ့ ယာဉ်မောင်းတွေက ယာယီကုန်တင်ယာဉ်ရပ်နားတာကို သင့်တော်မယ့်နေရာကို ရွေ့ခိုင်းစေချင်တယ်လို့ ပြောနေကြပါတယ်။

ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေ တည်းခိုနေထိုင်ရေးအတွက် အခန်း၊ ကုတင်၊ သောက်ရေသုံးရေ၊ လျှပ်စစ်မီး၊ ရေချိုးခန်း၊ သန့်စင်ခန်းတွေနဲ့ မော်တော်ယာဉ် ရပ်နားမယ့်နေရာတွေကို စနစ်တကျ စီစဉ်ဆောင်ရွက်ထားတယ်လို့ ဆိုပေမယ့် အောက်တိုဘာလ ၁၁ရက်နေ့အထိ အဆင်ပြေမှုမရှိဘူးလို့ ယာဉ်မောင်းတွေကပြောဆိုနေကြပါတယ်။

မန္တလေးကုန်တင်ယာဉ်မောင်းဖြစ်တဲ့ ကိုကျော်ဇေယျက “အခုလောလောဆယ် စဝင်လာတာနဲ့ သူတို့ကားထိုးဆိုလို့ ထိုးခိုင်းထားတဲ့နေရာပေါ့နော ထိုးခိုင်းတယ် နစ်သွားတယ် ဘားမှတာဝန်ယူမှုမရှိဘူး။ အိပ်ဖို့ ထိုင်ဖို့နေရာဘားမှမပြောဘူး အိမ်သာတစ်ခါသွားတာလည်း တော်တော်လှမ်းတယ် ရေအခက်အခဲက ရေကပါးပါးလေးပဲရှိတယ် နောက်ဆုံးအပြင်ထွက်ဝယ်မယ်ဆိုတော့လည်း စည်းတော့ရှိတာပေါ့ ရေဝယ်ဆိုလို့ရှိရင်လည်း ကားသမားတွေကျ ရပ်ကွက်က ရေထွက်တာတို့အဆင်မပြေဘူး စားဖို့သောက်ဖို့လည်း အဆင်မပြေဘူး” လို့ ပြောပါတယ်။

ကားသမားတွေကိုလည်း တခြားရွာတွေထဲကို လျှောက်မသွားဖို့ စည်းကမ်းတကျနေဖို့ မှာထားတဲ့အကြောင်း ၊ ကားသမားတွေအတွက် အတတ်နိုင်ဆုံးအဆင်ပြေအောင် ဖြည့်ဆည်းပေးထားတဲ့အကြောင်း အားလုံးကနေ ပြည်နယ်အကျိုးဆောင်ရွက်နေတာဖြစ်တဲ့အတွက် ပူးပေါင်းပေးဖို့ မေတ္တာရပ်ခံပါတယ်လို့ လွိုင်ကော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးရန်နိုင်ဝင်း ကပြောပါတယ်။

“ဝါရီကောခူကိုပြောင်းလိုက်တာက ကျနော်တို့ဒါ အားလုံးဆုံးဖြတ်ပြီးတော့ ဒါပြည်နယ်ဆရာဝန်ကြီးကော ပြည်နယ်အစိုးရကော အားလုံးတစ်ဦးတစ်ယောက်တည်းဆုံးဖြတ်တာမဟုတ်ဘူးအားလုံး အနီးဆုံးဂိတ်ပေါ့ ပြည်မကနေလာတဲ့ကားတွေ တနေရာတည်းမှာထိုးထားပြီးတော့ သူတို့ကို ကုတင်တို့ရေတို့ချိုးစရာရေကန်တို့ သူတို့ အခက်အခဲမရှိအောင် ရေစဉ်တို့ ကျောင်းဝန်းထဲမှာပဲ ဘယ်မှ မသွားအောင်ထားတာပေါ့ ။ ရွာကတော့ ပွင့်လင်းပြောရရင်တော့ အစကတော့ လက်မခံချင်ဘူးပေါ့ ဘယ်ရွာဘယ်မှာနေနေပါပဲလေး ကိုယ့်ရပ်ကွက် ဘယ်သူမှ လက်ခံချင်ကြမှာမဟုတ်ဘူး။ ဒါပေမယ့်လည်း ဒါက ပြည်နယ်အကျိုးအတွက်ဖြစ်ပါတယ်။ ဒါလည်း အားလုံးဆုံးဖြတ်ပြီးဆောင်ရွက်တာ ပူးပေါင်းပေးပါလို့။” လို့ ဦးရန်နိုင်ဝင်းက ပြောပါတယ်။

ကုန်တင်ယာဉ်တွေရဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေကို ကိုဗစ်ရောဂါပိုးရှိ မရှိ စစ်ဆေးတာကို သုံးရက်တစ်ကြိမ်စစ်ဆေးသွားမှာဖြစ်ပြီး စစ်ဆေးခကို တစ်ဦးလျှင် နှစ်သောင်းကျပ် ပေးဆောင်ရတယ်လို့ သိရပါတယ်။

ပြည်နယ်ပြင်ပမှဝင်ရောက်လာတဲ့ ကုန်တင်မော်တော်ယာဉ်အားလုံးကို လက်ရှိ ယာယီယာဉ်ရပ်နားစခန်းမှာသာ ထားရှိဆောင်ရွက်သွားမှာဖြစ်ပြီး ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေရဲ့ ကျန်းမာရေးကိုနေ့စဉ်စစ်ဆေးဆောင်ရွက်သွားမယ်လို့ ပြည်နယ်အစိုးရအဖွဲ့ကထုတ်ပြန်ထားပါတယ်။

ကျန်းမာရေးဦးစီးဌာနကနေ ယာဉ်နောက်လိုက်တဲ့သူတွေ၊ ယာဉ်မောင်းသမားတွေကို တစ်ပတ် ၄ ကြိမ် ကိုရိုနာဗိုင်း(စ်)ပိုး ရှိမရှိ ကို စစ်ဆေးပေးလျက်ရှိတယ်လို့ဆိုပါတယ်။

spot_img
spot_img

Recent posts