spot_img
Friday, March 24, 2023
spot_img

ကုန်းကြောင်းအပြင် လေကြောင်းနဲ့ ရိက္ခာပို့ဖို့ကြိုးစားနေတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း(မ်)

ထိုင်း-ကရင်နီနယ်စပ် Bp-12 အနီးက စစ်ကောင်စီတပ်စခန်းဖြစ်တဲ့ ဟွေခမောက်စခန်း ကို ယမန်နေ့(ဖေဖော်ဝါရီ ၂၄ရက်) မွန်းလွဲ ၃နာရီခွဲအချိန် လေကြောင်းနဲ့ ရိက္ခာပို့ဖို့ ပျံသန်းလာတဲ့ စစ်ကောင်စီရဟတ်ယာဉ်တစ်စီးကို ကရင်နီတပ်မတော် (KA)အမှတ်(၁)တပ်ရင်းက မြေပြင်မှ ပစ်ခတ်ခဲ့တယ်လို့ ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ ( KMIC ) က ဒီကနေ့ ထုတ်ပြန်ပါတယ်။

“ သူတို့က အရင်တစ်ခေါက်မြေပြင်နဲ့ပို့တော့ သူတို့ခံရတယ်မလား။ ဆိုတော့ အခုက သူတို့ ရဟတ်ယာဉ်နဲ့ပို့ဖို့ စီစဉ်တယ်လို့ ကျနော်တို့ အဲ့လိုပဲ ယူဆတယ်။ ဆိုတော့ အဲ့မှာ ကျနော်တို့ တပ်တွေ လှုပ်ရှားတာပေါ့။ အဲ့လိုရှိတော့ ပစ်တယ်လေ ပစ်တော့ သူတို့ မဆင်းသက်ဖြစ်ဘူးပေါ့။ ပြီးတော့ ပြန်လှည့်သွားတယ်။ “ လို့ ကရင်နီပြည်ထဲရေးဝန်ကြီးဌာနမှ ဝန်ကြီး ခူညေးရယ်က ပြောပါတယ်။

ပစ်ခတ်မှုကြောင့် ရဟတ်ယာဉ်မဆင်းသက်ခဲ့ပဲ ပြန်လှည့်သွားခဲ့ပေမယ့် နောက်တစ်နာရီအကြာမှာ စစ်ဂျက်လေယာဉ် ၂စီးနဲ့ ဟွေခမောက်စခန်း ဝန်းကျင်တစ်ဝိုက်ကို စုစုပေါင်းလေးကြိမ် လာရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ စစ်ဂျက်လေယာဉ် ၂စီးနဲ့ ပစ်ခတ်ခဲ့ပြီး KAဖက်တစ်စုံတစ်ရာထိခိုက်မှု မရှိခဲ့ဘူးလို့ ဝန်ကြီး ခူညေးရယ်က ဆိုပါတယ်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကလည်း ကရင်နီပြည် နယ်စပ်တစ်နေရာကို ရိက္ခာပို့ဆောင်ဖို့သွားနေတဲ့ စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီတပ်ခွဲမှူး ၁ဦးအပါအဝင် စုစုပေါင်းတပ်သား ၅ ဦးကို လက်နက်တွေနဲ့အတူ KA နဲ့ KNDF ပူးပေါင်းတပ်တို့က အရှင်ဖမ်းမိခဲ့ပါတယ်။

အဲ့ဒီအတွက် လေကြောင်းနဲ့ ထပ်မံပို့ဖို့ ကြိုးစားတာဖြစ်နိုင်တယ်လို့ ဝန်ကြီး ခူညေးရယ်က ဆက်ပြောပါတယ်။

“ အရင်တုန်းက သူတို့ ရဟတ်ယာဉ်နဲ့ ရိက္ခာပို့တာရှိတယ်လေ။ ရဟတ်ယာဉ်နဲ့ကျတော့ သူတို့ လိုသလောက် မပို့နိုင်ဘူးပေါ့။ သူတို့မှာက စစ်တပ်ရိက္ခာဆိုတာက ဒီလိုနယ်စပ်မှာဆိုရင် တစ်နှစ်စာပုံရတာမျိုးရှိတယ်။ ၆လစာ ရိက္ခာပုံဆိုတာရှိတယ်။ ၃လစာ ရိက္ခာပုံဆိုတာရှိတယ်။ အခုက မြေပြင်အရ သူတို့သွားလာတဲ့အခါကျတော့ ပြီးခဲ့တဲ့ ၁၉ရက်နေ့ ထုတ်ပြန်ချက်ပါ အဲ့ဒီဖြစ်စဉ်မျိုး သူတို့ ကြုံရတဲ့အခါကျတော့ အခုတစ်ခေါက်သူတို့ ရဟတ်ယာဉ်နဲ့ ပို့တယ်လို့ ကျနော်တို့ အဲ့လို ယူဆတယ်ပေါ့။ “

စစ်ကောင်စီတပ်အနေနဲ့ ပွင့်လင်းရာသီမှာ ရိက္ခာ ပို့ဆောင်တာ ပိုမိုလုပ်ဆောင်နေပြီး ကြားဖြတ်တိုက်ခိုက်ခံရတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကလည်း နယ်စပ်က စစ်ကောင်စီစခန်းတွေကို လက်နက်ပို့ဆောင်ဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီတပ်ကို ရှမ်းပြည်နယ်တောင်ပိုင်း ဟွေဟမှာ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ် ၅ ဦးသေဆုံးခဲ့ပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

စစ်ရှောင်လူထုတွေ ပါဝင်ကျင်းပကြတဲ့ ကေးထျိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲတော်

ကန္တာရဝတီတိုင်း(မ်) ကရင်နီလူမျိုးတို့ရဲ့ ရိုးရာဓလေ့ဖြစ်တဲ့ ကေးထျိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲတော်ကို မတ်လ ၂၂ရက်နေ့မှာ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတစ်နေရာမှာ ကျေးရွာဒေသခံတွေနဲ့ စစ်ရှောင်တွေစုပေါင်းပြီး ပြုလုပ်ခဲ့ကြပါတယ်။ ကျေးရွာကော်မတီတစ်ဦးဖြစ်တဲ့ ဒေါ်ပုက ပွဲတော်ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကို အခုလိုပြောပါတယ်။ “ ရည်ရွယ်ချက်က သူ့ရဲ့ရိုးရာဓလေ့က ဟိုးဘိုးဘွားဘီဘေခေတ်ကတည်းက လုပ်လာခဲ့တဲ့ ရိုးရာဓလေ့တစ်ခုပေါ့။ အဲ့ဒါသူက သူ့ရဲ့ရိုးရာက ဘာကြောင့်လုပ်ရလည်းဆိုရင်တော့...

ရေနီပေါက်နဲ့ မိုင်းထမ်းကျေးရွာမှာ လက်နက်ကြီးကျရောက်ပြီး နေအိမ်တွေ ပျက်စီးမှုရှိခဲ့

ကန္တာရဝတီတိုင်း( မ် ) ကရင်နီပြည် ဘောလခဲမြို့ နယ်၊ ရေနီပေါက်ကျေးရွာနဲ့ မိုင်းထမ်းကျေးရွာတွေမှာ လက်နက်ကြီးကျရောက်ပြီး နေအိမ်တစ်ချို့ ပျက်စီးတာတွေရှိခဲ့တယ်လို့ ဘောလခဲဒေသခံတွေက ပြောပါတယ်။ “ကျနော်တို့ ဘောလခဲ အခုလက်ရှိကတော့ ဘောလခဲကျေးရွာအုပ်စု သုံးရွာလုံး တစ်ယောက်မှ အိမ်မှာနေခဲ့လို့ မရတော့ဘူးလေနော။ ရက်တိုင်းရက်တိုင်းပဲ လက်နက်ကြီးတွေနဲ့ သူတို့ပစ်ခတ်တာကြောင့်နေအိမ်လည်းပျက်စီးတယ်။ တချို့က မီးလောင်သွားတဲ့ဟာတွေလည်းရှိတယ်။...

ထိုင်း-ကရင်နီနယ်စပ်ရှိ စစ်ရှောင်စခန်းတစ်ခုမှာ နွေရာသီအတွက် ရေသိုလှောင်ထားပေမယ့် လုံလောက်မှု မရှိ

ကန္တာရဝတီတိုင်း(မ်) ထိုင်း-ကရင်နီနယ်စပ်ရှိ စစ်ရှောင်စခန်းတစ်ခုမှာ စစ်ရှောင်ကာလ ၂နှစ်ဝန်းကျင်ရှိလာပြီ ဖြစ်ပေမယ့် နွေရာသီ ရေရှားပါးမှုပြဿနာကို ပိုမိုခက်ခဲစွာ ရင်ဆိုင်ဖြေရှင်းနေရတယ်လို့ စစ်ရှောင်စခန်းအုပ်ချုပ်ရေး အဖွဲ့နဲ့ စစ်ရှောင်တွေဆီကနေ သိရှိရပါတယ်။ မိုးရာသီမှာ သိုလှောင်ထားတဲ့ ရေတွေ မလုံလောက်တဲ့အတွက် စစ်ရှောင်တွေအနေနဲ့ ဝေးလံတဲ့နေရာတွေအထိ သွားရောက် ခပ်ယူနေရတယ်လို့ စစ်ရှောင်စခန်းအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ စီမံရေးမှူး ခွန်းရောဘတ်က ပြောြပပါတယ်။ “...

ကရင်နီဒေသ စစ်ဘေးရှောင် လူငယ်များအတွက် လူငယ်စွမ်းရည်မြှင့်တင်ရေး သုံးရက် သင်တန်းပို့ချ

CJ (သတင်းပေးပို့ချက်) ကရင်နီပြည်နယ်ရှိ စစ်ဘေးရှောင် စခန်းတခုမှာ မတ်လ ၁၇ ရက်နေ့မှစပြီး ၁၉ ရက်နေ့အထိ နွေရာသီ လူငယ်သင်တန်းကို သုံးရက်တာ ပို့ချခဲ့ပြီး လူငယ် ၁၂၀ ကျော်က သင်တန်းကို တက်ရောက်ခဲ့တယ်လို့ ကရင်နီ​ပြည်စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်မှ တာဝန်ရှိသူက ‌ပြောပါတယ်။ “လူငယ်‌တွေက အသက် ၁၅နှစ်ကနေ ၂၉နှစ်လောက်ထိပါတယ်။...