spot_img
Sunday, April 2, 2023
spot_img

ကုန်းသာတိုက်ပွဲအတွင်းကျဆုံးသွားတဲ့ DMO-PDF ရဲဘော်တစ်ဦးရဲ့ ဈာပနပြုလုပ်ခဲ့

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည် ဒီးမော့ဆိုမြို့ ဒေါငံခါးနဲ့ ကုန်းသာကျေးရွာအကြား တိုက်ပွဲအတွင်း ကျဆုံးသွားခဲ့တဲ့ DMO-PDF ရဲဘော်တစ်ဦးဖြစ်တဲ့ မောင်ဖရန်းမင်းအောင်( ခ ) ဘူးဒူကို ယမန်နေ့ စက်တင်ဘာလ ၁၁ရက်နေ့မှာ သင်္ဂြိုလ်ပြီးစီးခဲ့တယ်လို့ DMO-PDF တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

အသက် ၁၉နှစ်ရှိပြီဖြစ်တဲ့ မောင်ဖရန်းမင်းအောင်( ခ ) ဘူးဒူဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ရက်နေ့က ဒီးမော့ဆိုမြို့ ဒေါငံခါးနဲ့ ကုန်းသာကျေးရွာအကြား တိုက်ပွဲအတွင်း ကျဆုံးခဲ့တာဖြစ်တယ်လို့ သူက ပြောပါတယ်။

“ဒီ၉ရက်နေ့မှာ ဒီဒေါငံခါးကုန်းသာမှာပေါ့နော။ ဒေါငံခါး ကုန်းသာရွာကြားက တိုက်ပွဲမှာ ညနေပိုင်း ၇နာရီအချိန်ကနေ တိုက်ပွဲဖြစ်တော့ စကစ တော်တော် နီးကပ်တဲ့အထဲပါတော့ ဒီရဲဘော် ပေါ့။ သူကျဆုံးသွားတယ်။ သုံးယောက် ကျနော်တို့ရဲဘော်ကနေ အဲ့တစ်ယောက်ခါကျတော့ သေနတ်ကျည်က ဒီရင်ဘတ်ပေါ်မှာ တည့်တည့်ထိတယ်ပေါ့နော။ နှစ်ယောက်ခါကျတော့ လက်နက်ကျည်ရှပ်ထိတယ်။ နှစ်ယောက် သူတို့ထိခါကျတော့ ဒီရင်ဘတ်မှာ တည့်တည့်ထိတယ်လို့ ပြောလို့ရတယ်။ ၇နာရီမှာ တိုက်ပွဲဖြစ်ခါကျတော့ ညအချိန်မှာ ပစ်ရင်းနဲ့ ကျဆုံးသွားတယ်ပေါ့နော။” လို့ သူက ပြောပါတယ်။

နာရီဝက်ကြာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုရှိခဲ့သလို စစ်ကောင်စီဘက်ကလည်း နှစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ကရင်နီပြည်မှာ ၂၀၂၂ခုနှစ်အတွင်း စစ်ကောင်စီနဲ့ တော်လှန်တိုက်ခိုက်ရင်း DMO-PDF တပ်ဖွဲ့ဝင် ၁၄ဦး ကျဆုံးသွားခဲ့ရတယ်လို့ DMO-PDF ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

မိုးဗြဲမြို့အတွင်းမှာလည်း စစ်ကောင်စီနဲ့ ကရင်နီဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ စက်တင်ဘာလ ၈ရက်ကစပြီး ငါးရက်ဆက်တိုက် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပါတယ်။ တိုက်ပွဲအတွင်း အရပ်သားထိခိုက်သေဆုံးမှုနဲ့ နေအိမ်ထိခိုက်ပျက်စီးမှုတွေ ရှိသလို နှစ်ဦးနှစ်ဖက် ထိခိုက်မှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

လူထုထောက်ခံမှုရှိနေသ၍ ပါတီဆက်ရှိနေအုံးမယ်လို့ KySDP ပြော

ကန္တာရဝတီတိုင်း( မ် ) ကရင်နီပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီအပါအဝင် တိုင်းရင်းသားပါတီ ၄၀ ကို ဖျက်သိမ်းကြောင်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင် ( UEC ) က မတ်လ ၂၈ ရက်နေ့မှာ ကြေညာခဲ့ပေမယ့် လူထုထောက်ခံမှုရှိနေသ၍ ကတော့ ပါတီဆက်လက်ရှိနေအုံးမှာဖြစ်တယ်လို့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ ( KySDP...

နှစ်ရက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၁၅)ဦးသေဆုံး၊ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း ဒေါလျားခူကျေးရွာအနီးရှိ ညေးဘူးခူတောင်ပေါ် ဖက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော်(KA)၊ KNDF ပူးပေါင်းတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၅ ဦးသေဆုံးခဲ့သလို လက်နက်ခဲယမ်းအသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းမိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဒီကနေ့ မတ်လ ၃၁ ရက်နေ့မှာ...

တစ်လကျော်ကြာတိုက်ပွဲပြင်းထန်နေတဲ့ ဖယ်ခုံ-ပင်လောင်း နယ်စပ်မှာ လေကြောင်းတိုက်ခိုက်မှုပြင်းထန်စွာ အသုံးပြုနေ

ကန္တာရဝတီတိုင်း(မ်) ပင်လောင်းမြို့နယ်ဖက် စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေတာ တစ်လကျော်ကြာရှိနေပြီဖြစ်ပြီး စစ်ကောင်စီဖက် လေကြောင်းတိုက်ခိုက်မှု ပြင်းထန်စွာ သုံးနေတယ်လို့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဆိုကြပါတယ်။ မတ်လ (၂၉)ရက်နေ့ ဖယ်ခုံ-ပင်လောင်းနယ်စပ်တစ်နေရာမှာ ဖြစ်တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဖက် တိုက်လေယာဉ် (၄)စင်းနဲ့ အပြင်းအထန် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီရက်တိုက်ပွဲမှာ...

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းရှိ အထက်တန်းစာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရ

ကန္တာရဝတီတိုင်း(မ်) ဒီကနေ့ မတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်မှာ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းကို စစ်ကောင်စီ လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တဲ့အတွက် အထက်တန်း စာသင်ကျောင်းတစ်ကျောင်း ထိမှန်ပျက်စီးခဲ့ရပါတယ်။ “၁ နာရီ ၁၆မိနစ်မှာ တိုက်လေယာဉ် နှစ်ပတ် ပတ်ပြီးဝဲတာ ဝဲပြီးတော့ ၁၈မိနစ်လောက်မှာ တစ်ခါတည်းတန်းပစ်တာ။ ၈ခေါက်တိတိပစ်တယ်။ လေယာဉ်ဒုံးနဲ့လည်းပစ်တယ် ရွာတစ်လျှောက်...