spot_imgspot_imgspot_imgspot_img
Tuesday, September 17, 2024
spot_imgspot_imgspot_imgspot_img

ကုန်းသာရှိ စစ်ကောင်စီတပ်စခန်းကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစု(KRU)မှ ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီဖက်မှ တပ်ပြန်ဆုတ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂ ရက်နေ့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစု(KRU)မှ ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ခဲယမ်း၊ ပစ္စည်းတချို့သိမ်းဆည်းရမိခဲ့တယ်လို့ ဒီကနေ့ စက်တင်ဘာလ ၈ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်နဲ့ အပြန်အလှန်ပစ်ခတ်မှုရှိခဲ့ပြီး စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုရှိခဲ့ပေမယ့် အတိအကျမသိရှိနိုင်ဘူးလို့ ဆိုပါတယ်။

တိုက်ပွဲပြီးနောက် စစ်ကောင်စီတပ်က ပြန်လည်ဆုတ်ခွာခဲ့တာကြောင့် နယ်မြေရှင်းလင်းရေး ပြုလုပ်ခဲ့ရာ စစ်ကောင်စီရဲ့ ခဲယမ်း၊ ပစ္စည်းတချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေမှာ မိုင်းတပ်ဆင်ထားမှု အများအပြားရှိတာကြောင့် နယ်မြေရှင်းလင်းရေးပြုလုပ်တဲ့အခါ အခက်အခဲရှိတယ်လို့ ဆိုပါတယ်။

ကရင်နီတော်လှန်ရေးအင်အားစုတွေဖြစ်ကြတဲ့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု(KRU) ၊ DMO PDF တပ်ရင်း(၄)၊ KNDF BO (01) တို့ ဘက် မှ နယ်မြေရှင်းလင်းမှု ပြုလုပ်ခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂ ရက်နေ့မှာ ဒီးမော့ဆိုမြို့နယ်အတွင်းက သေးဆူလဲနဲ့ ပူဖားကျေးရွာတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုမှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ၃၀ ကျော်သေဆုံးခဲ့ပါတယ်။ အဲ့ဒီတစ်ချိန်တည်းမှာပဲ ကုန်းသာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို တစ်ပြိုင်နက် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိ ကရင်နီပြည်ကို စစ်ကောင်စီဖက်မှ ဆက်တိုက် စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လိုအပ်ချက်တွေကို အကူအညီပေးကြဖို့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု(KRU)က တောင်းဆိုထားပါတယ်။

spot_img
spot_img

Recent posts