spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကျပ်သန်း ၈၂ဝ ဖြင့် နှစ်လမ်းသွားသံကူကွန်ကရစ်တံတား တည်ဆောက်မည်

Author

Date

Category

ဂျပန်သံတံတားဟောင်းအနားတွင်တည်ဆောက်မည့် နှစ်လမ်းသွားသံကူကွန်ကရစ်တံတားသည် ကယားပြည်နယ်အစိုးရ၏ ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်သန်း ၈၂ဝ ဖြင့်တည်ဆောက်ခြင်းဖြစ်သည်ဟု ( မြို့ပြ/တံတားအထူး-၆ ) တာဝန်ခံဦးစီးအရာရှိ    ဦးမြင့်သူက ပြောသည်။

“ဒီတံတားက လွိုင်ကော်နဲ့ သီရိမင်္ဂလာဈေး အနားမှာရှိတဲ့အတွက် ယာဉ်အသွားအလာအများဆုံး တံတားတစ်စင်းဖြစ်တယ်။ အဲ့ဒါကြောင့် လက်ရှိတံတားဟောင်း ဂျပန်တံတားကလည်း တစ်လမ်းသွားပဲရှိတဲ့အတွက် နှစ်လမ်းသွားသံကူကွန်ကရစ်တံတားကို ထပ်ပြီးတော့ တည်ဆောက်ရခြင်းဖြစ်ပါတယ်။”ဟုပြောသည်။

အင်ဂျင်နီယာများ မှ စစ်ဆေး တိုုင်တာမှုများ ပြုလုုပ်စဉ်
အင်ဂျင်နီယာများ မှ စစ်ဆေး တိုုင်တာမှုများ ပြုလုုပ်စဉ်

လမ်းသွားလမ်းလာများသလို အချက်အချာကျတဲ့ လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးအနီးရှိ ဘီလူးချောင်းပေါ် တည်ဆောက်ထားသည့်(ဂျပန်သံ)တံတားသည် ခရီးသွားများ ယာဉ်ကျောကျပ်တည်းမှု ပြဿနာကို လျော့ ချ ဖြေရှင်းရန် ယင်းတံတားအနီတွင် ဘီလူး     ချောင်းဖြတ်တံတား(ရှမ်းပို်င်း) ဆောက်လုပ်သွားခြင်းဖြစ်သည်ဟုဆိုပါသည်။

ဘီလူးချောင်းဖြတ်တံတား(ရှမ်းပို်င်း)ကို ၂၀၁၇-၁ရ ဘတ်ဂျတ်နှစ် ဖြင့် ၂၀၁၆ ဇွန်လပိုင်းမှာ စတင်ဆောက်လုပ်ပြီး ၂၀၁ရ မတ်လအကုန် ပြီးစီးမည်ဟု သိရပါသည်။

တံတား၏အရှည်ပေ ၂၇ဝ ပေအရှည်ရှိပြီး လူသွားလမ်း ဘေးဘယ်ညာနှစ်ဖက် သုံးပေစီနဲ့ ၂၄ ပေ အကျယ်ရှိ ယာဉ်ကျောလမ်းကြောင်းနှစ်လမ်းသွား ဖြစ်ပြီး တံတားခံနိုင်ဝန် တန် (၆၀) ဖြစ်ကြောင်း သိရပါသည်။

spot_img
spot_img

Recent posts