spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကျဆုံးသွားတဲ့ တော်လှန်ရေးရဲဘော်တွေအပေါ် မိသားစုတွေ၊ မိတ်ဆွေတွေရဲ့ စကားသံ

ကန္တာရဝတီတိုင်း(မ်)

နိုဝင်ဘာလ ၂ ရက်နေ့ဟာ ကက်သလစ်ဘာသာဝင်တွေရဲ့ သင်္ချိုင်းပွဲ နေ့ဖြစ်ပါတယ်။ အဲဒီနေ့မှာ ဒီးမော့ဆိုမြို့နယ်တစ်နေရာက အာဇာနည်သင်္ချိုင်း ကို လာရောက် ဝတ်ပြု ၊ မီးထွန်းပေးကြတဲ့ ဆွေမျိုး၊မိတ်ဆွေတွေရဲ့ စကားသံကို ကန္တာရဝတီတိုင်း(မ်) ကမေးမြန်တင်ဆက်ပေးလိုက်ပါတယ်။

ဂျော့ကင်း

ကျသွားတဲ့ ရဲဘော်တွေရဲ့ အပေါ်မှာကော ကျနော်တို့စိတ်မကောင်းဖြစ်မိတယ်ပေါ့နော။ ကျနော်တို့ထက် အများကြီးအရည်ချင်းရှိတယ်။ အများကြီးတော်တတ်တဲ့ ရဲဘော်တွေဖြစ်တယ်။ အနာဂတ်သားသမီးကောင်းတွေ ဖြစ်တဲ့အတွက် ကျနော်တို့အထက်ကို အရင်ကအသက်ပေးသွားခဲတဲ့ ရဲဘော်အတွက်ကို ကျနော်တို့စိတ်မကောင်းဖြစ်တာ မှန်ပါတယ်။ အခုလို ဒီလိုမျိုးပွဲရှိခါကြတော့ သူတို့ အတွက်ဘာမှထွေထွေထူးထူး မလုပ်ပေးနိုင်တဲ့အတွက် အများကြီးစိတ်မကောင်းဖြစ်မိတယ်ပေါ့နော။ ရဲဘော်တွေလည်း ကောင်းရာမွန်ရာရောက်ပါစေလို့ ဆုတောင်းပေးခဲ့တယ်ပေါ့နော။

မိုးနိုင်

ကျနော်တို့ ရဲဘော်စကျတဲ့ချိန်မှာတော့ ဘဝမှာ တစ်ခါမှမကြုံဖူးတဲ့ ရင်ကျိုးမရတဲ့အဖြစ်ပျက်ကို ကျနော်တို့ကြုံခဲရတာပေါ့နော။ ဘယ်လိုခံစားရလည်းဆိုတော့ တော်တော်လေးကို ခံစားခဲ့ရတယ်။ ဒီနှစ်ဒီချိန်ထိပါပဲ။ ကျနော်တို့ရဲဘော်ကျသွားတယ်ဆို ကျနောသူငယ်ချင်း ကျသွားဆို တစ်နှစ်တောင် ကျော်သွားပြီ။ ဒါပေမယ့် အခုချိန်ထိပဲ သူ့ကြောင့်နဲ့ပဲ တော်လှန်ရေးဆက်လုပ်တယ်ပေါ့။ ပြီးတော့ တော်တော်လေးကို ခံစားခဲရတယ်။ ပြီးတော့ ဆက်လက်ပြောချင်တာက ဘယ်အဖွဲ့အစည်းမဆို ဘယ်ခေါင်းစဉ်အောက်ကအဖွဲ့စည်းပဲဖြစ်ဖြစ် ကျနော်တို့ရဲ့ ဒီကျသွားတဲ့ရဲဘော်တွေကို ကျဆုံးပါ၏ ဝမ်းနည်းကြောင်း စာတစ်စောင်နဲ့ပဲ မပြီးခိုင်းစေချင်ဘူး။ ခုလိုပဲ မြင်တွေ့ရတဲ့အတိုင်းပဲ ကျနော်တို့ ကျသွားတဲ့ ရဲဘော်ဆိုရင် ဒီအုတ်ဂူလေးတော်မလုပ်ပေးနိုင်ဘူးပေါ့။ ပြီးတော့ သူတို့ရဲမိဘတွေရဲ့ အခြေနေကိုလည်း လိုက်ပြီးတော့မကြည့်ပေးဘူး။ မကြည့်ပေးနိုင်ဘူးပေါ့။ ကျနော်တို့တောင်းဆိုချင်တာကတော့ ဒီအုတ်ဂူလေး နည်းနည်းပြန်လုပ်ခိုင်းစေချင်တယ်။ ပြီးတော့ မိဘတွေရဲ့အခြေနေကိုလည်း ကြည့်ခိုင်းစေချင်တယ်။

ဒေါ်နန်းအိ

သူတို့က ပညာတတ်တွေလည်း ပါတော့ တူလေးက ပညာတတ်လည်းဖြစ်တယ်။ အရွယ်လည်းငယ်သေးတယ်။ နောက်ပြီးတော့ အဲလိုစောစောစီးစီး ထွက်သွားတော့ မခံစားနိုင်ဘူးပေါ့ ပြောရမယ်ဆိုတော့။ ဒါပေမယ့် တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးရတဲ့တွက် သူတို့ ဝမ်းနည်းတဲ့ကြားကနေ ဂုဏ်ယူပေးပါတယ် သူတို့တွက်။
ဒီသူတို့ ကျဆုံးသွားတဲ့အပေါ်မှာ အကျိုးမဲ့တော့ မဖြစ်စေရဘူးပေါ့နော။ လက်ရှိကျန်တဲ့ကျန်မ အခုလက်ရှိ တူလေးသုံးယောက်လုံး ကျသွားပြီ။ အမျိုးသားလည်း ဒီတော်လှန်ရေးမှာ ရှိသေးတယ်။ သားလည်းတော်လှန်ရေးမှာ ရှိသေးတယ်။ အဆုံးထိတော့ ဝင်သွားမယ်။ တော်လှန်သွားမယ်ပေါ့နော။ အရေးတော်ပုံ မအောင်မချင်းပေါ့။

မောင်ဇားကမိုဂျိမ်း

ကိုယ့်အကျိုးတွက် လုပ်နေတာမဟုတ်ပဲနဲ့ အများသော ပြည်သူ ငြိမ်းချမ်းရေး ရအောင် ကိုယ်ပိုင်လွတ်လပ်ခွင့်ရရှိရေးအတွက် သူတို့အသက်ကို စတေးပြီးတော့မှ ပေးဆပ်သွားခဲ့တဲ့ လူတွေပေ့ါနော။ အဲဒါကို ကျနော်တစ်ယောက်အနေနဲ့တော့ အမြဲတမ်း အစဉ်အမြဲ ထာဝရပေါ့နော ရင်ထဲအသဲထဲထိကို ကျနော်အစဉ်မြဲလေးစားတယ်။ ဂုဏ်ယူတယ်။

ဂျူးအောင်

အရိုးသားဆုံးပြောရရင်တော့ အရင်းနှီးဆုံး သူစိမ်းတွေလို့ ပြောရမှာပေါ့။ အဲ့ဒါသူတို့ကျသွားတော့လည်း သူတို့တွက် စိတ်မကောင်းဘူး။ ဒါပေမယ့် စိတ်မကောင်းဖြစ်ပေမဲ့လည်း ကျနော်တို့ ဒီလုပ်စရာရှိတဲ့ အလုပ်ကိုတော့ ဆက်လုပ်ရမှာပဲ။ ဆက်တိုက်ရမှာပဲ။ ကျနော်တော့ တွေဝေတယ်လို့မဖြစ်ဘူး ဒီချိန်မှာ စစ်ကောင်စီကို ကျနော်တို့က အမြစ်ဖြတ်ချေမှုန်းရမှာပဲ။ ဒီတော်လှန်ရေးကိုကြတော့ ဘယ်လိုပြောရမလဲ တကယ်လို့သာ ပြည်သူလူထုရဲ့ ပံ့ပို့မူသာအားကောင်း နေမယ်ဆိုတော့ ကျနော်တို့ ဒီတော်လှန်ရေးက အမြန်ဆုံးပြီးမြောက်မှာပါလို့ ။ တကယ်လို့ ဒီပြည်သူလူထုကလည်း တော်လှန်ရေးအားရုံမစိုက်ဘူး ရင်ပေါ်ဆီတွေကလည်း များနေမယ်ဆို ဒီတော်လှန်ရေးဟာ ကျိန်းသေပေါက် ဆက်ပြီးတော့ ကြာသွားနိုင်ပါတယ်။ နှစ်နဲ့ချီပြီး ကြာသွားနိုင်ပါတယ်။

ချားကနေဒီ

ဒီရဲဘော်တွေကျတဲ့ဟာခါကြတော့ ပထမဆုံးအနေနဲ့တော့ ကျနော်ကဝမ်းနည်းတယ်။ ပူဆွေးတယ်။ ဘာဖြစ်လည်းဆိုရင် သူတို့က ကျနော်တို့ရဲ့ ဒုတိယမိသားစုဖြစ်တယ်။ ကျနော်တို့ ရဲဘော်ရဲ့ ဒုတိယမိသားစုပေါ့။ ဒါပေမယ့် ကျနော်တို့က ဒီလုပ်စရာရှိရင် ဆက်လုပ်ရမှာပဲ။ ဒီအာဏာရှင်ကို ကျနော်တို့ ဆက်တော်လှန်ရမှာပဲ။

ကျနော်တို့က ခုချိန်မှာ သူတို့ထက် အင်အား လူအင်အားက ကျနော်တို့ထက် လူအင်အားက ကျနော်တို့ပိုသာတယ်။ စိတ်ဓါတ်လည်း ကျနော်တို့ ပိုသာတယ်။ နောက်ပြီးမှ ဒီပြည်သူတွေက ထောက်ပံ့ချက်မှာ လောလောဆယ် ခုချိန်မှာပေါ့နော နည်းနည်းတော့ ပိုဆုတ်ရုတ်သွားတယ်။ ဘာဖြစ်လည်းဆို ကျနော်တို့ ကရင်နီပြည်နယ်မှာက အဖွဲ့စည်းတွေက ပိုများတယ်။ အဓိက ကျနော်တို့ ပိုဒီစည်းလုံးဖို့ လိုအပ်မယ် ထင်တာပဲ။ လိုအပ်မယ် နောက်ပြီး ကျနော်တို့တစ်စုတစ်စည်းထဲပိုဖြစ်ရမယ်။ အဖွဲ့အစည်းတွေက ဒါမှ ဒီအာဏာရှင်တွေကို တိုက်ထုတ်တာ ပိုမြန်မယ်။

spot_img
spot_img