spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကျည်ကာဦးထုပ်နဲ့ ကျည်ကာအင်္ကျီမလုံလောက်တာကြောင့် KNDF စစ်ဗျူဟာ အမှတ်(၁) ရဲ့ တပ်ဖွဲ့ဝင်တွေ တိုက်ပွဲမှာ ထိခိုက်ကျဆုံးမှု ပိုများဟုဆို

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

တော်လှန်ရေးကာလ ၃ နှစ်အတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) စစ်ဗျူဟာအမှတ်(၁) မှာ တပ်ဖွဲ့ဝင် ကျဆုံးမှု ၆၃ ဦးရှိခဲ့ပြီး အများစုမှာ ကျည်ကာဦးထုပ်နဲ့ ကျည်ကာအင်္ကျီမလုံလောက်မှုတွေကြောင့် ကျဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

တော်လှန်ရေးကာလအတွင်း လိုအပ်ချက်များပေမဲ့ အသက်အန္တရာယ်ကို ကာကွယ်ပေးနိုင်တဲ့ ကျည်ကာဦးထုပ်လုံလောက်မှုရှိပါက အထိအခိုက်နည်းနိုင်တယ်လို့ KNDF (Pekhon Zone) က တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ကျည်ကာဦးထုပ်နဲ့ ကျည်ကာအင်္ကျီမလုံလောက်မှုကြောင့် ကျဆုံးသွားခဲ့ရတာက ပိုများတယ်လို့ ပြောလို့ရပါတယ်။ မပြည့်စုံမှုကနေ စခဲ့ရတော့ လိုအပ်ချက်တွေက အများကြီးပါပဲ။ လိုအပ်ချက်တွေကတော့ အများကြီးရှိပေမဲ့ ကျည်ကာအကျီနဲ့ ဦးထုပ်သာ ဆင်ပေးနိုင်ရင် ဆုံးရှုံးမှုတွေထပ်မကြုံရဖို့ မျှော်လင့်ထားပါတယ်။ အထိအခိုက်လည်းနည်းနည်းနဲ့တိုက်ပွဲဝင်နိုင်ဖို့ပါ” လို့ KNDF (Pekhon Zone) က တာဝန်ရှိသူတစ်ဦးက ပြောါတယ်။

ကျည်ကာဦးထုပ်နဲ့ ကျည်ကာအင်္ကျီဟာ ရှေ့တန်းတပ်ဖွဲ့ဝင်တွေရဲ့ ဦးခေါင်းနဲ့ ရင်ဘတ်ကို အဓိက ကာကွယ်ပေးနိုင်တာကြောင့် ထိခိုက်၊ ကျဆုံးမှု နည်းနိုင်ဖို့အတွက် လက်ရှိမှာ KNDF စစ်ဗျူဟာအမှတ်(၁) ကနေ “နွေဦးဒိုင်းကာ” ကံစမ်းမဲ ကမ်ပိန်းပြုလုပ်နေပါတယ်။ တော်လှန်ရေးမှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေအတွက် အဓိက ရည်ရွယ်ပြီး ကမ်ပိန်းပြုလုပ်ရတာဖြစ်တယ်လို့ အဆိုပါ KNDF (Pekhon Zone)ကတာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

“ရှေ့တန်းမှာ ကျည်ကာအကျီ ဦးထုပ်တွေမပါဘဲ စစ်တိုက်ရတာဟာ အန္တရာယ်များတယ် အခုအချိန်အထိ ကျမတို့ရဲဘော်တွေဟာ အသက်ကိုပဓာနမထားဘဲ တိုက်ပွဲဝင်ခဲ့ကြပါတယ်။ကျည်ကာအကျီ ဦးထုပ်တွေသာ ဆင်ပေးနိုင်ရင် အသက်ဆုံးရှုံးမှုဖြစ်စေနိုင်တဲ့ ဦးခေါင်းနဲ့ရင်ဘတ်နေရာတွေကို အကာအကွယ်ပေးတဲ့အတွက် အထိအခိုက်တွေနည်းသွားမှာပါ။အဲ့တာကြောင့်လည်း ကမ်ပိန်းတွေ လုပ်ရတာလည်းပါတယ်ပေါ့။” လို့ အဆိုပါ KNDF (Pekhon Zone)ကတာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

ကံစမ်းမဲကမ်ပိန်းကာလကို မတ်လ ၁၅ရက်ကနေ ဧပြီလ ၁၅ရက်နေ့အထိ သတ်မှတ်ထားပြီး ကံစမ်းမဲတစ်စောင်ကို မြန်မာငွေ ၁၅၀၀၀ ကျပ် သတ်မှတ်ထားပြီး သိန်း ၅၀၀၀ ရရှိဖို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။ လက်ရှိမှာ ၁၅ရာခိုင်နှုန်းသာ ရရှိသေးတာကြောင့် ပါဝင်ကူညီပေးကြဖို့လည်း တိုက်တွန်းပြောဆိုထားပါတယ်။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) စစ်ဗျူဟာအမှတ်(၁) မှာ တပ်ရင်း (၃)၊ တပ်ရင်း (၁၁)၊ တပ်ရင်း (၂၂) ပါဝင်ပြီး ရှမ်း-ကရင်နီနယ်စပ် နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်ရေးလှုပ်ရှားနေတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts