spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကျောင်းနေအရွယ်ကလေးများ ဦးနှောက်နဲ့ ကိုယ်လက်အင်္ဂါဖွံ့ဖြိုးဖို့ အတွက် အစာအာဟာရတိုက်ကျွေး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းနဲ့ ဖရူဆိုမြို့နယ် အရှေ့ခြမ်းက မူလတန်းအရွယ်ကလေးတွေကို ဦးနှောက်ဖွံ့ဖြိုးဖို့ နဲ့ ကိုယ်လက်အင်္ဂါဖွံ့ဖြိုးဖို့အတွက် ဆယ်သဲ ဖောင်ဒေးရှင်း ( STF) က အာဟာရတိုက်ကျွေးနေတယ်လို့ STF ရဲ့ ညွှန်ကြားရေးမှူး ခူးမောတခဲ က ပြောပါတယ်။

“သူတို့ စားသောက်ပိုင်းဆိုင်ရာတွေမှာ ချို့တဲ့လာတယ်။ ပြီးလို့ရှိရင် ရွာရွေ့၊ ရွာပြောင်းတော့ စစ်ကြောင်းကို ထွက်ပြေးတိမ်းရှောင်နေရတာ များလာတယ်။ ဆိုတော့ ကျနော်တို့က ဒီကလေးတွေရဲ့ ဖြည့်စွက်စာ တနပ် တကြိမ်၊ တပတ်တကြိမ် ကျွေးခြင်းအားဖြင့် သူတို့လိုအပ်တဲ့ ကိုယ်ခန္ဓာ ဖွံ့ဖြိုးမှုပိုင်းတွေမှာ အထောက်အပံ့တွေဖြစ်မလားဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့ လုပ်ဆောင်တာဖြစ်တယ် “ လို့ ခူးမောတခဲက ပြောပါတယ်။

ဒီးမော့ဆိုအရှေ့ခြမ်းနဲ့ ဖရူဆို အရှေ့ခြမ်းမှာ စာသင်ကျောင်းပေါင်း ၃၀ နီးပါးရှိပြီး စာသင်ကြားနေတဲ့ မူလတန်း ကလေးငယ် ၂၅၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ သူတို့ကို အာဟာရဖြစ်စေမဲ့ ကြက်ဥ၊ အသား၊ ငါး၊ ဆန်ပြုတ် စတာတွေကို ရွာသူ ရွာသားတွေနဲ့ ကျောင်းသားမိဘတွေက ပူးပေါင်းပါဝင်ချက်ပြုတ်ပြီး ကျွေးမွေးနေတယ်လို့ ခူးမောတခဲ က ဆက်ပြောပါတယ်။

“ ဒီကျေးရွာနဲ့ ပူးပေါင်းပြီးတော့မှ ကျေးရွာမှာရှိတဲ့ ကျောင်းသားမိဘတွေ ရွာသူရွာသားတွေနဲ့ ပူးပေါင်းပြီး ကျနော်တို့ လုပ်ဆောင်သွားတာဖြစ်တယ်။ အဓိက ကတော့ ဆန်ပြုတ်ပေါ့နော် ကျနော်တို့ အသား ငါး ၊ ကျောင်းသားဦး‌ရေပေါ်မှုတည်ပြီးတော့မှ အသား ငါးတွေကို ဝယ်ပေးတယ် ကျွေးတယ်” လို့ ခူးမောတခဲကပြောပါတယ် ။

ဒါ့အပြင် အာဟာရတိုက်ကျွေးတာ အစားအစာတခုတည်းသာ မဟုတ်ဘဲ ကလေးတွေနဲ့အတူ သီချင်း သီဆိုပေးတာ၊ အကတွေနဲ့ ဖျော်ဖြေပေးတာ စတာတွေလည်း လုပ်ဆောင်ပေးတယ်လို သိရပါတယ်။

ဒီလှုပ်ရှားမှုတွေကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ လဆန်းပိုင်းက စတင်လုပ်ဆောင်ခဲ့ပြီး၊ လာမဲ့ ဒီဇင်ဘာလ လကုန်အထိ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

spot_img
spot_img

Recent posts