spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကျောင်းသားကျောင်းသူတွေ စိတ်ဖိစီးမှုပြေပျောက်အောင် အားကစားပွဲတွေ ပြုလုပ်ပေး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆို မြို့နယ်အတွင်းက စာသင်ကျောင်း သုံးကျောင်းမှာ ကျောင်းသူကျောင်းသားတွေအတွက် အားကစားပွဲနဲ့ ပျော်ပွဲရွင်ပွဲတွေကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်နေ့ မှာ ကျင်းပပြုလုပ်ပေးခဲ့ပါတယ်။

အနိုင်ရရှိတဲ့ အဖွဲ့တွေကို ဆုပေးစနစ်နဲ့ ကျင်းပပြုလုပ်တာ မဟုတ်ပဲ ကလေးတွေရဲ့ စိတ်ဖိစီးမှုတွေ ပြေပျောက်အောင် တွေ့ဆုံပွဲပုံစံနဲ့ ကျင်းပပြုလုပ်ပေးတာ ဖြစ်တယ်လို့ တာဝန်ခံ ကျောင်းဆရာမ တစ်ဦးက ပြောပါတယ်။

“ကျမတို့ ပြိုင်ပွဲတော့ မဟုတ်ဘူး။ကလေးတွေ စိတ်ဖိစီးမှုတွေ တအားများတယ်။ ပြီးတော့မှ ဒီလိုမျိုး ပျော်ပွဲရွင်ပွဲတွေ မပြုလုပ်ပေးရတာ ကြာပြီ ဖြစ်တဲ့အတွက် ကြောင့်မလို့ သူတို့လည်း တအားပျော်ချင်ကြတယ်။ ပြီးတော့ တစ်ရွာနဲ့ တစ်ရွာ ဒီလို အခြေအနေမျိုးနဲ့ဆို သိပ်သွားလည်ကြတာမျိုး မရှိသေးဘူး။ သူတို့အချင်းချင်းတွေ့ပြီးတော့ ဒီလို ကစားကြတာတို့ စကားပြောကြတာတို့ တွေ့ကြတာတို့ တစ်ခါမှ မရှိတော့ဘူးပေါ့နော်။ ဆိုတဲ့အခါကျတော ကျမတို့က အခုလို ကျောင်းတာဝန်ခံဆရာမ ကျောင်းအလိုက်ပေါ့နော်။ ဆွေးနွေးပြီးတော့မှ ကလေးတွေ ရင်းရင်းနှီးနှီးရှိအောင် ကလေးတွေ စိတ်ပျော်အောင် ဆိုပြီး ကျမတို့ တိုင်ပင်ပြီးတော့မှ တစ်ရက်လောက်အချိန်ယူပြီးတော့မှ ဒီလို ကစားရခြင်း ဖြစ်ပါတယ်။” လို့ တာဝန်ခံ ကျောင်းဆရာမ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်ခံရမှာကို စိုးရိမ်ပြီး ပွဲတွေ မပြုလုပ်ရတာ ကြာနေပြီဖြစ်လို့ ခုလိုမျိူး ကျင်းပပြုလုပ်ပေးတာကို ပျော်ရွင်ရတယ်လို့ လေးတန်းမှာ ပညာသင်ယူနေတဲ့ မော်ရှားမြာက ပြောပါတယ်။

“ရွာမှာက လေယာဥ်ပျံကို ကြောက်လို့ မလုပ်ရဘူး။ ဒီမှာ ရောက်လာတော့ ဒီလိုမျိုးတွေ လုပ်ပေးတော့ အရမ်းပျော်တယ်” လို့ မော်ရှားမြာက ပြောပါတယ်။

ကရင်နီပြည်မှာရှိတဲ့ စစ်ရှောင်စခန်းနဲ့ ကျေးရွာတွေအတွင်းက စာသင်ကျောင်းတွေကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်နေတာပါ။ ဒါကြောင့် စာသင်ချိန်မှာ အာရုံစူးစိုက်နိုင်မှုတွေလျော့နည်းပြီး စာကောင်းကောင်းမသင်ရဘူးလို့ မော်ရှားမြာက ဆက်ပြောပါတယ်။

“လာပစ်ရင် ဘယ်ကိုပြေးလို့ ပြေးရမှန်းမသိဘူး။ အရမ်းကြောက်တယ်။ ပြီးတော့ စာလည်း အများကြီး မသင်ရတော့ဘူး” လို့ မော်ရှားမြာက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့မှာ စစ်ကောင်စီကနေ တိုက်လေယာဥ် (၂)စီး နဲ့ စစ်ရှောင်စခန်းတစ်ခုက စာသင်ကျောင်းအနီးအနားကို လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် အမျိုးသား (၁)ဦး သေဆုံးပြီး၊ (၂) ဦး ထိခိုက် ဒဏ်ရာရခဲ့တာလည်း ရှိခဲ့ပါတယ်။

spot_img
spot_img

Recent posts