spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကျေးရွာနေအိမ်တွေကို လိုက်လံမွှေနှောက်နေတဲ့ စစ်ကောင်စီနဲ့ KA၊ KNDF တို့ တိုက်ပွဲဖြစ်

သိမ်းဆည်းရမိသော သေနတ်

ကန္တာရဝတီတိုင်း ( မ် )

ဖရူဆိုမြို့နယ် ဒေါလောခူကျေးရွာအတွင်းက နေအိမ်တချို့ကို လိုက်လံမွှေနှောက်နေတဲ့ စစ်ကောင်စီတပ်သား နဲ့ KA၊ KNDF တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တစ်ဦးသေဆုံးခဲ့တယ်လို့ KNDF က ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။

ယမန်နေ့ ဇူလိုင်လ ၁၆ရက်နေ့ နေ့လည် ၁၁နာရီအချိန်က ၁၀မိနစ်ကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်သား ကိုင်ဆောင်တဲ့ MA-1 အမျိုးအစား သေနတ်နဲ့ လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ဖရူဆိုမြို့မှာရှိတဲ့ အမှတ် ( ၁၄ ) တန်းမြင့်လေ့ကျင့်ရေးကျောင်း ခြံစည်းရိုး ပတ်လည်မှာ တပ်ချထားတဲ့ စစ်ကောင်စီတပ်မ ( ၆၆ ) ဟာ ကျေးရွာအတွင်းက နေအိမ်တွေကို လိုက်လံမွှေနှောက်လေ့ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ရက်နေ့မှာလည်း KA KNDF တို့ ဖရူဆိုမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ် စစ်ကောင်စီနဲ့ မိနစ်၂၀ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တစ်ဦး သေဆုံးခဲ့ပါတယ်။

spot_img
spot_img