spot_img
Tuesday, November 29, 2022
spot_img

ကျေးရွာအတွင်း လက်နက်ကြီး ကျရောက်ခဲ့တဲ့အတွက် ဒေသခံ ၄၀၀၀ ကျော် စစ်ဘေးရှောင်နေရ

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည် လွိုင်ကော်မြို့အနောက်ဘက်ခြမ်း ဝါရီကောခူကျေးရွာနဲ့ ပီကင်းကောခူကျေးရွာမှာ လက်နက်ကြီး ကျေးရွာအတွင်း ကျရောက်ပြီးနောက်ပိုင်း ဒေသခံ လေးထောင်ကျော်ဟာ ကျေးရွာအတွင်းမှာ မနေထိုင်ရဲတော့ပဲ နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ယမန်နေ့ အောက်တိုဘာလ ၂၆ရက်နေ့ တစ်ရက်ထဲကို ဝါရီကောခူကျေးရွာနဲ့ ပီကင်းကောခူကျေးရွာမှာ လက်နက်ကြီးကျရောက်ခဲ့ပြီး အရပ်သား ၇ဦးထိခိုက်ဒဏ်ရာရခဲ့သလို အသက် ၅နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးခဲ့ရပါတယ်။

“မနက်ပိုင်းမှာလည်း စစ်ကောင်စီတွေရဲ့ ဒီလက်နက်ကြီးတွေ ပစ်ခတ်မှုတွေရယ်။ နောက်ပြီးတော့ မထင်မှတ်ပဲ ဒီရွာအလယ်မှာ ကျရောက်တဲ့အတွက်ကြောင့် သေဆုံးတဲ့လူဦးရေက ရှိသလို ဒဏ်ရာရတဲ့လူဦးရေကလည်း အများအပြားရှိတဲ့အတွက်ကြောင့် ကြောက်လန့်တာတွေလည်း အများကြီးပါလာတယ်။” လို့ ပီကင်းကောခူ ဒေသခံ ဦးခူးလို့က ပြောပါတယ်။

ဒေသခံတွေဟာ နီးစပ်ရာ ကျေးရွာတွေကို ယမန်နေ့ ( အောက်တိုဘာလ ၂၆ ရက်နေ့ ) မှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဝါရီကောခူကျေးရွာနဲ့ ပီကင်းကောခူကျေးရွာအနီးမှာ စိုက်ပျိုးပြီးစပါးတွေကို ရိတ်သိမ်းရမဲ့ အချိန်ဖြစ်တဲ့အတွက် စပါးတွေကို မရိတ်သိမ်းလိုက်ရမှာကိုလည်း ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

“အခုအချိန်မှာ ရိတ်သိမ်းချိန်ရောက်လာတဲ့အတွက် သူတို့ ဒါကို ရိတ်သိမ်းနိုင်မှပဲ ပြီးခဲ့တဲ့ သုံးလေးလ၊ ငါးလ၊ ခြောက်လပေါ့။ စုပေါင်းထားတဲ့ ငွေတွေ ပြန်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ ဒီလိုရိတ်သိမ်းချိန်မှာ ဒီလိုပစ်ခတ်မှုတွေ ရှိလာတဲ့အတွက် သူတို့တွေက အများကြီးအခက်အခဲဖြစ်တယ်။ ပြန်ရိတ်နိုင်မလား မရိတ်နိုင်ဘူးလာ။ ရိတ်ခဲ့ရင်တောင်မှ ပြန်လှန်းနိုင်မလား။ မလှန်းနိုင်ဘူးလားပေါ့။” လို့ ဒေသခံ ဦးခူးလို့က ပြောပါတယ်။

ဝါရီကောခူကျေးရွာနဲ့ ပီကင်းကောခူကျေးရွာက ဒေသခံတွေဟာ လယ်စပါးကို အဓိက စိုက်ပျိုးကြပြီး လက်ရှိမှာ စိုက်ပျိုးထားတဲ့ စပါးဧကရဲ့ သုံးပုံတစ်ပုံကိုသာ ရိတ်သိမ်းနိုင်ကြသေးတယ်လို့ သိရပါတယ်။

ဖယ်ခုံဇုံမှာရှိတဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်း (၃) KNDF B-03 ကတော့
” တိုက်ပွဲပြင်းထန်နေတယ် နောက်မှချပြပေးမယ် ” လို့ ဒီကနေ့ (အောက်တိုဘာလ ၂၇ရက်နေ့) မနက်ပိုင်းမှာ လူမှုကွန်ယက်စာမျက်နှာကနေတဆင့် ဖော်ပြထားပါတယ်။

ကယ်ဆယ်ရေး ပိုင်း ကူညီဆောင်ရွက်ပေးနေတဲ့ ကယန်းလူငယ် ကယ်ဆယ်ရေး ပရဟိတအသင်းဝင် တစ်ဦးကလည်း ဝါရီကောခူ၊ ပီကင်းကောခူနဲ့ တစ်မိုင်အကွာလောက်မှာ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေ ကြားရတယ်လို့ ဆိုပါတယ်။

” မနက် ၉နာရီကနေ နေ့လည် ၁၁နာရီခွဲအထိပေါ့နော။ လက်နက်ကြီးရောထုတယ်။ ဖယ်ခုံ အရှေ့ဖက်ခြမ်း ကျနော်တို့ရွာအနားပဲ ဖယ်ခုံမြို့နယ် အရှေ့ဖက်ခြမ်းဖက်ပေါ့နော။ လက်နက်ငယ်ရော လက်နက်ကြီးရော အကုန်လုံး ထုတာကြားတယ် ပစ်တာကြားတယ်။ အဲ့ဒီမှာ တော်တော်လေး ပစ်တာကြားတယ်။ ” လို့ ကယန်းလူငယ် ကယ်ဆယ်ရေး ပရဟိတအသင်းဝင် တစ်ဦးက ပြောပါတယ်။

အောက်တိုဘာလ ၂၅ရက်နဲ့ ၂၆ရက်နေ့အတွင်း ဝါရီကောခူကျေးရွာနဲ့ ပီကင်းကောခူကျေးရွာမှာ လက်နက်ကြီး ကျရောက်တာတွေရှိခဲ့ပြီး ဝါရီကောခူက နေအိမ်နှစ်လုံးနဲ့ ပီကင်းကောခူက နေအိမ် ၁လုံး ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဓာတ်ပုံ – ရွှေလွိုင်ကော် ပရဟိတအသင်း။
spot_imgspot_imgspot_imgspot_img

More from the blog

လွိုင်ကော်မြို့ပေါ်မှာ လျှပ်စစ်မီးပြတ်တောက်ပါက မီတာခဆောင်မှသာ ပြန်လည်ပြင်ဆင်ပေးနေ

ကန္တာရဝတီတိုင်း( မ် ) ကရင်နီပြည် လွိုင်ကော်မြို့ပေါ်မှာ အိမ်သုံးလျှပ်စစ်မီးတွေ အကြောင်းအမျိုးမျိုးကြောင့်ပြတ်တောက်သွားရင် လျှပ်စစ်မီတာခ ဆောင်ပြီးမှ ပြန်ပြင်ပေးနေတာတွေ ရှိတယ်လို့ လွိုင်ကော်မြို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ “မီးပျက်ရင် မီတာခတွေ ဆောင်ပြီးမှ ပြင်ပေးတယ်။ ကိုယ့်အိမ်က ပြတ်လို့ သွားပြင်ခိုင်းရင် မီတာခဆောင်ခိုင်းတာမျိုးပေါ့။” လို့ သူက ပြောပါတယ်။ ၂၀၂၁ခုနှစ်...

စေတနာ့ဝန်ထမ်းတွေနဲ့ အလယ်တန်းအထိ တိုးချဲ့ဖွင့်လှစ်တဲ့ ကိုယ်ထူကိုယ်ထကျောင်း

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်းရှိ ရွာတစ်ရွာက ကျောင်းတစ်ကျောင်းမှာ ဒေသခံကလေးတွေနဲ့ စစ်ရှောင်ကလေးတွေ ပညာဆက်ပြီးဆည်းပူးနိုင်ဖို့ လက်ရှိပညာသင်နှစ်မှာ ကျောင်းဖွင့် ထားတာ ၅ လ လောက်ရှိပြီလို့ ဆိုပါတယ်။ KG အတန်းကနေ ရှစ်တန်းအထိ ဖွင့်လှစ်ထားတဲ့ အဲ့ဒီကျောင်းမှာ ကျောင်းသူ၊သား ၁၅၀ ကျော် ပညာသင်ယူဆည်းပူး နေကြတာပါ။ အဆိုပါကိုယ်ထူကိုယ်ထကျောင်းမှာ စေတနာ့ဝန်ထမ်း...

မိုးဗြဲမှာ ကလေး ၃ဦး တောထဲသွားရင်း မိုင်းနင်းမိခဲ့၊ တစ်ဦးစိုးရိမ်ဒဏ်ရာရ

ကန္တာရဝတီတိုင်း(မ်) မိုးဗြဲမှာ ယမန်နေ့ (နိုဝင်ဘာလ ၂၇ရက်) မွန်းလွဲ ၁၂နာရီအချိန် တောထဲသွားလည်နေတဲ့ ကလေးငယ် ၃ဦး မိုင်းနင်းမိခဲ့ပြီး တစ်ဦးမှာ စိုးရိမ်ရတဲ့ ဦးခေါင်း ဒဏ်ရာရရှိခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ “ တစ်ယောက်ကတော့ စိုးရိမ်ရတဲ့ အနေအထားမှာရှိတယ်။ ကျန်တဲ့သူကတော့ ပေါင်တစ်ချက်ထိတယ်။ ပေါင်ရယ် ၊...

ဖရူဆိုမြို့နယ် က စစ်ဘေးရှောင်စခန်းတစ်ခုမှာ လူဦးရေရဲ့ တစ်ဝက်ခန့် ဖျားနာနေ၊

CJ (ကန္တာရဝတီတိုင်း(မ်)) ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်တောင်ဘက် ဆိုသယ် စစ်ဘေးရှောင်စခန်းမှာ ရာသီအကူးအပြောင်းကြောင့် စစ်ရှောင်ပြည်သူတွေ တစ်ဝက်ခန့် ဖျားနာနေပြီး လူဦးရေ ၃၀၀ ခန့်က ရောဂါပြင်းထန်တယ်လို့ စေတနာဝန်ထမ်း သူနာပြု တစ်ဦးကပြောပါတယ်။ အဆိုပါ ဆိုသယ် စစ်ရှောင်စခန်းမှာ လူဦးရေ ၁၇၀၀ ရှိနေတာပါ။ " ကလေးတွေဆို...