spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကျေးလက်ဒေသဘက်တွေမှာ ကိုဗစ်-၁၉ ကာကွယ်ဖို့ ယူနီဆက် ရန်ပုံငွေထောက်ပံ့

Author

Date

Category

နော်ဒွေးအယ်ခူ

ကယားပြည်နယ်ရှိ မြို့သုံးမြို့ကို ကိုဗစ်-19 ရောဂါ ကာကွယ်တဲ့လုပ်ငန်းစဉ်မှာ အသုံးပြုရန်အတွက် ယူနီဆက်ရန်ပုံငွေ ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့် ပူးပေါင်းပြီး ဆောင်ရွက်သွားမယ်လို့ ကယားပြည်နယ်ဦးစီးမှူး ၊ ညွန်ကြားရေးမှူး ဦးကျော်သူအောင်က ပြောပါတယ်။

UNICEF ကရန်ပုံငွေနဲ့ လွိုင်ကော်မြို့၊ ဒီးမော့ဆိုမြို့၊ ဖားဆောင်းမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ ကိုရိုနာဗိုင်းရပ်(စ်) ကာကွယ်ရေးလုပ်ငန်းတွေကို တစ်မြို့လျှင် ရန်ပုံငွေ ကျပ် ၃၂သိန်း ၅သောင်းကို ယူနီဆက်က ထောက်ပံ့ပေးထားတယ်လို့ ဆိုပါတယ်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာမှ ပဒါးညေးကျေးရွာ၏ စျေးရှေ့တွင် လက်ဆေးဘေစင်များထားရှိပေးခြင်းကို ဆောင်ရွက်နေစဥ်။

“ လက်ရှိအချိန်ထိ ကျတော်တို့ ၇ရက် ၄လ ၂၀၂၀ ရက်နေ့အထိတော့ ကျေးရွာပေါင်း ၁၀ရွာမှာ လက်ဆေးဘေစင် ၁၀ခု တပ်ဆင်ဆောင်ရွက်ပြီးဖြစ်ပါတယ်။ ဆက်လက်ပြီး အမြန်ဆုံးပြီးစီးရေးအတွက်ကိုဆောင်ရွက်လျက်ရှိပါတယ်” လို့ ဦးကျော်သူအောင်က ပြောပါတယ်။

လက်ရှိအချိန်မှာလည်း ကျေးရွာအချို့တွေမှာ ရောဂါကာကွယ်ထိန်းချုပ်ဖို့အတွက် ရွာအဝင်အထွက် ဝါးတားဂိတ်တွေ ထားရှိထားသလို ဧည့်သည်တွေ လည်ပတ်ပြီး ညအိပ်ဖို့အတွက် ရွာက ခွင့်မပြုထားဘူးလို့ သိရပါတယ်။

လွိုင်ကော်မြို့နယ်၊ ပဒါးညေးကျေးရွာမှာလည်း ယခင်က နေ့စဉ် ဈေးဖွင့်ထားသော်လည်း လက်ရှိမှာ တနလာၤ၊ ဗုဒ္ဓဟူး၊ စနေ တစ်ပတ်မှာသုံးရက်သာ ရောင်းချတော့တယ်လို့ သိရပါတယ်။

ဦးစိုင်းငြိမ်းချမ်းသူ ဈေးကော်မတီက “လူတိုင်းမှာတော့ အခက်အခဲတော့ရှိတာပေါ့ ဒီရောဂါနဲ့ပတ်သက်ပြီးတော့မှ နိုင်ငံတော်ကပဲဖြစ်ဖြစ် ဌာနဆိုင်ရာကဖြစ်ဖြစ် ဒီလိုမျိုး ပညာလာပေးတယ် လာပြောပြတယ် ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့မှ။ ကျန်းမာရေးထက်အရေးကြီးတာတော့ ဘားမှမရှိပါဘူး”လို့ ပြောပါတယ်။

ကိုဗစ်-19 ရောဂါကာကွယ်ရေးအတွက် လက်ဆေးတဲ့စနစ် အလေ့အကျင့်ကောင်းတွေကို ကျေးရွာတွေမှာရရှိစေဖို့အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဲ့ Unicef တို့က ပူးပေါင်းပြီးတော့ လက်ဆေးဘေစင်တပ်ဆင်ခြင်း၊ လက်ဆေးရည် လက်ဆေးဆပ်ပြာထားရှိပေးခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ ဆောင်ရန်ရှောင်ရန်ပိုစကာများလိုက်လံကပ်ခြင်း စတဲ့ လုပ်ငန်းတွေကို ကယားပြည်နယ်အတွင်းမှာ မိတ်ဆက်ဆောင်ရွက်နေတယ်လို့သိရပါတယ်။

လွိုင်ကော်မြို့နယ်အတွင်းက ၁၆ရွာရှိပြီး ရရှိတဲ့ရန်ပုံငွေနဲ့ အဓိက လူစည်းကားတဲ့နေရာတွေကို ဦးစားပေးဆောင်ရွက်သွားမှာဖြစ်သလို ရန်ပုံငွေ ထပ်တိုးရရှိခဲ့ရင်လည်း အခြားနေရာတွေကို ဆက်လက်တိုးချဲ့ဆောင်ရွက်သွားမှာပဲဖြစ်ပါတယ်။

မြို့နယ် သုံးမြို့နယ်အတွက်ကို လတ်တလော ကနဦး သက်ဆိုင်ရာကော်မတီတွေ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့တိုင်ပင်ညှိနှိုင်းပြီးတော့မှ ကျေးရွာပေါင်း ၄၂ရွာမှာ လက်ဆေးဘေစင်ပေါင်း အခု ၅၀ ကနဦး တပ်ဆင်သွားမှာဖြစ်ပါတယ်။

spot_img
spot_img

Recent posts