spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကြွက်များနှိမ်နှင်းရန် ဝန်ကြီးမှ မြွေများလွတ်ခိုင်းခြင်းကြောင့် ဒေသခံများစိုးရိမ်

Author

Date

Category

သိကျိတ်ကျေးရွာအုပ်စုတွင် လွှတ်ထားတဲ့မြွေများတချို့ (Photo Credit – Aung Naing Soe Facebook)

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်းရှိ သိကျိတ်ကျေးရွာအုပ်စုတွင်ကြွက်များကို နှိမ်နှင်းရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ကယန်းတိုင်းရင်းသားရေးရာဝန်ကြီး ခွန်အေးမောင်မှ မြွေများကို ကျေးရွာများ အနီးရှိတောထဲ လွတ်ခိုင်းခဲ့ခြင်းကြောင့် ဒေသခံများ မြွေအန္တရာယ် စိုးရိမ်နေရကြောင်းသိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့ ၂၀၂၀ခုနှစ်က ကြွက်တွေကို နှိမ်နှင်းဖို မွေအကောင်ရည် ၂၀၀ကျော်ကို ဆာလာအိတ်တွေနဲ့ထည့်ထားတဲ့မွေတွေကို ဒေသခံရွာသားတွေပေးပြီး ရွာအနီးတောထဲတွင် စေလွတ်ခိုင်းခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။

ယခုလို ကယန်းတိုင်းရင်းသားရေးရာဝန်ကြီးမှ မြွေတွေ လာရောက်လွတ်ခြင်းဟာ မဖြစ်သင့်ဘူးလို့လည်း ကယန်းဒေသဖွံ့ဖြိုးရေးအဖွဲ့ (KRDO) မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ကိုမိုက်ကယ်က ဝေဖန်ပြောဆိုသွားပါတယ်။

ကိုမိုက်ကယ်က “ဝန်ကြီးက ကြွက်ထတဲ့အချိန်မှာလာမကူဘဲ အခုချိန်ကြွက်တွေမရှိသလောက်ဖြစ်တဲ့အချိန်မှ မြွေလာလွတ်တယ်ဆိုတော့ ဒါမဖြစ်သင့်ဘူးလို့ကျနော့်တစ်ယောက်အနေနဲ့မြင်တယ်၊ ဒေသခံတွေ မြွေအန္တရာယ်ကြောက်နေရတာမျိုးလည်း ဖြစ်နေတာပေါ့” လို့ ပြောပါတယ်။

မည်သည့်မြွေအမျိုးအစားဖြစ်သည်ကို ဒေသခံတွေက မသိကြသလို ၊ မြွေအကောင်အရေမည်မျှရှိသည်ကို လည်းမသိရှိရကြောင်း သိကျိတ်ကျေးရွာအုပ်စုအတွင်းရှိ ရွာတန်းရှည်ကျေးရွာမှ ဒေသခံလူငယ် အောင်နိုင်းစိုး ကပြောပါတယ်။

“ သူတို့က တစ်ရွာကို မြွေထည့်ထားတဲ့ဆာလာအိတ်တစ်လုံးပေးပြီးသွားလွတ်ခိုင်းတာ၊ မြွေက ဘာမြွေအမျိုးအစားလဲ၊ အကောင်ရေဘယ်လောက်လဲဆိုတာကို မသိရဘူး၊ ရွာကတော့ လေးငါးခြောက်ရွာမှာ လွတ်ခိုင်းတယ်လို့တော့ သိရတယ်” လို့ပြောပါတယ်။

၎င်းအခြေအနေနဲ့ပတ်သက်လို့ အသေးစိတ်သတင်းအချက်အလက်သိရှိဖို့ သက်ဆိုင်ရာ ကယန်းတိုင်းရင်းသားရေးရာ ဝန်ကြီးခွန်အေးမောင်ကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းထားသော်လည်း ဖုန်းကိုပြန်လည်ဖြေကြားခြင်းမရှိခဲပါဘူး။

ဖယ်ခုံမြို့နယ်မဲဆန္ဒနယ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေရီနျို့ကတော့ ၎င်းမဲဆန္ဒနယ်အတွင်းမဟုတ်တဲ့အတွက် အသေးစိတ်မသိရပေမယ့်လည်း ယခုလိုမြွှေလွှတ်ခြင်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့ညွှန်ကြားချက်အရ ပြုလုပ်ထားတာဖြစ်တယ်လို့ ပြောပါတယ်။

“မြွေတွေက ကြွက်စားဖို့အတွက်ပါပဲ။ သစ်တောဝန်ကြီးက ရှမ်းပြည်နယ်အစိုးရဝန်ကြီးဘက်က လွှတ်ပေးလိုက်တာလေး အဓိကကြွက်အတွက်ပဲ ထပ်မထွက်အောင်ပေါ့လေး။ အကောင် ၂၀၀ ကျော်လို့တော့ကြားပါတယ်။ အတိအကျတော့ မသိပါဘူး။” လို့ ဒေါ်မေရီနျို့က ရှင်းပြပါတယ်။

ကယန်းဒေသတွင်လွန်ခဲ့သည့်နှစ်တွေက ကြွက်ဘေးအန္တရာယ်ကပ်ဆိုက်မှုဖြစ်ပေါ်ခဲ့ပြီး ကြွက်တွေကနေ ဒေသခံတွေရဲ့ တောင်ယာစပါးခင်း၊ သီးနှံခင်းတွေကို ကိုက်ဖြတ်စားသုံးဖျက်ဆီးခံခဲ့ရတဲ့ ဘေးရှိခဲ့ဖူးပါတယ်။

အဲဒီချိန်တုန်းက ဒေသခံတွေအတော်များများ စားဝတ်နေရေးအခက်အခဲများစွာကြုံခဲ့ရပါတယ်။ ဒေသအခြေစိုက် လူမှုအဖွဲ့အစည်းတွေနှင့် ပူးပေါင်းနှိမ်နှင်းမှုကြောင့်လက်ရှိအချိန်တွင် ကြွက်သောင်းကျန်းမှုများမရှိသလောက်ဖြစ်သွားပြီလို့လည်းသိရပါတယ်။

spot_img
spot_img

Recent posts