spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကွိုင်ငံရေထွက်ပေါက် ချောင်းနံရံတွေ မြေပြိုမှုဖြစ်ပွား

Author

Date

Category

စိုးထိုက်အောင်

ကယား(ကရင်နီ) ပြည်နယ် ဒီးမော့ဆိုမြို့နယ် အတွင်းမှာရှိတဲ့ ကွိုင်ငံရေထွက်ပေါက် ချောင်းတစ်လျှောက် သစ်ပင်တွေကြီးတွေ လဲှဖြိုခံလိုက်ရတဲ့အတွက် ချောင်းဘေးတွေမှာ မြေပြိုမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။

“ဒီချောင်းရဲ့ဘေးမှာရှိနေတဲ့ သစ်ပစ်တွေအားလုံးကို ဖြိုလိုက်တဲ့ခါကျတော့ အဲ့ဒီချောင်းနံဘေးမှာရှိတဲ့ နံရံတွေပေါ့နော် နံရံတွေကလည်း ဒါကပြိုနိုင်တဲ့ အနေအထားမျိုးရှိတယ်။ ဒါက ကျတော်တို့လက်တွေ့ပေါ့နော် ဒီနေရာဟာဆိုရင် ဒီလိုမျိုးပြိုစရာအကြောင်းကိုမရှိဘူး။ ဒီသစ်ပင်ကို မဖြိုဘူးဆိုလို့ရှိရင် ဒီမြေက ပြိုစရာအကြောင်းလဲမရှိဘူး။ ဒီသစ်ပင်တွေကို ဖြိုလိုက်တဲ့ခါကျတော့ မြေကြီးကိုစွဲထားတဲ့ သစ်ပင်အမြစ်တွေက မရ်ှိတော့တဲ့ ခါကျတော့ အဲ့ဒါပြိုတယ်လို့ ဒါကျတော်တစ်ယောက်အနေနဲ့ကျတော်ရဲ့အမြင်နဲ့ဒါ သုံးသပ်တာပေါ့နော်။” လို့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်ကပြောပါတယ်။

ချောင်းဘေးကနေ တူးဖော်ထားတဲ့ အပင်ကြီးတွေကို အချို့ကိုတော့ တူးဖော်တဲ့ လူတွေက ပြန်လည်ရှင်းလင်းပေးခဲ့ပေမဲ့လဲ အချို့ အပင်ကြီးတွေက ဒေသခံတွေရဲ့လယ်ယာမြေတွေနားက အပင်ကြီးတွေကို လယ်မြေ ပိုင်ဆိုင်တဲ့ သူတွေက ပြန်လည်ရှင်းလင်းရတဲ့ အတွက်ကြောင့် ရှင်းလင်းဖို့အတွက် အခက်အခဲ ရှိနေတယ်လို့ ကွိုင်ငံရွာဟောင်းမှာနေထိုင်တဲ့ ကိုခွန်းလေဘီဦး ကပြောပါတယ်။

၎င်းက “ အဲ့ဒီလဲှထားတဲ့ သစ်ပင်အကြီးတွေပေါ့နော သစ်ပင်အကြီးတွေလဲ ပြန်မရှင်းပေးဘူးပေါ့နော်။ လယ်သမားတွေလဲ ကိုယ့်ဟာကို ပြန်သန့်ရှင်းရေးလုပ်ရတာ တအားခက်တယ်။ အချိန်တွေလည်း တစ်အားကုန်တဲ့ခါကျတော့ ကျတော်တို့ရှုံးဆုံးသွားတဲ့ ကျတော်တို့သဘာဝသယံဇာတတွေ၊ သစ်ပင်ကြီးတွေ ဒီဆည်မြောင်းဝန်ကြီးဌာနအနေနဲ့ဘယ်လိုမျိုးပြန်လုပ်ပေးနိုင်မလဲပေါ့နော် အဲ့လိုမျိုးကျတော် မေးချင်ပါတယ်။” လို့ ပြောပါတယ်။

၂၀၂၀၊ ဇွန်လ ၃ ရက်နေ့မှာ ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က ကွိုင်ငံရွာက ဒေသခံတွေနဲ့သွားရောက်ဆွေးနွေးခဲ့တဲ့ အပေါ်မှာ ဒေသခံတွေက အခုလို တင်ပြဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ဒေသခံတွေက ချောင်းဘေးမှာရှိနေတဲ့ သစ်ပင်ကြီးကိုလဲ လိုက်တဲ့အတွက်ကြောင့် မြေပြိုမှုတွေ ဖြစ်ပေါ်လာတဲ့အပေါ်မှာ သစ်ပင်တွေကို ပြန်လည်အစားထိုးစိုက်ပျိုးပေးဖို့ တောင်းဆိုတာတွေ ရှိနေတယ်လို့ဦးသဲရယ်က ပြောပါတယ်။

“ ဒီချောင်းဘေးမှာရှိတဲ့ သစ်ပင်တွေအကုန်ဖြိုလိုက်တဲ့ခါကျတော့ နောက်ပိုင်းကျလို့ရှိရင် ဒီမြေတွေ၊ နံရံတွေက အားလုံးက ပြိုမယ်ဆိုရင်တော့ ရေစီးရေလာအတွက်က ပိုဆိုးသွားနိုင်တဲ့အနေအထားမျိုးရှိတာပေါ့နော်။ ဆိုတော့ ဒီဟာတွေကလဲ ဒါကဒေသခံလူထုတွေကနေပြီးတော့မှသူတို့လိုချင်တဲ့ ပုံစံမျိုးက ဒါကဒီသစ်ပင်တွေကို ဖြိုလိုက်တာတော့ဟုတ်ပြီ ဒါပေမဲ့ ဒီသစ်ပင်အစားပေါ့နော် ပြန်လည်စိုက်ပျိုးတဲ့ အစီအစဉ်တွေက ဒါကဒေသခံက အဲ့လို လိုလားတာပေါ့နော်။”လို့ ဦးသဲရယ်က ပြောပါတယ်။

ပြန်လည်ပြုပြင်တူးဖော်လိုက်တဲ့ရေချောင်းက နှကိုယ်က ရှိနေပြီးသားချောင်းလောက်တောင်မှ ရေစီးရေလာ မကောင်းတဲ့ အတွက်ကြောင့် အခုလိုမိုးရာသီမှာတောင် မိုးအရမ်းမရွာတဲ့ အခြေအနေမှာ သောက်သုံးရေကိုတောင် အဆင်ပြေအောင် ခပ်ယူနေရတယ်လို့ ကွိုင်ငံကျေးရွာရဲ့အုပ်ချုပ်ရေးမှူး ဦးအေရိကို က ပြောပါတယ်။

“ အခုနပြောသလိုမျိုး ဒီကော်ထားတဲ့ချောင်းထဲက ဆိုလို့ရှိရင် သူတို့အတွက်လည်းလုံလောက်မှုရှိမှာ မဟုတ်ပါဘူး ဘာဖြစ်လဲဆို ဒီသဘာဝအတိုင်းတောင်မှ ဒီလောက် ကောင်းပါတယ်လို့ပြောရမှာပေါ့ အရင်က သဘာဝအတိုင်းလဲ ဖြစ်သွားတဲ့ ဟာက ဒီထက်တောင် ဝေးဝေးရောက်သေးတယ်ပြောရမှာပေါ့။”လို့ ပြောပါတယ်။

ကွိုင်ငံရေထွက်ပေါက်ကနေ ရေသွယ်တဲ့ချောင်းတူးဖော်တဲ့ အခါမှာ ဒေသခံတွေရဲ့လယ်ယာမြေ အချို့နဲ့ချောင်းဘေးမှာရှိတဲ့ သစ်ပင်ကြီးတွေ ပျက်စီးသွားတဲ့ အတွက် လတ်တလောမှာ ချောင်းပေါင်တွေကနေ မြေပြိုမှုတွေ ဖြစ်ပေါ်နေပါတယ်။ အဆိုပါ မြေပြိုမှုတွေထပ်ပြီးတော့ မဖြစ်ဖို့အတွက် ဒေသခံတွေကချောင်းဘေးမှာ သစ်ပင်တွေပြန်လည်စိုက်ပျိုးပေးဖို့အတွက် တောင်းဆိုနေတာဖြစ်ပါတယ်။

ကွိုင်ငံရေထွက်ပေါက်ကနေ တစ်ခြားရွာတွေကိုရေလွဲပေးဖို့အတွက် ချောင်းကို ၂၀၁၉-၂၀၂၀ဘဏ္ဍရေးနှစ်မှာ ရေစီးရေလာ ပိုမိုကောင်းမွန်ဖို့အတွက် နကိုယ်ရှိပြီးသား ငူးပလော့ဆည်သို့သွားတဲ့ချောင်းကို ထပ်မံပြီးတော့ ပြင်ဆင်တူးဖော်ခဲ့တာဖြစ်ပါတယ်။

ရေမြောင်းကိုပြင်ဆင်တူးဖော်တဲ့ အခါမှာ ဒေသခံတွေရဲ့လယ်ယာမြေတွေလဲ တစ်ချို့တစ်ဝက်က ချောင်းဖော်တဲ့အထဲမှာပါသွားခဲ့တယ်လို့သိရပါတယ်။

spot_img
spot_img

Recent posts