spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ခမရ ၄၂၇ တပ်ထဲကနေ ထွက်လာတဲ့ ဒန်ဘာကား မိုင်းနင်းမိပြီး တိမ်းမှောက်

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ယမန်နေ့ ဇန်နဝါရီလ ၂၆ ရက်နေ့မှာ ဒီးမော့ဆိုမြို့က ငွေတောင်အခြေစိုက် ခမရ ၄၂၇ တပ်ထဲကနေ ထွက်လာတဲ့ ဒန်ဘာကားတစ်စီး မိုင်းနင်းမိပြီး တိမ်းမှောက်သွားခဲ့တယ်လို့ ကရင်နီတပ်မတော် စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က အထိအခိုက်ရှိနိုင်ပေမယ့် အတိအကျမသိရသေးဘူးလို့ ဗိုလ်မှူးကြီး ဘုန်းနိုင်က ဆက်ပြောပါတယ်။

“ဒီနေ့က ၄၂၇ တပ်ရင်း ကနေပြီးတော့မှ ဒန်ဘာတစ်စီးထွက်လာတယ်တဲ့ အဲဒါကျနော်တို့ မိုင်းနင်းပြီးတော့မှ အဲဒီမှာ ခံနေတယ်ပေါ့လေ။ အဲဒါ အဲဒီလိုပဲ သူတို့ပို့လာတယ်လေ။ ဒါပေမယ့် အခြေအနေတော့ မပြောတတ်ဘူး။ မိုင်းထိတယ်ဆိုတာတော့ သေတာတော့ တချို့ရှိမှာပဲ။ ဒါပေမယ့် ဘယ်နှယောက်လဲဆိုတာကိုတော့ မပြောတတ်ဘူးလေနော။” လို့ သူက ပြောပါတယ်။

ဒန်ဘာကားအဝါရောင်နဲ့ တပ်ထဲက ထွက်လာတဲ့ စစ်ကောင်စီဟာ အရပ်သားယောင်ဆောင်ပြီး တပ်ထဲကနေ ထွက်ဖို့ ဆောင်ရွက်နေတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

“သူတို့စစ်ကားတွေလည်း လွန်ခဲ့တဲ့နှစ်တုန်းကလည်း ကျနော်တို့ အများကြီး ဖျက်စီးလိုက်ရတယ်လေ။ နောက်မှ ကျနော်တို့ လည်း တိုက်ရင်လည်း တချို့က ကားကို သိမ်းယူရတာတွေလည်း ရှိတယ်လေ။ ကျနော်တို့ ဒီ ၂၀၂၂မှာက ၁၇စီး၊ ၁၈ စီးလောက် ဖျက်စီးနိုင်တယ်ပေါ့။ သိမ်းယူဖျက်စီးနိုင်တယ်။ ကျနော်တို့က လေးစီး၊ ငါးစီးလောက် အသုံးပြုနိုင်တယ်ပေါ့။ နောက်ပြီးတော့ ဘက်ဖိုး ၂စီး ဒန်ဘန်ကားနှစ်စီး တင့်ကားတစ်စီး ဖျက်စီးနိုင်တယ်ပေါ့။ ၂၀၂၂အတွင်းမှာပေါ့နော။ အဲတော့ သူတို့က စစ်ကားနဲ့အသုံးပြုတယ်ဆိုရင် ကျနော်တို့က သိတော့ သူတို့က အယောင်ဆောင်ပြီးတော့မှ အရပ်ဖက်ကားကို အသုံးပြုနေတယ်။ ဒန်ဘာကားက ရိုးရိုးယူပြီးတော့မှ ထင်ယောင်ထင်မှားဖြစ်အောင် သူတို့ လုပ်တာပေါ့။ ဒါပေမယ့် စစ်တပ်ဟာ အသုံးပြုတယ်ဆိုတာ ကျနော်တို့ သိတယ်လေ။ အခုလည်း ပေါ်နေတယ်ပေါ့နော အဲဒီလိုမျိုးထွက်လာတော့ နင်းတယ်ဆိုတော့ စစ်တပ်တော့ ပါပြီးသားပဲ။” လို့ သူက ပြောပါတယ်။

စစ်ကောင်စီရဲ့ ခမရ ၄၂၇ တပ်ကနေ ထွက်လာတဲ့ ဒန်ဘာကား မိုင်းထိနင်းမိပြီး ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကန္တာရဝတီတိုင်း( မ် ) အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ကရင်နီပြည် ဒီးမော့ဆိုမြို့မှာ နေ့စဉ်နီးပါး စစ်ကောင်စီနဲ့ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေပြီး ဒီးမော့ဆိုအခြေစိုက် ခမရ ၄၂၇ နဲ့ ခလရ ၁၀၂ တပ်တို့ကနေ လက်နက်ကြီး မကြာခဏ ပစ်ခတ်လေ့ရှိပါတယ်။ အဲဒီလိုပစ်ခတ်ရာမှာ အရပ်သားတွေနေထိုင်တဲ့ စစ်ရှောင်နေရာတွေအထိ ကျရောက်ပြီး ဒေသခံတွေ ထိခိုက်သေဆုံးရတာတွေ အများအပြားရှိနေပါတယ်။

spot_img
spot_img

Recent posts