spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ခရီးသည်တင်ဆောင်တဲ့ယာဉ်လိုင်း မပြေးဆွဲသေး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

လတ်တလောဖြစ်ပွားနေတဲ့ COVID-19 ရောဂါဖြစ်ပွားနေတဲ့ကာလအတွင်းမှာ သင်္ကြန်မတိုင်ခင်ကတည်းက ခရီးသည်ယာဉ်လိုင်းပြေးဆွဲမှုရပ်နားထားပြီး လက်ရှိအချိန်ထိ ယာဉ်လိုင်းမပြေးဆွဲသေးဘူးလို့ သိရပါတယ်။

“ဒီကာလမှာပြေးဆွဲနေတဲ့ကားလိုင်းတော့မရှိဘူး။ ကယားပြည်နယ်မှာကုန်ဈေးနှုန်းမမြင့်တက်ဖို့ကို လူမတင်ဘဲနဲ့ ကားကိုတခါတလေလွှတ်ပြီးတော့ နေပြည်တော်ဖက်ကို ကုန်းဈေးသယ်တာတော့ ရှိကောင်းရှိတယ် နောက်ပြီးတော့ လွိုင်ကော်-တောင်ကြီးပြေးဆွဲနေတဲ့ ငြိမ်းချမ်းမိုးလိုင်းတစ်လိုင်းတော့ရှိတယ် ကုန်ပဲပေါ့ လူမပါဘူးအဲဒါတော့ “ လွိုင်ကော်မြို့ ပုဂ္ဂလိကမော်တော်ယာဉ်လုပ်ငန်းများ စနစ်တကျကြီးကြပ်ရေးကော်မတီဥက္ကဌ ဦးစံအေးက ပြောပါတယ်။

လတ်တလောဖြစ်ပွားနေတဲ့ COVID-19 ရောဂါထိန်းချုပ်ကာကွယ်နိုင်ဖို့အတွက် ပြည်နယ်အစိုးရက မတ်လ ၁၅ ရက်နေ့အထိ ဒေသန္တရအမိန့်ကြော်ငြာစာတွေထုတ်ထားတာကြောင့် ခရီးစဉ်ပြေးဆွဲနေတဲ့ ယာဉ်လိုင်းအနေနဲ့ ပြေးဆွဲမှုကို ခေတ္တရပ်နားထားတာဖြစ်ပါတယ်။

“ကားလိုင်းမထွက်ရဘူးဆိုတာက တခြားပြည်နယ်နဲ့တိုင်းနဲ့လည်းဆက်စပ်တာရှိတာပေါ့ ဥပမာ မန္တလေးတိုင်းဆိုရင် တခြားပြည်နယ်တိုင်းက ယာဉ်လိုင်းတွေကိုကန့်သတ်ထားတာရှိတယ် ရန်ကုန်တော့မကန့်သတ်ဘူး သို့သော်ငြားလည်း မန္တလေးကန့်သတ်ထားတဲ့အတွက် လွိုင်ကော်ကနေ မန္တလေးကိုသွားတဲ့ကားဆိုရင် သွားလို့မရဘူးပေါ့နော ရန်ကုန်ကကန့်သတ်ထားတာမရှိဘူး သွားလို့ရတယ် သို့သော်လည်း ကျတော်တို့ဆီမှာ ပြီးခဲ့တဲ့ ၁၀ရက်လောက်က ကျတော်တို့အစိုးရအဖွဲ့ကနေ ၈/၂၀၂၀ထုတ်ထားတဲ့ထဲမှာ ၃ချက်ထုတ်ထားတာပေါ့နော ပထမတစ်ချက်က ပိုးတွေ့တဲ့ဒေသပေါ့ ပြည်နယ်/တိုင်းကနေ ဒီကိုလာမယ်ဆိုရင် ဘာနဲ့ပဲလာလာ ၂၁ရက် Facility Quarantine ဝင်ရမယ် မပြီးသေးဘူး အိမ်မှာလည်း (၇)ရက် Home Quarantine ဝင်ရမယ် အဲဒါအပိုင်း(က)ပေါ့ ဒုတိယတစ်ခုက ပိုးတွေ့တဲ့ဒေသမဟုတ်တဲ့နေရာကလာတယ်ဆိုရင်တော့ ကျန်းမာရေးစစ်ပြီးမှ လိုအပ်မှပဲ Quarantine ဝင်ရမယ်။ နေ့ချင်းပြန်လာတဲ့ကိစ္စတွေရှိမယ် ညမအိပ်ဘူးဆိုရင် ကိုယ်သက်ဆိုင်ရာဝင်လာတဲ့လမ်းကြောင်းမှာ မှတ်တမ်းတင် ပြီးတော့ ညနေပြန်ထွက်တဲ့အခါ သတင်းပြန်ပို့ပြန်ထွက် ဒါကနေ့ချင်းပြန်အတွက်တွေပေါ့ အဲဒါကြောင့် Quarantine ဝင်စရာမလိုဘူးပေါ့နော။ အဲလိုသုံးချက်နဲ့နောက်ဆုံးအမိန့်ထုတ်ထားတာပေါ့ အဲဒီအမိန့်သည် အခုထက်ထိအတည်ဖြစ်နေသေးတာပေါ့” လို့ လမ်းပန်းဆက်သွယ်ရေးနှင့်လျှပ်စစ်ဝန်ကြီး ဦးခင်မောင်ဖြူက မတ်လ ၇ ရက်နေ့က ပြောဆိုထားပါတယ်။

ပြည်နယ်အတွင်း ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေကိုလည်း ဈေးနှုန်းမတက်ဖို့ ထိန်းညှိထားသလို လက်ရှိမှာလည်း မည်သည့်ယာဉ်လိုင်းမှမပြေးဆွဲဘူးလို့ သိရပါတယ်။

လွိုင်ကော်မြို့ ပုဂ္ဂလိကမော်တော်ယာဉ်လုပ်ငန်းများ စနစ်တကျကြီးကြပ်ရေးကော်မတီ ဒုဥက္ကဌဦးသန်းအေးက”ကယားပြည်နယ်အတွင်းမှာလက်ရှိအနေအထားမှာ ဈေးနှုန်းတက်တစ်လိုင်းမှမရှိသေးပါဘူး ထိန်းနိုင်သလောက်တော့ဝိုင်းပြီးထိန်းထားတာပေါ့နော။ ပြေးဆွဲတာကလည်း အားလုံးရပ်နားထားပါတယ် ပြည်နယ်အစိုးရရဲ့ညွှန်ကြားချက်နဲ့ပေါ့နော။ အားလုံးယာဉ်လိုင်းတွေရပ်နားထားတဲ့အတွက်ကြောင့် ဘယ်လိုင်းမှမပြေးဆွဲသေးပါဘူး” လို့ဆိုပါတယ်။

မတ်လ ၁၅ ရက်နေ့မတိုင်ခင်အထိ ခရီးစဉ်အားလုံးရပ်နားထားပေမယ့်လည်း ကုန်စည်သယ်ယူပို့ဆောင်ရေးအတွက် ယာဉ်တွေကိုတော့ မြို့နယ်အုပ်ချုပ်ရေးရုံးမှာ ယာဉ်ထွက်ခွင့်လက်မှတ် ရယူပြီးမှသာ ထွက်ခွင့်ရှိတယ်လို့သိရပါတယ်။

COVID-19 နဲ့ပတ်သက်ပြီး ယာဉ်မောင်းများအတွက် ကျန်းမာရေးအသိပညာ နဲ့ ရောဂါမကူးစက်အောင် ကာကွယ်ရေးအစီအမံများ ဆောင်ရွက်ဖို့အတွက် အချက် ၅ ချက်ကို ပြည်နယ်အစိုးရက ဧပြီလ ၈ ရက်နေ့ ညွှန်ကြားခဲ့ပါတယ်။

ညွှန်ကြားချက် ၅ချက်ကတော့ ယာဉ်မောင်းတိုင်း Mask တပ်ဆင်မောင်းနှင်ရန်၊ ယာဉ်ပေါ်အတက်/အဆင်းတိုင်း လက်သန့်စင်ဆေးရည်ဖြင့် ဆေးကြောရန်၊ ခရီးသည်တင်ယာဉ်ဖြစ်ပါက ခရီးသည်များ Mask တပ်ဆင်ရန်၊ ယာဉ်ပေါ်ရှိထိုင်ခုံများတွင် ခရီးသည်များနေရာယူရာ၌သတ်မှတ်အကွာအဝေးရှိစေရန်၊ မော်တော်ယာဉ်များတစ်ခေါက်ပြေးဆွဲပြီးတိုင်း ပိုးသတ်ဆေးဖြန်းရန် စတဲ့အချက်တွေပဲဖြစ်ပါတယ်။

ကယားပြည်နယ်မှာ နယ်နီး/နယ်ဝေး ခရီးစဉ်ပြေးဆွဲနေတဲ့ ယာဉ်လိုင်းပေါင်းအားလုံး ၇၀ကျော်ရှိပြီး ယာဉ်လုပ်သား ၆၀၀ကျော်ရှိတယ်လို့သိရပါတယ်။

spot_img
spot_img

Recent posts