Kayaw Radio May 2nd Week

အပတ်စဉ် တင်ဆက်နေကျ တိုင်းရင်းသားဘာသာ ရေဒီယို အစီအစဉ် (ကယော)
(အင်္ဂါနေ့ ည ၇ နာရီတိုင်း)
ယခု တစ်ပတ်မှာတော့ တိုင်းရင်းသားကျန်းမာရေးအဖွဲ့တွေအနေနဲ့ ကိုဗစ်ကာကွယ်ရေးဆိုင်ရာ
ပစ္စည်းတွေ၊နည်းပညာတွေလိုအပ်ချက်ရှိတယ် ဆိုတဲ့ သတင်း၊ ဒေသခံတွေ သဘောမတူတဲ့အတွက် ခဲတ္တုတူးဖော်မည့်ကိစ္စဆက်လုပ်ရန် အစီစဉ်မရှိတော့ဘူး ဆိုတဲ့ သတင်းနှင့် “အိမ်ရှင်မတို့၏ အိမ်မက်” ဆိုတဲ့ ဆောင်းပါးလေးအပြင် ကယောလူမျိုးတို့၏တောင်ယာ စူးထိုးခြင်း အကြောင်းတို့ကို ထုတ်လွှင့် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

Comments

comments

Next Post

ခရီးသည်တင်ဆောင်တဲ့ယာဉ်လိုင်း မပြေးဆွဲသေး

Wed May 13 , 2020
ကန္တာရဝတီတိုင်း(မ်) လတ်တလောဖြစ်ပွားနေတဲ့ COVID-19 ရောဂါဖြစ်ပွားနေတဲ့ကာလအတွင်းမှာ သင်္ကြန်မတိုင်ခင်ကတည်းက ခရီးသည်ယာဉ်လိုင်းပြေးဆွဲမှုရပ်နားထားပြီး လက်ရှိအချိန်ထိ ယာဉ်လိုင်းမပြေးဆွဲသေးဘူးလို့ သိရပါတယ်။ “ဒီကာလမှာပြေးဆွဲနေတဲ့ကားလိုင်းတော့မရှိဘူး။ ကယားပြည်နယ်မှာကုန်ဈေးနှုန်းမမြင့်တက်ဖို့ကို လူမတင်ဘဲနဲ့ ကားကိုတခါတလေလွှတ်ပြီးတော့ နေပြည်တော်ဖက်ကို ကုန်းဈေးသယ်တာတော့ ရှိကောင်းရှိတယ် နောက်ပြီးတော့ လွိုင်ကော်-တောင်ကြီးပြေးဆွဲနေတဲ့ ငြိမ်းချမ်းမိုးလိုင်းတစ်လိုင်းတော့ရှိတယ် ကုန်ပဲပေါ့ လူမပါဘူးအဲဒါတော့ “ လွိုင်ကော်မြို့ ပုဂ္ဂလိကမော်တော်ယာဉ်လုပ်ငန်းများ စနစ်တကျကြီးကြပ်ရေးကော်မတီဥက္ကဌ ဦးစံအေးက ပြောပါတယ်။ လတ်တလောဖြစ်ပွားနေတဲ့ COVID-19 ရောဂါထိန်းချုပ်ကာကွယ်နိုင်ဖို့အတွက် ပြည်နယ်အစိုးရက မတ်လ ၁၅ ရက်နေ့အထိ ဒေသန္တရအမိန့်ကြော်ငြာစာတွေထုတ်ထားတာကြောင့် ခရီးစဉ်ပြေးဆွဲနေတဲ့ ယာဉ်လိုင်းအနေနဲ့ ပြေးဆွဲမှုကို ခေတ္တရပ်နားထားတာဖြစ်ပါတယ်။ “ကားလိုင်းမထွက်ရဘူးဆိုတာက တခြားပြည်နယ်နဲ့တိုင်းနဲ့လည်းဆက်စပ်တာရှိတာပေါ့ ဥပမာ မန္တလေးတိုင်းဆိုရင် တခြားပြည်နယ်တိုင်းက ယာဉ်လိုင်းတွေကိုကန့်သတ်ထားတာရှိတယ် ရန်ကုန်တော့မကန့်သတ်ဘူး သို့သော်ငြားလည်း မန္တလေးကန့်သတ်ထားတဲ့အတွက် လွိုင်ကော်ကနေ မန္တလေးကိုသွားတဲ့ကားဆိုရင် […]