spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ခရီးသွားလုပ်ငန်းကော်မီတီ ဖွဲ့စည်းမှုတွင် ပွင့်လင်းမြင်သာမှုအားကောင်းရန် လိုအပ်နေ

Author

Date

Category

မူအက်စတာ

လက်ရှိကယားပြည်နယ်တွင် ခရီးသွားလုပ်ငန်း ကော်မတီတစ်ရပ် ဖွဲ့စည်းလိုက်ပြီဟု သိရသော်လည်း ကော်မတီဖွဲ့စည်းရာတွင် ပွင့်လင်းမြင်သာမှုအားကောင်းရန် လိုအပ်နေကြောင်း ကယားပြည်နယ် ခရီးသွားလုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး၊ 9 Generation Force မှ Managing Director ကိုနေမိုးအောင်ကပြောသည်။

ခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေး ကျင်းပစဉ် – ဓါတ်ပုံ(ဆြာချစ် Facebook)

၎င်းကော်မတီထဲတွင် မည်သူကို မည်သည့်စံနှုန်းနှင့် ဖွဲ့စည်းလိုက်သည်ကို မသိရှိလိုက်ရကြောင်းနှင့် ကော်မတီဖွဲ့စည်းရာတွင် ပွင့်လင်းမြင်သာမှု လိုအပ်နေသေးကြောင်း ပြောဆိုသွားပါသည်။

̏ ဒါပေမယ့် ရှင်းရှင်းပြောရရင် ဘယ်သူတွေနဲ့ ဘယ်လိုစံနှုန်းတွနဲ့ ဖွဲ့လဲ၊ ဘယ်လိုနည်းဥပဒေတွေနဲ့ ဖွဲ့လည်းဆိုတာ ကျွန်တော်တို့ဘာမှမသိခဲ့တဲ့ ပြဿနာတစ်ခု ရှိခဲ့တယ်ပေါ့။ ပြဿနာဆိုတာထက် ကျွန်တော်တ်ို့ ပေါင်းစပ်မှုဆိ်ုတဲ့နေရာမှာ နည်းနည်းပွင့်လင်းမြင်သာမှုတွေ ရှိဖို့ လိုသေးတယ်ပေါ့။ ˝ ဟု ပြောသည်။

လူထုအခြေပြုခရီးသွားလုပ်ငန်း (CBT) ကော်မတီဖွဲ့စည်းသည့်အချိန်တွင် ကျေးရွာအတွင်းရှိ ခရီးသွားလုပ်ငန်းဦးဆောင်သူများ အပါအဝင် ဒေသတွင်းရှိ တတ်သိပညာရှင်များပါ ဖွဲ့စည်းပေးသင့်ကြောင်း ပြီးခဲ့တဲ့ဇွန်လ ၆ရက်နေ့ကနေ ၈ ရက်နေ့အထိ ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင်ကျင်းပသည့် အမျိုးသားအဆင့် ခရီးသွားညီလာခံကြီး တက်ရောက်လာသူများက ပြောဆိုဆွေးနွေး အကြုံပြုသွားခဲ့ကြသည်။

ကော်မတီစတင်ဖွဲ့စည်းသည့်အချိန်တွင် ပြည်ထောင်စုအဆင့်မှညွန်ကြားလာမှုဖြင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီး ဦးမော်မော်မှ အလောတကြီးဖွဲ့လိုက်ရသည်ဟု ကြားသိရကြောင်း လွိုင်ကော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ခင်စည်သူက ပြောပါသည်။

̏ အလောတကြီးဖွဲ့လိုက်ရတယ်ဆိုပြီး ဝန်ကြီးဦးမော်မော်က ရှင်းပြသွားတာကို သူ့ရဲ့မိန့်ခွန်းမှာ ကြားပါတယ်။ ဒါကြောင့်မို့လို့ အလောတကြီးကတော့ ဖွဲ့ပေးလိုက်ပါတယ်လို့တော့ ပြောတယ်ပေါ့နော၊ ဒါပေမယ့် ထွက်လာတဲ့ ဥပဒေတွေက (Decentralize) ဆိုတော့ အပေါ်ကလူကြီးတွေပဲ မဟုတ်ဘဲနဲ့ တကယ် (Community)လူထုအလွှာအသီးသီးရဲ့ ကိုယ်စားပြုတဲ့လူလေးတွေ ဖွဲ့စည်းပေးပါလို့ ကျွန်မ မေတ္တာရပ်ခံချင်ပါတယ်။˝ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ခင်စည်သူက ပြောကြားခဲ့သည်။

Advertisement

ခရီးသွားကော်မတီကို ဇွန်လ ၅ ရက်နေ့၂၀၁၉ခုနှစ်တွင် ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး ကော်မတီ အစည်းအဝေးကို ဇွန်လ ၁ဝရက်နေ့ ၂၀၁၉ခုနှစ်တွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေး ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည် ဟုသိရသည်။

ခရီးသွား ကော်မတီကို ဥက္ကဌ (ပြည်နယ်ဝန်ကြီးချုပ်)၊ ဒုတိယဥက္ကဌ (စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်)၊ အတွင်းရေးမှူးအနေဖြင့် (ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး) ၊ ကော်မတီ ဝင်များမှာ သက်ဆိုင်ရာဌာနများ၊ ပုဂ္ဂလိက ခရီးသွားလုပ်ငန်းများပါရှိသည်ဟု သိရသည်။

spot_img
spot_img

Recent posts