spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ခလရ (၁၀၂)တပ်ထဲ ဆင်းသက်ဖို့လာတဲ့ စစ်ကောင်စီ ရဟတ်ယာဉ်တစ်စီး ပစ်ခတ်ခံရပြီး ပြန်လည်ထွက်ခွာသွား

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ မတ်လ ၁၆ ရက်နေ့ နေ့လည် ၁ နာရီ အချိန်မှာ ကရင်နီပြည် ဒီးမော့ဆိုအခြေစိုက် ခလရ ၁၀၂ တပ်ထဲကို ဆင်းသက်ဖို့ လုပ်နေတဲ့ စစ်ကောင်စီရဲ့ ရဟတ်ယာဥ်တစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေက ပစ်ခတ်ခဲ့လို့ မဆင်းသက်နိုင်ဘဲ ပြန်လည် ထွက်ခွာသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နေ့လည် ၁ နာရီအချိန်မှာ ရဟတ်ယာဉ်တစ်စီးပျံဝဲခဲ့ပြီး မိနစ် ၂၀ ကျော်ကြာအောင် ၁၀၂ တပ်ရဲ့ ပတ်ပတ်လည်မှာ ပျံဝဲနေခဲ့တာ ဖြစ်ပါတယ်။

“ပထမတစ်ခေါက်လာဆင်းဖို့လုပ်တယ်။ ပစ်ခံရတော့ ပြန်တက်သွားတယ်။ပြီးတော့ ပြန်လာတယ်။ ၃ ခါတိတိ ပဲ။ နောက်ဆုံးမရတော့ သူပြန်လှည့်သွားတယ်။အပေါ်ကနေလည်း ပြန်ပစ်ချတဲ့ အသံလည်းကြားတယ်”လို့ ဒီးမော့ဆို အရှေ့ဘက်ခြမ်းက ဒေသခံတစ်ဦးက ပြောပါတယ်။

ရဟတ်ယာဉ်တစ်စီး ပြန်လည်ထွက်ခွာပြီး မိနစ်ပိုင်းအကြာမှာ ခလရ ၁၀၂ တပ်မှ လက်နက်ကြီး ၆ လုံးခန့် ဒီးမော့ဆို အရှေ့ဘက်ခြမ်းကို ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကင်းထောက်လေယာဥ် တစ်စီးလည်း ထပ်မံ ပျံဝဲနေတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts