spot_imgspot_imgspot_imgspot_img
Sunday, July 13, 2025
spot_imgspot_imgspot_imgspot_img

ခုံးဟန့်ကျေးရွာအနီးတိုက်ပွဲမှာ စစ်ကောင်စီဖက် ဗိုလ်ကြီးတစ်ဦး အပါအဝင် ၅ဦးသေဆုံး၊ လက်နက်တချို့သိမ်းဆည်းရမိ

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည်၊ ဘောလခဲခရိုင် ဖားဆောင်းမြို့နယ်၊ ခုံးဟန့်ကျေးရွာအနီးကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ အောက်တိုဘာလ ၄ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ဗိုလ်ကြီးတစ်ဦးအပါအ၀င် ၅ဦးသေဆုံးခဲ့ပါတယ်။

မနက် (၆)နာရီဝန်းကျင်ကနေစပြီး တစ်နာရီကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ အဲဒီတိုက်ပွဲအတွင်း  စစ်ကောင်စီရဲ့ လက်နက်တချို့ကို တော်လှန်ရေးတပ်ဖွဲ့ဘက်က သိမ်းဆည်းရမိခဲ့တယ်လို့ ဖာဆောင်း PDF က ဒီကနေ့ အောက်တိုဘာလ ၉ရက်နေ့မှာ သတင်းထုတ်ပြန်ထားတာပါ။

“အဓိကကတော့ စစ်ကြောင်းထိုးလာတာပေါ့နော်။ ဖားဆောင်းတံတားထိပ်ကနေပြီးတော့မှ စစ်ကြောင်းထိုးလာတယ်။ အဲ့တာကို ကျနော်တို့ အဲ့ဖက်မှာရှိနေတဲ့ တော်လှန်ရေးအင်အားစုဖြစ်တဲ့ ကျနော်တို့ တပ်ရင်းအနေနဲ့ တပ်ဖွဲ့စုတွေနဲ့ ထိတွေ့မှု‌ဖြစ်တာပေါ့။ ပြီးတော့ သူတို့ ကတော့ ပြန်ဆုတ်သွားတယ်။ ပြန်ဆုတ်ပြီးမှ ဖာဆောင်းထဲကိုပြန်ဝင်သွားတယ်ပေါ့။  တိုက်ပွဲဖြစ်ပွားတာကတော့ တစ်နာရီလောက်ပဲကြာပါတယ်။ ကျနော်တို့ ကြည့်ရတာကတော့ သူတို့ရဲ့ စစ်ကြောင်းမှူးနဲ့တူတယ်။ သူတို့ရဲ့ စစ်ကြောင်းမှူးပေါ့နော် ဗိုလ်ကြီး ၃ပွင့်နဲ့ စစ်ကြောင်းမှူးကျသွားတယ်ပေါ့။ အဲ့တော့ စစ်ကြောင်းမှူး ဗိုလ်ကြီး ၃ပွင့်နဲ့ ကျသွားတာကိုလည်း ကျနော်တို့ မျက်မြင်တွေ့လိုက်ရတယ်။စစ်ကြောင်းမှူးကျသွားတော့ စစ်ကြောင်းတစ်ကြောင်းလုံး နောက်ပြန်ဆုတ်ပြီး အထဲပြန်ဝင်သွားတယ်ပေါ့။ အခုချိန်ထိ လည်းပဲ စစ်ကြောင်းထပ်မထိုးနိုင်ဘူး။”လို့ ဘောလခဲခရိုင် PDF တာဝန်ရှိသူတစ်ဦးက ကန္တရဝတီတိုင်း(မ်)ကို ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ MA1တစ်လက်၊ MA2 တစ်လက်၊ MA4 တစ်လက်သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲမှာ အလယ်ပိုင်းတိုင်း ၊ ကယား(ကရင်နီ)စစ်ဒေသ၊  ဘောလခဲခရိုင်ပြည်သူ့ကာကွယ်ရေးတပ်များဖြစ်တဲ့ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်(အမှတ်-၁၁၀၅)၊ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ် (အမှတ်-၁၁၀၈) တပ်ရင်းအပြင် DMO Local PDF တပ်ရင်း(၂)၊ KA ပြောက်ကျားတပ်ဖွဲ့၊ က လ လ တ (၄၈၇၈/ ၇၈၉၄/ ၉၄၂၀) စတဲ့ တပ်ရင်း ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

spot_img

Recent posts