spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ခဲခိုးတူးနေကြသူများကို အရေးမယူပါက ရပ်ကွက်တွင်းနေထိုင်ခွင့်ပိတ်ပင်မည်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

မော်ချီးဒေသရှိ ကျေးရွာများအနီးအနားရှိ အန္တရာယ်ဇုန်နယ်မြေတွင်းတွင် ခဲခိုးတူးနေကြသည့်သူများကို ကျေးရွာရှိ လူငယ်များက လိုက်လံဖမ်းဆီးပြီး သက်ဆိုင်ရာက ထိရောက်သည့်အရေးယူမှု မလုပ်ပါက ရပ်ကွက်တွင်းနေထိုင်ခွင့်ပိတ်ပင်သွားမည်ဖြစ်ကြောင်း ယူကော်ခို (၁၃) ကုန်းရပ်ကွက်နေ လူငယ်ခေါင်းဆောင်စောနေထူး ကဆိုသည်။

” ခဲခိုးတူးနေတယ်လို့ကြားတာနဲ့ ကျနော်တို့က ချက်ချင်းလိုက်ဖမ်းတယ်၊ သတိပေးတာတွေလုပ်တယ် ၊ ဒါပေမဲ့မရဘူး ညဘက်တွေဆို ဓာတ်မီးနဲ့ခိုးတူးနေကြတာဘဲ ၊ သက်ဆိုင်ရာကုမ္ပဏီက အရေးမယူဘူးဆိုရင်တော့ ကျနော်တို့က နောက်ထပ်ဖမ်းမိမယ်ဆိုရင် ရပ်ကွက်နားမှာ လာရောက်နေထိုင်ခွင့်ကို ပိတ်ပင်သွားမယ်၊ သူတို့ကိုပေးမနေတော့ဘူး” ဟု စောနေထူးက ပြောသည်။

ယခုလို အန္တရာယ်ဇုန်အတွင်း မပြုလုပ်ရန် သတိပေးထားသည့်ကြားမှ ဆက်လက်ခိုးတူးနေကြသည့်သူအများစုသည် ရပ်ဝေးမှ လာရောက်အလုပ်လုပ်နေသူများကြောင်း ဆိုပါသည်။

ကျေးရွာဝန်းကျင်ရှိ အန္တရာယ် ဇုန် အဖြစ်သတ်မှတ်သည့်နေရာများတွင် ခဲတူးဖော်ခြင်း၊ ချောင်းခဲများဆွဲခြင်းတို့ကြောင့် တောင်ပျိုမှုတွေဖြစ်ပေါ်နေပြီး သက်ဆိုင်ရာမှ ဆက်လက်ထိန်းသိမ်းခြင်းမရှိပါက ခြေအနေပိုးဆိုးလာနိုင်ကြောင်း မော်ချီးဒေသအခြေစိုက် ပပွာကလူ အမျိုးသမီးအဖွဲ့ ဥက္ကဌ နော်မာဂရက်စိန်က ကန္နာရဝတီထိုင်းမ်းသို့ပြောသည်။

သူမက ” အန္တရာယ်ရှိတဲ့နေရာမှာ ခဲခိုးတူးတယ် ချောင်းခဲဆွဲတယ်ဆိုတော့ အောက်ခြေက တိုက်စားတဲ့အတွက် တောင်ပြိုကျတာတွေဖြစ်လာတယ် … သက်ဆိုင်ရာကုမ္ပဏီတာဝန်ရှိသူတွေကို အရေးယူဆောင်ရွက်ပေးဖို့ ပြောတော့လည်း ဒါသူတို့စားဝတ်နေရေးဘဲလို့ပြန်ပြောတယ်လေ ” ဟုဆိုသည်။

ကျောက်ပန်းတောင်းဘက်ကနေ အလုပ်လာရောက်လုပ်ကိုင်နေသည့် လူငယ်တစ်ဦးဖြစ်သူ မောင်လင်းလင်းက ၎င်းတို့အနေဖြင့် စားဝတ်နေရေးအရ လုပ်ကိုင်နေရတာဖြစ်ပြီး အန္တရာယ်ကြားကနေ လုပ်ကိုင်နေရကြောင်းပြောသည်။

” ကျနော်တို့ဒေသဘက် စားဝတ်နေရေး အရမ်းကျပ်တည်းလို့ ဒီအလုပ်လုပ်ရတာပါ။ အန္တရာယ်ရှိတာသိပေမဲ့ ရရင်ရသလိုလုပ်နေရတာဘဲလေ မတတ်နိုင်ဘူး”ဟုပြောသည်။

မော်ချီး ဒေသကို ဦးပိုင် ၊ KMPC နှင့်ရဲထွဋ်ကျော်ကုမ္ပဏီတို့က ဦးဆောင်လုပ်ကိုင်နေတာဖြစ်ပြီး ဒေသတွင်းရွေ့ပြောင်း လုပ်ကိုင်နေထိုင်သူဦးရေ မည်မျှရှိသည်ကို အတိအကျမသိရသော်လည်း ထောင်ဂဏန်းရှိနိုင်ကြောင်း ဒေသခံများက ခန့်မှန်းကြသည်။ ပြီးခဲ့သည့်သြဂုတ်လအတွင်း တောင်ပျိုမှုကြောင့် လူနေအိမ်၊ လုပ်ငန်းခွင်တဲအိမိးများ ပျက်စီးခဲ့သလို ခဲကျင်းပိခြင်းများဖြစ်ပေါ်ခဲ့သေးသည်။

spot_img
spot_img

Recent posts