spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ခြေထောက်ဆုံးရှုံးလိုက်ရတဲ့ ရဲဘော်တွေရဲ့ ရှေ့တန်းရောက် ရဲဘော်တွေကို ခွန်အားပေးစကားသံများ

ကန္တာရဝတီတိုင်း(မ်)

စစ်တပ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှာ ဒေသတွင်း ခုခံတော်လှန်ရေးပေါ်ပေါက်လာပြီး ပြည်နယ်တွင်းက ဒေသခံလူငယ်တွေဟာ စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်လျက် ရှိကြပါတယ်။ အဲ့ထဲမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) မှာ တပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ရဲဘော်တွေဟာ ရှေ့တန်းတိုက်ပွဲအတွင်း စစ်ကောင်စီထောင်ထားတဲ့ မိုင်းနင်းမိပြီး ခြေဆုံးရှုံးခဲ့ရသူလည်း ရှိနေတယ်။

ခြေထောက်ဆုံးရှုံးလိုက်ရပေမယ့် တော်လှန်ရေးမှာ တစ်ထောင့်တစ်နေရာကနေ ဆက်လက်ပါဝင်နေကြဆဲ ဖြစ်ပါတယ်။ လက်ရှိမှာ တော်လှန်ရေးကာလ ကာလကြာမြင့်လာတာနဲ့အမျှ တိုက်ပွဲဝင်နေကြတဲ့ ရှေ့တန်းရောက် ရဲဘော်ရဲဖက်တွေကို ခွန်အားပေးစကား ပြောဆိုထားတဲ့အသံကို ဖော်ပြပေးလိုက်ပါတယ်။

တင်လင်းအောင် (KNDF တပ်ရင်း-၉)

တင်လင်းအောင် (KNDF တပ်ရင်း-၉)

ကျနော်ရဲဘော်တာဝန်ထမ်းဆောင်ပါတယ်။ တာဝန်ထမ်းဆောင်ရင်းနဲ့ အခုလို ထိခိုက်ဒဏ်ရာရရှိခဲ့တာပါဗျာ။ ကျနော်ခုလို ထိခိုက်ဒဏ်ရာရရှိတာက သံဝေးပစ် ၁၂၀ ၊ ၁၂၀ အစလေးပေါ့နော်။ ကျနော် ဒီညာဘက်ခြေထောက် ပေါင်မှာတစ်ချက်လာထိသွားတယ်။ အဲ့ဒီအတွက် ကျနော် သွေးကလဲ သွေးထွက်တာလွန်သွားတော့ သွေးလဲမရှိတော့ဘူးကော အဲ့ဒီအတွက်မို့လို့ ခြေထောက်ဖြတ်လိုက်ရပါတယ်ဗျာ။ ကျနော်သူငယ်ချင်းတွေကိုပြောချင်တာကတော့ ကျနော်ပေးဆပ်ထားတာနဲ့ အတူ ကျနော်တို့ အသက်ရှိသေးတယ်။ ကျနော်တို့ ဘယ်တော့မှ ဇွဲမလျော့ဘူး အားလုံး ကရုစိုက်ကြပါ။ တစ်ယောက်တစ်နေရာပဲဖြစ်ဖြစ် ပါဝင်တဲ့ နေရာအရပ်တိုင်းပဲဖြစ်ဖြစ် အချိန်တိုင်း စက္ကန့်တိုင်းကို သတိမလွတ်စေနဲ့ မလင့်ဟာစေနဲ့ ကိုယ့်ရဲ့နေထိုင်မှု ကိုယ့်ရဲ့လုပ်ကိုင်မှု ကိုယ်ရဲ့ ပါဝင်မှုတိုင်းကို ကျနော်တို့ ယုံကြည်တဲ့ ဘုရားသခင် ကိုယ်တိုင်ရှိနေတယ်။ အဲ့အတွက် အစစအရာရာ ဂရုစိုက်ပေးကြပါလို့ ကျနော် အဲ့လိုပဲ စကားအားပေးချင်ပါတယ်ဗျာ။

ဖျားရယ် ( KNDF တပ်ရင်း – ၁၀ )

ဖျားရယ် ( KNDF တပ်ရင်း – ၁၀ )

ကျနော် တို့ Mission တစ်ခုသွားတယ်ပေါ့နော်။ အဲ့မှာ ကျနော်တို့ ကံဆိုးစွာနဲ့ပဲ အသွားမှာ နင်းမိကြတာပေါ့။ နှစ်ယောက်တောင် နင်းမိတယ် အဲ့မှာ သုံးယောက် ဒဏ်ရာရပြီး တစ်ယောက်ကျတယ်။ ဆက်ပြီးတော့ တောင့်ခံပေးကြပါ ကျနော်တို့ရဲ့ နောက်မှာ ပြည်သူတွေရှိနေတယ်ပေါ့နော်။ ပြည်သူတွေက ကျနော်တို့ဘက် ရပ်တည်နေသ၍ကတော့ တော်လှန်ရေးကအောင်မယ် ကျနော်တို့ယုံကြည်တယ်ပေါ့နော်။ အဲ့ကြောင့် ဆက်ပြီးတော့ အားတင်းကြပါ တောင့်ခံပေးကြပါ။

သန်းဆွေ ( KNDF တပ်ရင်း-၄)

သန်းဆွေ ( KNDF တပ်ရင်း-၄)

ကျနော်က နယ်မြေရှင်းလင်းရေး လိုက်ရင်းနဲ့ပေါ့ ဆရာတစ်ယောက်က ခေါ်လို့ နယ်မြေရှင်းလင်းရေး လိုက်ခဲ့တယ်။ လိုက်ရင်းနဲ့ မှ အဲ့လိုနဲ့မှ ဘယ်လိုထိသွားတာလဲ မသိဘူးပေါ့နော် ထိလိုက်တယ်ပေါ့နော်။ ရဲဘော်တွေက ခွန်အားပေးတယ်။ လှုပ်ရှားပါတယ် ကိုယ်ကိုယ်၌က အားတင်းရတာပေါ့။
ကျန်နေတဲ့ရဲဘော်တွေကလဲ စိတ်ဓာတ်မကျပါနဲ့ ကျနော်တို့အဲ့လိုဖြစ်တာ ကျနော်တို့ ဝဋ်ကြွေးနဲ့ ပေးဆပ်မှုတစ်ခုပဲပေါ့။ ပြီးတော့ ရှေ့မှာက ကိုယ်ထမင်းမစားရဘဲဖြစ်ဖြစ် ဘယ်လိုဘဲဖြစ်ဖြစ် အားမငယ်ကြပါနဲ့ပေါ့။ ကိုယ်ရောက်တဲ့နေရာအရပ်မှာ ကိုယ်တာဝန်ကျနေရာအရပ်မှာ ကိုယ်တာဝန်ကျတဲ့ ကဏ္ဍမှာ ကျေပွန်အောင် ထမ်းဆောင်နိုင်ဖို့လိုတယ်။ ကောင်းကောင်းမွန်မွန်နဲ့သွားကြပေါ့ ဂရုတစိုက် သတိထားနေကြပေါ့။ နောက်ထပ် မှာချင်တာ ပြောချင်တာ အဓိကတော့ ကျနော်တို့လိုမျိုး အဲ့လိုမျိုး မိုင်း ထပ်မထိဖို့ပေါ့။ အရှေ့နည်းနည်းကြည့်ပေါ့ မျက်စိလည်း ရှည်ရှည်ထားပေါ့။ ပြောချင်တာက ဘာလို့လဲဆိုတော့ မိုင်းတွေက မျက်စိတွေနဲ့ မြင်ရတာမဟုတ်တဲ့ အတွက်ကြောင့်မို့လို့ ကိုယ့်ကိုယ်ကို သတိထားပြီး သွားလာကြပေါ့နော။

အေးရီးနား (KNDF တပ်ရင်း – ၅ )

အေးရီးနား (KNDF တပ်ရင်း – ၅ )

ရှေ့တန်းရောက်နေတဲ့ ရဲဘော်တွေပေါ့နော် အားတင်းထားပေါ့နော်။ ကြိုးစားပေါ့ ဘယ်တော့မှ အားမလျော့ဘူး အရေးတော်ပုံလဲ အောင်တော့မှာပါ။

spot_img
spot_img